ဗင္နီရွပ္ဂ်ဴနီယာကို သူလိုခ်င္တဲ့ကစားသမားတစ္ဦးအတြက္ စေတးမယ့္ ဇီဒန္း

‘This is special’ – Messi on 6th Ballon d’Or

ရီးရဲလ္မက္ဒရစ္အသင္းဟာ အခုေႏြရာသီမွာ ေနမာကို ေခၚယူႏိုင္ဖို႔ ဆံုးျဖတ္ခ်က္ခ်ထားတယ္လုိ႔ သိရျပီး နည္းလမ္းေပါင္းစံုနဲ႔ ၾကိဳးစားသြားမယ္လို႔ သတင္းေတြထြက္လာခဲ့ပါတယ္။ မာဆယ္လို၊ အစၥကို နဲ႔ ဗာရာနီတို႔ကို ေနမာအတြက္ အလိုက္ေပးကမ္းလွမ္းမယ္ဆိုတဲ့ သတင္းေတြ ထြက္လာအျပီးမွာ ဗင္နီရွပ္ဂ်ဴနီယာကိုပါ အသံုးျပဳသြားဖို႔ စီစဥ္ထားတယ္ဆိုတဲ့ သတင္းလည္းထြက္လာခဲ့ပါတယ္။

TOP 5: Outstanding performers from the AFC Champions League Ro16 west zone

စပိန္အားကစားသတင္းဌာန Sport ရဲ႕ ေဖာ္ျပခ်က္အရ ဗင္နီရွပ္ကို အလိုက္ေပးကမ္းလွမ္းသြားဖို႔အတြက္ ရီးရဲလ္က ျပင္ဆင္ထားျပီး ေနမာရဲ႕ ေျပာင္းေရႊ႕ေၾကးတန္ဖိုးကို ေလွ်ာ့ခ်သြားမယ္လို႔ ဆိုပါတယ္။ ပီအက္စ္ဂ်ီက ေနမာအတြက္ ယူရိုသန္း ၂၅၀နီးပါး အလိုရွိေနတာျဖစ္ျပီး အဆိုပါပမာဏက ရီးရဲလ္အတြက္ ေတာ္ေတာ္ေလးမ်ားျပားေနပါတယ္။

ဒီအတြက္ဘရာဇီးလ္လူငယ္ကစားသမား ဗင္နီရွပ္ကို အလိုက္ေပးကမ္းလွမ္းဖို႔လည္း ရီးရဲလ္က ေနာက္ထပ္နည္းလမ္းတစ္ခုအေနနဲ႔ ေရြးခ်ယ္ထားတယ္လို႔ သိရပါတယ္။ ျပီးခဲ့တဲ့ရာသီကမွ ရီးရဲလ္ကို ေရာက္ရွိခဲ့ေပမယ့္ ေျခစြမ္းျပကစားႏိုင္ခဲ့တဲ့ ဗင္နီရွပ္ဟာ ကမၻာ့အေကာင္းဆံုးလူငယ္ကစားသမားေတြထဲက တစ္ဦးအျဖစ္လည္း သတ္မွတ္ခံထားရသူျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအေနနဲ႔ ဗင္နီရွပ္ရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ အဆိုပါကမ္းလွမ္းမႈက သေဘာက်ဖြယ္ရာလည္း ရွိေနပါတယ္။ လက္ရွိမွာ ပီအက္စ္ဂ်ီက အသင္းရဲ႕ အားကစားပစၥည္းေရာင္းခ်တဲ့ စတိုးဆိုင္ေတြမွာ ေနမာရဲ႕ ပံုရိပ္ေတြအားလံုးကို ရုတ္သိမ္းထားခဲ့ျပီး ဘရာဇီးလ္တိုက္စစ္မွဴးကို ေသခ်ာေပါက္ေရာင္းခ်သြားဖို႔လည္း ရွိေနခဲ့ျပီျဖစ္ပါတယ္။

Unicode Version

ရီးရဲလ်မက်ဒရစ်အသင်းဟာ အခုနွေရာသီမှာ နေမာကို ခေါ်ယူနိုင်ဖို့ ဆုံးဖြတ်ချက်ချထားတယ်လို့ သိရပြီး နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသွားမယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ မာဆယ်လို၊ အစ္စကို နဲ့ ဗာရာနီတို့ကို နေမာအတွက် အလိုက်ပေးကမ်းလှမ်းမယ်ဆိုတဲ့ သတင်းတွေ ထွက်လာအပြီးမှာ ဗင်နီရှပ်ဂျူနီယာကိုပါ အသုံးပြုသွားဖို့ စီစဉ်ထားတယ်ဆိုတဲ့ သတင်းလည်းထွက်လာခဲ့ပါတယ်။

စပိန်အားကစားသတင်းဌာန Sport ရဲ့ ဖော်ပြချက်အရ ဗင်နီရှပ်ကို အလိုက်ပေးကမ်းလှမ်းသွားဖို့အတွက် ရီးရဲလ်က ပြင်ဆင်ထားပြီး နေမာရဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးကို လျှော့ချသွားမယ်လို့ ဆိုပါတယ်။ ပီအက်စ်ဂျီက နေမာအတွက် ယူရိုသန်း ၂၅ဝနီးပါး အလိုရှိနေတာဖြစ်ပြီး အဆိုပါပမာဏက ရီးရဲလ်အတွက် တော်တော်လေးများပြားနေပါတယ်။

ဒီအတွက်ဘရာဇီးလ်လူငယ်ကစားသမား ဗင်နီရှပ်ကို အလိုက်ပေးကမ်းလှမ်းဖို့လည်း ရီးရဲလ်က နောက်ထပ်နည်းလမ်းတစ်ခုအနေနဲ့ ရွေးချယ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီကမှ ရီးရဲလ်ကို ရောက်ရှိခဲ့ပေမယ့် ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ဗင်နီရှပ်ဟာ ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

ပီအက်စ်ဂျီအနေနဲ့ ဗင်နီရှပ်ရဲ့ စွမ်းဆောင်ရည်ကြောင့် အဆိုပါကမ်းလှမ်းမှုက သဘောကျဖွယ်ရာလည်း ရှိနေပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီက အသင်းရဲ့ အားကစားပစ္စည်းရောင်းချတဲ့ စတိုးဆိုင်တွေမှာ နေမာရဲ့ ပုံရိပ်တွေအားလုံးကို ရုတ်သိမ်းထားခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူးကို သေချာပေါက်ရောင်းချသွားဖို့လည်း ရှိနေခဲ့ပြီဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။