ဂရစ်မန်းရဲ့ အပြောင်းအရွှေ့ကနေ ထွက်ပေါ်လာခဲ့တဲ့ မေးခွန်း (၃)ခု

‘A mistake to look for a new Xavi or Iniesta’ – Villa

ကာလရှည်ကြာနေခဲ့တဲ့ ဂရစ်မန်းရဲ့ အပြောင်းအရွှေ့ကို သောကြာနေ့မှာ ဘာစီလိုနာက အဆုံးသတ်နိုင်ခဲ့ပါတယ်။ ယူရိုသန်း (၁၂၀)အထိ ပေးချေခဲ့ရတာဖြစ်ပြီး မြင့်မားတဲ့ လစာနှုန်းကိုလည်း ဘာစီလိုနာက ထပ်မံပေးချေရဦးမှာပါ။ ကမ္ဘာ့ဖလားဆုရှင်က နူးကမ့်ကို ပြောင်းရွှေ့ဖို့ အသင့်ဖြစ်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ ရောက်ရှိလာမှုနဲ့အတူ အဓိကကျတဲ့မေးခွန်းကြီး (၃)ခုလည်း ရှိနေခဲ့ပါတယ်။

Neymar “ almost 100 percent fit” as he plays in the final of his five-a-side tournament

ဘယ်နေရာမှာကစားမှာလဲ?

ဒါက သူ့ကို ခေါ်ယူမယ်လို့ သတင်းတွေထွက်နေကတည်းက အားလုံးက သိချင်နေခဲ့ကြတာပါ။ ဘာစီလိုနာမှာ သူ အထိုင်ကျပါ့မလား၊ လွယ်လွယ်ကူကူပဲ ဖြစ်ပါ့မလားလို့လည်း အားလုံးကတွေးနေခဲ့ကြပါတယ်။ ဗယ်လ်ဗာဒီရဲ့ အသင်းမှာ မက်ဆီ၊ ဆွာရက်ဇ်၊ ဒမ်ဘီလီ၊ ကော်တင်ဟို၊ မယ်လ်ကွန်တို့လိုတိုက်စစ်ကစားသမားတွေ ပေါပေါများများရှိနေပြီး ဂရစ်မန်းပါ ထပ်မံတိုးလာခဲ့ပါတယ်။ ဂရစ်မန်းက အရန်ခုံမှာထိုင်ဖို့ ရောက်လာတဲ့ ကစားသမားမဟုတ်ဘူးဆိုတာ သေချာပါတယ်။ သူက အသင်းမှာ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့အတူ ပူးတွဲကစားပေးဖို့ ရောက်လာခဲ့တာပါ။ ဂရစ်မန်းက နေရာစုံမှာကစားနိုင်စွမ်းရှိလို့ ကော်တင်ဟိုနဲ့ ဒမ်ဘီလီတို့က နည်းစနစ်ပိုင်းအပြောင်းအလဲအရတော့ ၀င်ကစားပေးနိုင်ဖွယ်ရာတော့ ရှိနေပါသေးတယ်။ ဒါပေမယ့် သူတို့က ဦးစားပေးကစားသမားတွေ မဟုတ်လောက်တော့ပါဘူး။ ဂရစ်မန်းရဲ့ အကောင်းဆုံးပုံစံကို ဗယ်လ်ဗာဒီဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို စောင့်ကြည့်ရပါမယ်။

နံပါတ် (၇)ကို ဘယ်သူဝတ်မှာလဲ?

လက်ရှိမှာ ကော်တင်ဟိုက နံပါတ် (၇)ကို ၀တ်ဆင်ကစားနေပါတယ်။ ဂရစ်မန်းဇ်က အက်သလက်တီကိုမှာ နံပါတ် (၇)ကို ၀တ်ဆင်ကစားပေးခဲ့ပါတယ်။ ရီးရဲလ်ဆိုဆီဒက်မှာလည်း အဆိုပါကျောနံပါတ်ပဲ ၀တ်ဆင်ခဲ့သလို လက်ရွေးစင်အသင်းမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ အသက် (၂၈)နှစ်အရွယ်ကစားသမားက သူ နံပါတ် (၇)ကိုပဲ ရွေးချယ်ရတာက ဘက်ခမ်းက သူ့ရဲ့စံပြပုဂ္ဂိုလ်ဖြစ်တာကြောင့်လို့ ဆိုပါတယ်။ ဘာစီလိုနာအတွက် ပြသနာက ဆိုခဲ့တဲ့အတိုင်း ကော်တင်ဟိုက ဒီနံပါတ်ကို ရွေးချယ်ဝတ်ဆင်နေတာဖြစ်ပါတယ်။ တကယ်လို့သာ ဂရစ်မန်းက ကျောနံပါတ် (၇)ကို ရွေးချယ်ခဲ့မယ်ဆိုရင် ကော်တင်ဟိုက နံပါတ် (၁၄)ကိုသာ ၀တ်ဆင်ရတော့မှာပါ။ ဒီအနေအထားက ကော်တင်ဟိုရဲ့ အနာဂတ်ကိုပါ သက်ရောက်လာမှာဖြစ်ပြီး ဂရစ်မန်းကို နံပါတ် (၇)ပေးလိုက်တာနဲ့ ကော်တင်ဟိုက အသင်းရဲ့ ဦးစားပေးကစားသမားမဟုတ်ဘူးဆိုတာကို ဖော်ပြရာလည်း ရောက်သွားပါလိမ့်မယ်။

နေမာပါရောက်လာမှာလား?

ဘာစီလိုနာစိတ်ဝင်စားခဲ့တဲ့ တိုက်စစ်ကစားသမားက ဂရစ်မန်းဇ်တစ်ဦးတည်းမဟုတ်ပဲ ကစားသမားဟောင်းနေမာလည်း ပါဝင်နေပါတယ်။ ကောလာဟလသတင်းတွေအရ နေမာကလည်း အသင်းဟောင်းနဲ့ ပြန်လည်ပူးပေါင်းချင်နေတယ်လို့ ဆိုပါတယ်။ ပီအက်စ်ဂျီနဲ့ ဆက်ဆံရေးတော်တော်လေးဆိုးဝါးနေတဲ့အဆင့်ကို ရောက်နေပြီး ထိုက်တန်တဲ့ပြောင်းရွှေ့ကြေးရရင် နေမာကို ရောင်းချမယ်လို့လည်း ပြင်သစ်ကလပ်က ဆိုပါတယ်။ ကော်တင်ဟို၊ အမ်တီတီ၊ ရာကီတစ် နဲ့ ဒမ်ဘီလီတို့ထဲက နှစ်သက်ရာကစားသမားတွေနဲ့ အလဲအထပ်ပြုလုပ်သွားဖို့လည်း ဘာစီလိုနာက စီစဉ်နေတယ်လို့ သိရပါတယ်။ အမ်တီတီနဲ့ ရာကီတစ်တို့ကတော့ အသင်းမှာဆက်နေချင်တယ်လို့ လူသိရှင်ကြားပြောဆိုထားပါတယ်။ ဒမ်ဘီလီက နေမာထက်ပိုကောင်းတယ်လို့ ဘာကာဥက္ကဌဘာတိုမြူက မှတ်ချက်ချခဲ့ပြီး လက်ရှိမှာ နေမာအတွက် အသင်းက ထွက်ခွာနိုင်ချေအများဆုံဖြစ်နေတာက ကော်တင်ဟိုပဲ ရှိနေပါတော့တယ်။

မှတ်ချက်များ။