ရီးရဲလ္နဲ႔လမ္းခြဲခ်ိန္နီးသူမ်ား

Bale needs to prove himself again’ – Zinedine Zidane

လက္ရွိအခ်ိန္မွာ ရီးရဲလ္မက္ဒရစ္အေနနဲ႔ ပံုစံေကာင္းျပသေနတယ္ဆိုေပမယ့္ လာမယ့္ေႏြရာသီမွာ အသင္းကို အင္အားျဖည့္တင္းဖို႔ေတာ့ လိုအပ္ေနပါေသးတယ္။ အသင္းမွာ ကစားသမားတခ်ိဳ႕က ေျခစြမ္းမျပသႏိုင္ပဲ ရွိေနျပီး ေရာင္းခ်သင့္တဲ့ အေနအထားမွာလည္း ရွိေနတပါ။
အသင္းကို အင္အားျဖည့္တင္းဖို႔အတြက္ ကစားသမားတခ်ိဳ႕ကို ျပန္လည္ေရာင္းခ်ျပီးေတာ့ ေငြေၾကးအင္အားေတာင့္တင္းေအာင္ ေဆာင္ရြက္သင့္ေနပါတယ္။ ဒီအတြက္ လာမယ့္ရာသီမွာ ရီးရဲလ္အသင္း ေရာင္းခ်သင့္တဲ့ ကစားသမား (၄)ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အစၥကို

အစၥကိုက ဆိုလာရီလက္ထက္မွာ ပံုမွန္ကစားခြင့္ေတာင္ မရေတာ့ပါဘူး။ ဆိုလာရီရဲ႕ ၄-၃-၃ ကစားကြက္မွာ အစၥကိုအတြက္ ေနရာမရွိေတာ့ပဲ No.10 Role ကလည္း သူ႔အတြက္ မဟုတ္ေတာ့ပါဘူး။ ဆိုလာရီ နဲ႔ အစၥကိုတို႔ၾကား ဆက္ဆံေရးကလည္း ဆိုးရြားေနျပီး အျပန္အလွန္ ျပစ္တင္ေျပာဆိုမႈေတြနဲ႔အတူ ကစားသမားနဲ႔ နည္းျပၾကားမွာ အေျခအေနက တင္းမာေနပါတယ္။ ဒီအတြက္ အစၥကိုကို ျပန္လည္ေရာင္းခ်ျပီးေတာ့ အျခားကစားသမား၀ယ္ယူဖို႔အတြက္ ရီးရဲလ္တို႔ ဖန္တီးသင့္ပါတယ္။

၂။ အဆန္စီယို

အဆန္စီယုိကို ေရာင္းခ်သင့္တယ္လို႔ ေျပာရင္ အျငင္းပြားစရာေတြေတာ့ ရွိလာႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ျပီးခဲ့တဲ့ ရာသီက သူ ျပသခဲ့တဲ့ ေျခစြမ္းေၾကာင့္ပါ။ ဒါေပမယ့္လည္း ဒီရာသီမွာေတာ့ အဆန္စီယိုရဲ႕ ေျခစြမ္းက က်ဆင္းေနခဲ့ျပီး တည္ျငိမ္တဲ့ ေျခစြမ္းမ်ိဳးကို ပိုင္ဆိုင္တဲ့
ကစားသမားမဟုတ္ဘူးဆိုတာ ထင္ရွားေနပါတယ္။ တစ္ဦးခ်င္းျဖတ္ေက်ာ္မႈ၊ အေ၀းကန္သြင္းခ်က္ေတြနဲ႔ ဂိုးရယူေပးႏိုင္တဲ့ ကစားသမားျဖစ္ေပမယ့္လည္း သူ႔ကို ေရာင္းခ်လိုက္မယ္ဆိုရင္ ေငြေၾကးအမ်ားအျပား ရရွိႏိုင္တယ္ဆိုတာကို ရီးရဲလ္ စဥ္းစားသင့္ပါတယ္။

၃။ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္

အစၥကိုလိုမ်ိဳး ေျခစြမ္းေျခစရွိတဲ့ ကစားသမားဆိုေပမယ့္လည္း ရီးရဲလ္မွာ သူ႔အတြက္ ေနရာရဖို႔အတြက္ေတာ့ ခက္ခဲပါတယ္။ ဆိုလာရီ လက္ေအာက္မွာလည္း ဂ်ိမ္းစ္အတြက္ အခက္အခဲေတြ ရွိေနႏိုင္ပါတယ္။ ဘိုင္ယန္ျမဴးနစ္မွာ ဒဏ္ရာေတြနဲ႔ ရုန္းကန္ေနခဲ့ရျပီးေနာက္ အသင္းေျပာင္းေရႊ႕ဖို႔ စဥ္းစားေနတဲ့ ဂ်ိမ္းစ္ကို အျပီးသတ္ေရာင္းခ်ဖို႔လည္း ရီးရဲလ္ဘက္က ဆႏၵရွိေနတာပါ။ အနည္းဆံုး ယူရိုသန္း (၅၀)ေလာက္ ရရွိမယ့္ ကစားသမားျဖစ္တာမို႔ အျခားကစားသမားတစ္ေယာက္ကို ျပန္လည္ေခၚယူႏိုင္တဲ့ ပမာဏလည္း ျဖစ္ပါတယ္။

၅။ ဂါရတ္ေဘးလ္

ပရီးမီးယားလိဂ္မွာ အေကာင္းဆံုးကစားသမားတစ္ေယာက္ ျဖစ္ခဲ့ေပမယ့္ ရီးရဲလ္ကစားသမားဘ၀ ေနာက္ပိုင္းကာလေတြမွာ သူ႔ရဲ႕ ေျခစြမ္းက က်ဆင္းလာခဲ့ပါတယ္။ အရင္လုိေျခစြမ္းမ်ိဳး ျပန္ျပႏိုင္ဖို႔ ရုန္းကန္ေနခဲ့ရျပီးေတာ့ လက္ရွိမွာလည္း ဒဏ္ရာေၾကာင့္ အနားယူရခ်ိန္ေတြက မ်ားေနပါတယ္။ ကစားခြင့္ရတဲ့ အခ်ိန္မွာလည္း နည္းျပအၾကိဳက္ ေျခစြမ္းမ်ိဳး မျပသႏိုင္တာမို႔ ေဘးလ္ဟာ လူစား၀င္ကစားသမားအေနနဲ႔ေတာင္ ကစားေနရတာပါ။ ဒီကစားသမားအတြက္လည္း မ်ားျပားတဲ့ ေငြေၾကးကို ရရွိႏိုင္တာမို႔ အခုခ်ိန္မွာ ျပန္လည္ေရာင္းခ်တာက အသင့္ေတာ္ဆံုးပါပဲ။

Unicode Version

လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်အနေနဲ့ ပုံစံကောင်းပြသနေတယ်ဆိုပေမယ့် လာမယ့်နွေရာသီမှာ အသင်းကို အင်အားဖြည့်တင်းဖို့တော့ လိုအပ်နေပါသေးတယ်။ အသင်းမှာ ကစားသမားတချို့က ခြေစွမ်းမပြသနိုင်ပဲ ရှိနေပြီး ရောင်းချသင့်တဲ့ အနေအထားမှာလည်း ရှိနေတပါ။
အသင်းကို အင်အားဖြည့်တင်းဖို့အတွက် ကစားသမားတချို့ကို ပြန်လည်ရောင်းချပြီးတော့ ငွေကြေးအင်အားတောင့်တင်းအောင် ဆောင်ရွက်သင့်နေပါတယ်။ ဒီအတွက် လာမယ့်ရာသီမှာ ရီးရဲလ်အသင်း ရောင်းချသင့်တဲ့ ကစားသမား (၅)ဦးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အစ္စကို

အစ္စကိုက ဆိုလာရီလက်ထက်မှာ ပုံမှန်ကစားခွင့်တောင် မရတော့ပါဘူး။ ဆိုလာရီရဲ့ ၄-၃-၃ ကစားကွက်မှာ အစ္စကိုအတွက် နေရာမရှိတော့ပဲ No.10 Role ကလည်း သူ့အတွက် မဟုတ်တော့ပါဘူး။ ဆိုလာရီ နဲ့ အစ္စကိုတို့ကြား ဆက်ဆံရေးကလည်း ဆိုးရွားနေပြီး အပြန်အလှန် ပြစ်တင်ပြောဆိုမှုတွေနဲ့အတူ ကစားသမားနဲ့ နည်းပြကြားမှာ အခြေအနေက တင်းမာနေပါတယ်။ ဒီအတွက် အစ္စကိုကို ပြန်လည်ရောင်းချပြီးတော့ အခြားကစားသမားဝယ်ယူဖို့အတွက် ရီးရဲလ်တို့ ဖန်တီးသင့်ပါတယ်။

၂။ အဆန်စီယို

အဆန်စီယိုကို ရောင်းချသင့်တယ်လို့ ပြောရင် အငြင်းပွားစရာတွေတော့ ရှိလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ရာသီက သူ ပြသခဲ့တဲ့ ခြေစွမ်းကြောင့်ပါ။ ဒါပေမယ့်လည်း ဒီရာသီမှာတော့ အဆန်စီယိုရဲ့ ခြေစွမ်းက ကျဆင်းနေခဲ့ပြီး တည်ငြိမ်တဲ့ ခြေစွမ်းမျိုးကို ပိုင်ဆိုင်တဲ့
ကစားသမားမဟုတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။ တစ်ဦးချင်းဖြတ်ကျော်မှု၊ အဝေးကန်သွင်းချက်တွေနဲ့ ဂိုးရယူပေးနိုင်တဲ့ ကစားသမားဖြစ်ပေမယ့်လည်း သူ့ကို ရောင်းချလိုက်မယ်ဆိုရင် ငွေကြေးအများအပြား ရရှိနိုင်တယ်ဆိုတာကို ရီးရဲလ် စဉ်းစားသင့်ပါတယ်။

၃။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်

အစ္စကိုလိုမျိုး ခြေစွမ်းခြေစရှိတဲ့ ကစားသမားဆိုပေမယ့်လည်း ရီးရဲလ်မှာ သူ့အတွက် နေရာရဖို့အတွက်တော့ ခက်ခဲပါတယ်။ ဆိုလာရီ လက်အောက်မှာလည်း ဂျိမ်းစ်အတွက် အခက်အခဲတွေ ရှိနေနိုင်ပါတယ်။ ဘိုင်ယန်မြူးနစ်မှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေခဲ့ရပြီးနောက် အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေတဲ့ ဂျိမ်းစ်ကို အပြီးသတ်ရောင်းချဖို့လည်း ရီးရဲလ်ဘက်က ဆန္ဒရှိနေတာပါ။ အနည်းဆုံး ယူရိုသန်း (၅၀)လောက် ရရှိမယ့် ကစားသမားဖြစ်တာမို့ အခြားကစားသမားတစ်ယောက်ကို ပြန်လည်ခေါ်ယူနိုင်တဲ့ ပမာဏလည်း ဖြစ်ပါတယ်။

၅။ ဂါရတ်ဘေးလ်

ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားသမားတစ်ယောက် ဖြစ်ခဲ့ပေမယ့် ရီးရဲလ်ကစားသမားဘဝ နောက်ပိုင်းကာလတွေမှာ သူ့ရဲ့ ခြေစွမ်းက ကျဆင်းလာခဲ့ပါတယ်။ အရင်လိုခြေစွမ်းမျိုး ပြန်ပြနိုင်ဖို့ ရုန်းကန်နေခဲ့ရပြီးတော့ လက်ရှိမှာလည်း ဒဏ်ရာကြောင့် အနားယူရချိန်တွေက များနေပါတယ်။ ကစားခွင့်ရတဲ့ အချိန်မှာလည်း နည်းပြအကြိုက် ခြေစွမ်းမျိုး မပြသနိုင်တာမို့ ဘေးလ်ဟာ လူစားဝင်ကစားသမားအနေနဲ့တောင် ကစားနေရတာပါ။ ဒီကစားသမားအတွက်လည်း များပြားတဲ့ ငွေကြေးကို ရရှိနိုင်တာမို့ အခုချိန်မှာ ပြန်လည်ရောင်းချတာက အသင့်တော်ဆုံးပါပဲ။

မွတ္ခ်က္မ်ား။