ရီးရဲလ္ကို ေျပာင္းေရႊ႕ဖို႔ အားေပးတိုက္တြန္းခံခဲ့ရတဲ့ မာေနး

‘I did my best to make things right with Atletico’ – Griezmann

ဆီနီေဂါေဘာလံုးအဖြဲ႕ခ်ဳပ္ဥကၠဌဆာအိဆက္က ဆီနီေဂါတိုက္စစ္မွဴးမာေနးကို ရီးရဲလ္မက္ဒရစ္ဆီ ေျပာင္းေရႊ႕ဖို႔ တိုက္တြန္းသြားခဲ့ပါတယ္။ လီဗာပူးလ္မွာ ေျခစြမ္းျပေနတဲ့ မာေနးအေနနဲ႔ ရီးရဲလ္လိုအသင္းမွာ ကစားဖို႔သင့္ေတာ္တယ္လို႔ ဆာအိဆက္က ယူဆေနျပီး လက္ေရြးစင္တိုက္စစ္မွဴးအေနနဲ႔ ကမၻာ့အေကာင္းဆံုးကစားသမား (၁၀)ဦးထဲမွာ ပါ၀င္ေနတယ္လို႔လည္း ေျပာသြားခဲ့ပါတယ္။

Neymar “ almost 100 percent fit” as he plays in the final of his five-a-side tournament

“ ဆာဒီယိုမာေနးက ကမၻာ့အေကာင္းဆံုးကစားသမား (၁၀)ဦးထဲမွာ ပါ၀င္တယ္ဆိုတာကို အားလံုးသိၾကပါတယ္၊ လီဗာပူးလ္နဲ႔အတူ ျပီးခဲ့တဲ့ရာသီကတည္းက သိသာထင္ရွားတဲ့ေအာင္ျမင္မႈေတြကို သူရယူႏိုင္ခဲ့ျပီးပါျပီ၊ မိုဆာလာ၊ ဖာမီႏိုတို႔နဲ႔ အတူကစားျပီး ထူးကဲေကာင္းမြန္တဲ့ အစုအဖြဲ႕လည္း ျဖစ္ခဲ့ပါတယ္”

“ ဒါေပမယ့္ ဒါက ေဘာလံုးပါ၊ သူက ျပီးခဲ့တဲ့ရာသီမွာ ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးႏိုင္ခဲ့ျပီးေနာက္ ရီးရဲလ္ကို ေျပာင္းေရႊ႕ဖို႔ အခြင့္အလမ္းရွိလာခဲ့ပါတယ္၊ ရီးရဲလ္က ကၽြန္ေတာ့္အတြက္ေတာ့ ကမၻာ့အေကာင္းဆံုးအသင္းပါပဲ၊ တကယ္လုိ႔ ကၽြန္ေတာ္က ဘာစီလိုနာပရိသတ္ျဖစ္ေနခဲ့ရင္ေတာင္မွ မာေနးအတြက္ ရီးရဲလ္က အသင့္ေတာ္ဆံုးအသင္းပါပဲ” လို႔ ဆာအီဆက္က ေျပာသြားခဲ့ပါတယ္။

ဆာဒီယိုမာေနးက ျပီးခဲ့တဲ့ရာသီက လီဗာပူးလ္အတြက္ လိဂ္ဂိုး (၂၂)ဂိုးအထိ သြင္းယူျပီး ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုကိုလည္း ဆြတ္ခူးႏို္င္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ အာဖရိကဖလားျပိဳင္ပြဲအတြက္ ဆီနီေဂါနဲ႔အတူ ယွဥ္ျပိဳင္ေနျပီး ဆီမီးဖိုင္နယ္အဆင့္ကို ေရာက္ရွိေအာင္ စြမ္းေဆာင္ေပးထားျပီး တူနီးရွားနဲ႔ ကစားသြားရမွာျဖစ္ပါတယ္။

Unicode Version

ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ဥက္ကဌဆာအိဆက်က ဆီနီဂေါတိုက်စစ်မှူးမာနေးကို ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ လီဗာပူးလ်မှာ ခြေစွမ်းပြနေတဲ့ မာနေးအနေနဲ့ ရီးရဲလ်လိုအသင်းမှာ ကစားဖို့သင့်တော်တယ်လို့ ဆာအိဆက်က ယူဆနေပြီး လက်ရွေးစင်တိုက်စစ်မှူးအနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား (၁၀)ဦးထဲမှာ ပါဝင်နေတယ်လို့လည်း ပြောသွားခဲ့ပါတယ်။

“ ဆာဒီယိုမာနေးက ကမ္ဘာ့အကောင်းဆုံးကစားသမား (၁၀)ဦးထဲမှာ ပါဝင်တယ်ဆိုတာကို အားလုံးသိကြပါတယ်၊ လီဗာပူးလ်နဲ့အတူ ပြီးခဲ့တဲ့ရာသီကတည်းက သိသာထင်ရှားတဲ့အောင်မြင်မှုတွေကို သူရယူနိုင်ခဲ့ပြီးပါပြီ၊ မိုဆာလာ၊ ဖာမီနိုတို့နဲ့ အတူကစားပြီး ထူးကဲကောင်းမွန်တဲ့ အစုအဖွဲ့လည်း ဖြစ်ခဲ့ပါတယ်”

“ ဒါပေမယ့် ဒါက ဘောလုံးပါ၊ သူက ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ အခွင့်အလမ်းရှိလာခဲ့ပါတယ်၊ ရီးရဲလ်က ကျွန်တော့်အတွက်တော့ ကမ္ဘာ့အကောင်းဆုံးအသင်းပါပဲ၊ တကယ်လို့ ကျွန်တော်က ဘာစီလိုနာပရိသတ်ဖြစ်နေခဲ့ရင်တောင်မှ မာနေးအတွက် ရီးရဲလ်က အသင့်တော်ဆုံးအသင်းပါပဲ” လို့ ဆာအီဆက်က ပြောသွားခဲ့ပါတယ်။

ဆာဒီယိုမာနေးက ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အတွက် လိဂ်ဂိုး (၂၂)ဂိုးအထိ သွင်းယူပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလည်း ဆွတ်ခူးနို်င်ခဲ့ပါတယ်။ လက်ရှိမှာတော့ အာဖရိကဖလားပြိုင်ပွဲအတွက် ဆီနီဂေါနဲ့အတူ ယှဉ်ပြိုင်နေပြီး ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိအောင် စွမ်းဆောင်ပေးထားပြီး တူနီးရှားနဲ့ ကစားသွားရမှာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။