ဆီျမြန္နီလက္ေအာက္မွာ က်ရံႈးခဲ့ဖူးတဲ့ တိုက္စစ္မွဴး (၄)ဦး

Barca President Bartomeu on Neymar, Coutinho and Dembele

ျပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာ အက္သလက္တီကိုမက္ဒရစ္က တိုက္စစ္မွဴးေကာင္းအမ်ားအျပားကို ပိုင္ဆိုင္ခဲ့ပါတယ္။ အခ်က္အလက္ေတြအရ အက္သလက္တီကိုကေန တိုက္စစ္မွဴးေကာင္းေတြ ေပၚထြက္ခဲ့မႈကလည္း ထင္ရွားေက်ာ္ၾကားခဲ့ပါတယ္။ ဖာနန္ဒိုေတာရက္စ္၊ အဂူရိုတို႔ကေန ေဖာ္လန္၊ ဖယ္လ္ကာအို၊ ဒီေယဂိုေကာ္စတာ နဲ႔ ဂရစ္မန္းတို႔လို ကစားသမားေတြလည္း ပါ၀င္ခဲ့ပါတယ္။ ဒါေပမယ့္ ဆီျမြန္နီလက္ထက္မွာ က်ဆံုးခဲ့ရတဲ့ တိုက္စစ္မွဴးေတြလည္း ရွိခဲ့ဖူးပါတယ္။ လက္ရွိမွာ စံခ်ိန္တင္ေၾကးနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ဂ်ာအိုဖီးလစ္ကေရာ ဘယ္စာရင္းထဲမွာ ပါ၀င္သြားမလဲစိတ္၀င္စားစရာပါ။ ဆီျမန္နီလက္ထက္မွာ က်ရံႈးခဲ့ရတဲ့ တိုက္စစ္မွဴးေတြကေတာ့..။

‘4 years hard work’ – Morgan prepares for WC final vs England

ရာအူးလ္ဂ်ီမီနက္ဇ္

လက္ရွိမွာ သူ႔ကို ၀ုလ္ဗ္ကစားသမားအျဖစ္နဲ႔ ပိုမိုလူသိမ်ားေနၾကပါျပီ။ ျပီးခဲ့တဲ့ရာသီမွာ သူက ၀ုလ္ဗ္အတြက္ ေျခစြမ္းျပကစားေပးျပီး နာမည္ေက်ာ္ၾကားလာခဲ့ပါတယ္။ ဂ်ီမီနက္ဇ္က ၂၀၁၄-၁၅ ေဘာလံုးရာသီမွာ အက္သလက္အတြက္ ကစားေပးခဲ့ပါတယ္။ မကၠဆီကိုလက္ေရြးစင္က ကလပ္အေမရိကကေန အက္သလက္ကို ယူရို (၁၁)သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့ျပီး (၂၇)ပြဲကစားကာ (၁)ဂိုးသာ သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ အက္သလက္က ဒီကစားသမားကို ဘင္ဖီကာဆီ ျပန္လည္ေရာင္းခ်ရမွာ ယူရို (၉)သန္းျပန္လည္ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ လက္ရွိမွာ ဂ်ီမီနက္ဇ္က ၀ုလ္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ေနပါျပီ။

ဗီယက္တို

၂၀၁၅ မွာ အာဂ်င္တီးနားသား ဗီယက္တိုကို ဆီျမြန္နီက ယူရိုသန္း (၂၀)နဲ႔ ေခၚယူခဲ့ပါတယ္။ ဗီလာရီးရဲလ္မွာ ေျခစြမ္းျပခဲ့တဲ့ ကစားသမားက အက္သလက္တီကိုအတြက္ေတာ့ (၃၈)ပြဲကစားေပးခဲ့ရာမွာ (၃)ဂိုးသာ သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဒီအတြက္ ဆီဗီလာကို အငွားနဲ႔ ျပန္လည္ေျပာင္းေရႊ႕ခဲ့ျပီး ျပိဳင္ပြဲစံုသြင္းဂိုး (၁၀)ဂိုးသြင္းယူခဲ့ပါတယ္။ ျပီးခဲ့တဲ့ရာသီမွာလည္း သူက ဖူလ္ဟမ္ကို အငွားနဲ႔ေျပာင္းေရႊ႕ခဲ့ျပီး လက္ရွိမွာေတာ့ စပို႔တင္းအသင္းကို ယူရို ၇.၅သန္းနဲ႔ အက္သလက္တီကိုက အျပီးသတ္ေရာင္းခ်သြားခဲ့ပါတယ္။

ဂ်က္ဆန္မာတီနက္ဇ္

၂၀၁၄ ခုႏွစ္မွာ မာတီနက္ဇ္ကို အထင္ၾကီးမႈေတြအမ်ားအျပားနဲ႔ ယူရို (၃၅)သန္းအထိ ေပးေခ်ျပီး ဆီျမြန္နီက ေခၚယူခဲ့ပါတယ္။ ေပၚတူဂီလိဂ္မွာ ပြဲေပါင္း (၉၀)ကစားျပီး (၆၇)ဂိုးအထိ သြင္းယူႏိုင္ခဲ့သလို ေရႊဖိနပ္ဆုကို (၃)ၾကိမ္တိုင္တိုင္ရရွိခဲ့တဲ့ မာတီနက္ဇ္ဟာ အက္သလက္တီကိုမွာေတာ့ ေတာ္ေတာ္ေလးကို ေျခစြမ္းနိမ့္ပါးခဲ့ရပါတယ္။ လာလီဂါမွာ (၆)လၾကာကစားျပီး သြင္းဂိုး (၃)ဂိုးသာ ရရွိခဲ့ျပီးေနာက္ ကိုလံဘီယာတိုက္စစ္မွဴးကို ဂြမ္ဇူးအဲဗားဂရင္းဒီအသင္းကို အလ်င္အျမန္ပဲ ဆီျမန္နီက ျပန္ေရာင္းခ်သြားခဲ့ပါတယ္။

ဆာဆီ

၂၀၁၃-၁၄ ေဘာလံုးရာသီမွာ တိုရီႏိုကေန ဆီျမြန္နီ ေခၚယူခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ သူက တိုရီႏိုအတြက္ သြင္းဂိုး (၁၃)ဂိုးနဲ႔ ဂိုးဖန္တီးမႈ (၁၁)ၾကိမ္ျပဳလုပ္ေပးထားႏိုင္ခဲ့ျပီး သူ႔အတြက္ ယူရို (၁၈)သန္း ေပးေခ်ခဲ့ရပါတယ္။ ဒါေပမယ့္ ဆာဆီဟာ အက္သလက္တီကိုမွာ
(၉)ပြဲသာကစားေပးခဲ့ရျပီး ဂိုးလံုး၀မသြင္းႏိုင္ခဲ့ပါဘူး။ အီတလီကစားသမားက စပိန္ကစားဟန္မွာ အထိုင္က်ဖို႔အတြက္ ခက္ခဲခဲ့ရျပီး ေလးလအၾကာမွာပဲ အီတလီကို ျပန္လည္ေျပာင္းေရႊ႕သြားခဲ့ပါတယ္။ ေအစီမီလန္ကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ျပီး လက္ရွိမွာေတာ့ သူက တူရကီလိဂ္ကအန္ကာရာဂူကူအသင္းမွာ ကစားေနပါတယ္။

Unicode Version

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အက်သလက်တီကိုမက်ဒရစ်က တိုက်စစ်မှူးကောင်းအများအပြားကို ပိုင်ဆိုင်ခဲ့ပါတယ်။ အချက်အလက်တွေအရ အက်သလက်တီကိုကနေ တိုက်စစ်မှူးကောင်းတွေ ပေါ်ထွက်ခဲ့မှုကလည်း ထင်ရှားကျော်ကြားခဲ့ပါတယ်။ ဖာနန်ဒိုတောရက်စ်၊ အဂူရိုတို့ကနေ ဖော်လန်၊ ဖယ်လ်ကာအို၊ ဒီယေဂိုကော်စတာ နဲ့ ဂရစ်မန်းတို့လို ကစားသမားတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဆီမြွန်နီလက်ထက်မှာ ကျဆုံးခဲ့ရတဲ့ တိုက်စစ်မှူးတွေလည်း ရှိခဲ့ဖူးပါတယ်။ လက်ရှိမှာ စံချိန်တင်ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂျာအိုဖီးလစ်ကရော ဘယ်စာရင်းထဲမှာ ပါဝင်သွားမလဲစိတ်ဝင်စားစရာပါ။ ဆီမြန်နီလက်ထက်မှာ ကျရှုံးခဲ့ရတဲ့ တိုက်စစ်မှူးတွေကတော့..။

ရာအူးလ်ဂျီမီနက်ဇ်

လက်ရှိမှာ သူ့ကို ဝုလ်ဗ်ကစားသမားအဖြစ်နဲ့ ပိုမိုလူသိများနေကြပါပြီ။ ပြီးခဲ့တဲ့ရာသီမှာ သူက ဝုလ်ဗ်အတွက် ခြေစွမ်းပြကစားပေးပြီး နာမည်ကျော်ကြားလာခဲ့ပါတယ်။ ဂျီမီနက်ဇ်က ၂၀၁၄-၁၅ ဘောလုံးရာသီမှာ အက်သလက်အတွက် ကစားပေးခဲ့ပါတယ်။ မက္ကဆီကိုလက်ရွေးစင်က ကလပ်အမေရိကကနေ အက်သလက်ကို ယူရို (၁၁)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး (၂၇)ပွဲကစားကာ (၁)ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အက်သလက်က ဒီကစားသမားကို ဘင်ဖီကာဆီ ပြန်လည်ရောင်းချရမှာ ယူရို (၉)သန်းပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဂျီမီနက်ဇ်က ဝုလ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်နေပါပြီ။

ဗီယက်တို

၂၀၁၅ မှာ အာဂျင်တီးနားသား ဗီယက်တိုကို ဆီမြွန်နီက ယူရိုသန်း (၂၀)နဲ့ ခေါ်ယူခဲ့ပါတယ်။ ဗီလာရီးရဲလ်မှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမားက အက်သလက်တီကိုအတွက်တော့ (၃၈)ပွဲကစားပေးခဲ့ရာမှာ (၃)ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီအတွက် ဆီဗီလာကို အငှားနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုး (၁၀)ဂိုးသွင်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း သူက ဖူလ်ဟမ်ကို အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး လက်ရှိမှာတော့ စပို့တင်းအသင်းကို ယူရို ၇.၅သန်းနဲ့ အက်သလက်တီကိုက အပြီးသတ်ရောင်းချသွားခဲ့ပါတယ်။

ဂျက်ဆန်မာတီနက်ဇ်

၂၀၁၄ ခုနှစ်မှာ မာတီနက်ဇ်ကို အထင်ကြီးမှုတွေအများအပြားနဲ့ ယူရို (၃၅)သန်းအထိ ပေးချေပြီး ဆီမြွန်နီက ခေါ်ယူခဲ့ပါတယ်။ ပေါ်တူဂီလိဂ်မှာ ပွဲပေါင်း (၉၀)ကစားပြီး (၆၇)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ရွှေဖိနပ်ဆုကို (၃)ကြိမ်တိုင်တိုင်ရရှိခဲ့တဲ့ မာတီနက်ဇ်ဟာ အက်သလက်တီကိုမှာတော့ တော်တော်လေးကို ခြေစွမ်းနိမ့်ပါးခဲ့ရပါတယ်။ လာလီဂါမှာ (၆)လကြာကစားပြီး သွင်းဂိုး (၃)ဂိုးသာ ရရှိခဲ့ပြီးနောက် ကိုလံဘီယာတိုက်စစ်မှူးကို ဂွမ်ဇူးအဲဗားဂရင်းဒီအသင်းကို အလျင်အမြန်ပဲ ဆီမြန်နီက ပြန်ရောင်းချသွားခဲ့ပါတယ်။

ဆာဆီ

၂၀၁၃-၁၄ ဘောလုံးရာသီမှာ တိုရီနိုကနေ ဆီမြွန်နီ ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ သူက တိုရီနိုအတွက် သွင်းဂိုး (၁၃)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၁)ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပြီး သူ့အတွက် ယူရို (၁၈)သန်း ပေးချေခဲ့ရပါတယ်။ ဒါပေမယ့် ဆာဆီဟာ အက်သလက်တီကိုမှာ
(၉)ပွဲသာကစားပေးခဲ့ရပြီး ဂိုးလုံးဝမသွင်းနိုင်ခဲ့ပါဘူး။ အီတလီကစားသမားက စပိန်ကစားဟန်မှာ အထိုင်ကျဖို့အတွက် ခက်ခဲခဲ့ရပြီး လေးလအကြာမှာပဲ အီတလီကို ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။ အေစီမီလန်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူက တူရကီလိဂ်ကအန်ကာရာဂူကူအသင်းမှာ ကစားနေပါတယ်။

မွတ္ခ်က္မ်ား။