ဘက်ခမ်းဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်ကို တောင်းဆိုခဲ့တဲ့ အီဒင်ဟာဇက်
Barca President Bartomeu on Neymar, Coutinho and Dembele
“La Liga, Copa del Rey, Champions League” – Griezmann wants to win it all with Barca
Unicode Version
ရီးရဲလ်မက်ဒရစ်အသငး်ရဲ့ ကစားသမားသစ် ဒေးဗစ်ဘက်ခမ်ဟာ ရီးရဲလ်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၂၃)ဂျာစီကို ဝတ်ဆင်ဖို့ အသင်းဆီကနေ ခွင့်တောင်းခဲ့တယ်လို့ သိရပါတယ်။ ရီးရဲလ်ကို ဒီနွေရာသီမှာမှ ပြောင်းရွှေ့သွားခဲ့တဲ့ဟာဇက်က ကျောနံပါတ် (၁၀)ကို ဝတ်ဆင်နေကျဖြစ်ပေမယ့် ရီးရဲလ်မှာ မိုဒရစ်က အဆိုပါနံပါတ်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
ဒီအတွက်ကြောင့် ဟာဇက်က ဒေးဗစ်ဘက်ခမ်ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၂၃)ကို ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ကျောနံပါတ် (၇)ကိုလည်း မာရီယာနိုဒီယက်ဇ်က ဝတ်ဆင်နေတာဖြစ်ပြီး ကစားသမားက အသင်းမှာ ဆက်လက်ရှိနေဖွယ်ဖြစ်နေလို့ ဟာဇက်အတွက် နံပါတ် (၂၃)ကို ဦးစားပေးခဲ့ရတာ ဖြစ်ပါတယ်။
Marca ရဲ့ ဖော်ပြချက်အရ NBA ဘတ်စကတ်ဘောပရိသတ်တစ်ဦးလည်းဖြစ်တဲ့ ဟာဇက်က မိုက်ကယ်ဂျော်ဒန် နဲ့ လီဘရွန်ဂျိမ်းစ်တို့လို အကျော်အမော်တွေလည်း (၂၃)နံပါတ်ကို ဝတ်ဆင်တာကြောင့် ပိုမိုဦးစားပေးခဲ့ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဟာဇက်ဟာ လိုင်လီမှာ ကျောနံပါတ် (၂၆)ကို ဝတ်ဆင်ခဲ့သူလည် းဖြစ်ပါတယ်။
ချယ်လ်ဆီးကို ရောက်ရှိလာပြီးနောက်မှာ ကျောနံပါတ် (၁၇)ဝတ်ဆင်ပြီး နှစ်ရာသီကြာကစားခဲ့ပြီးနောက် နံပါတ် (၁၀)ကို ပြောင်းလဲဝတ်ဆင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းမှာလည်း ဟာဇက်က ကျောနံပါတ် (၁၀)ကိုသာ စွဲစွဲမြဲမြဲဝတ်ဆင်ခဲ့ပြီး ဘာနေဗျူးကစားသမားဘဝမှာတော့ ဟာဇက်ကို ကျောနံပါတ် (၂၃)နဲ့ မြင်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။
မွတ္ခ်က္မ်ား။