ဆယ္ႏွစ္အတြင္း ပထမဆံုးအၾကိမ္အျဖစ္ မက္ဆီမပါပဲ လာလီဂါအဖြင့္ပြဲကစားရမယ့္ ဘာကာ

Bale needs to prove himself again’ – Zinedine Zidane

ဘာစီလိုနာအသင္းဟာ ဒီေန႔မွာ ကစားရမယ့္ ဘီဘာအိုနဲ႔ လာလီဂါအဖြင့္ပြဲကို တိုက္စစ္မွဴးမက္ဆီ ပါ၀င္မွာမဟုတ္ပဲ ကစားရေတာ့မွာျဖစ္ပါတယ္။ မက္ဆီဟာ ေျခသလံုးဒဏ္ရာရရွိထားလို႔ အဖြင့္ပြဲကို လြဲေခ်ာ္ရေတာ့မွာျဖစ္ျပီး ဘာစီလိုနာအတြက္လည္း (၁၀)ႏွစ္အတြင္းမွာ ပထမဆံုးအၾကိမ္အျဖစ္ မက္ဆီ မပါ၀င္ပဲနဲ႔ လာလီဂါအဖြင့္ပြဲကို ကစားရေတာ့မွာျဖစ္ပါတယ္။

Eight seasons after winning the Bundesliga with Dortmund, can Perisic now do it in the red of Bayern?

ျပီးခဲ့တဲ့ရာသီမွာ မက္ဆီက ဘာစီလိုနာအတြက္ ၃၄ပြဲကစားျပီး ၃၆ဂိုးအထိ သြင္းယူေပးခဲ့သူျဖစ္ပါတယ္။ အသက္ ၃၂ႏွစ္အရြယ္ တိုက္စစ္မွဴးဟာ ဒဏ္ရာကျပန္လည္သက္သာလာေနေပမယ့္လည္း နည္းျပဗယ္လ္ဗာဒီက အရဲစြန္႔ပြဲထုတ္မွာမဟုတ္ဘူးလို႔ ဆံုးျဖတ္ထားတယ္လို႔လည္း စပိန္သတင္းဌာနမ်ားက ေဖာ္ျပခဲ့ၾကပါတယ္။

“ မက္ဆီအတြက္ အရဲစြန္႔တာမ်ိဳးေတြ ကၽြန္ေတာ္တို႔ လုပ္သြားမွာမဟုတ္ပါဘူး၊ အသင္းနဲ႔အတူ သူ ေလ့က်င့္ခန္းမဆင္းႏိုင္တာ မွန္ပါတယ္၊ ကၽြန္ေတာ္တို႔ သူ သက္သာလာတဲ့အထိ ေစာင့္ဆိုင္းသြားမွာပါ၊ သူ႔ဒဏ္ရာက တျဖည္းျဖည္းနဲ႔ တိုးတက္ေကာင္းမြန္လာပါတယ္” လို႔ ပြဲၾကိဳသတင္းစာရွင္းလင္းပြဲမွာ ဗယ္လ္ဗာဒီက ေျပာဆိုသြားခဲ့ပါတယ္။

ဘာစီလိုနာမွာ မက္ဆီအျပင္ ဂိုးသမား နက္တို၊ တိုဒီဘို၊ အာသာ၊ ဗီဒယ္လ္တို႔လည္း မပါ၀င္ဘူးလို႔ သိရပါတယ္။ ဘာစီလိုနာအေနနဲ႔ မက္ဆီမပါ၀င္တာေၾကာင့္ တိုက္စစ္ပိုင္းမွာ အသစ္ေခၚယူထားတဲ့ ဂရစ္မန္း နဲ႔ ဆြာရက္ဇ္တို႔ကို တြဲဖက္ပြဲထုတ္လာဖြယ္ရွိေနျပီး ဂရစ္မန္းအေနနဲ႔ မက္ဆီမရွိခ်ိန္မွာ အသင္းအတြက္ေျခစြမ္းျပႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

Unicode Version

ဘာစီလိုနာအသင်းဟာ ဒီနေ့မှာ ကစားရမယ့် ဘီဘာအိုနဲ့ လာလီဂါအဖွင့်ပွဲကို တိုက်စစ်မှူးမက်ဆီ ပါဝင်မှာမဟုတ်ပဲ ကစားရတော့မှာဖြစ်ပါတယ်။ မက်ဆီဟာ ခြေသလုံးဒဏ်ရာရရှိထားလို့ အဖွင့်ပွဲကို လွဲချော်ရတော့မှာဖြစ်ပြီး ဘာစီလိုနာအတွက်လည်း (၁၀)နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် မက်ဆီ မပါဝင်ပဲနဲ့ လာလီဂါအဖွင့်ပွဲကို ကစားရတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ မက်ဆီက ဘာစီလိုနာအတွက် ၃၄ပွဲကစားပြီး ၃၆ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ အသက် ၃၂နှစ်အရွယ် တိုက်စစ်မှူးဟာ ဒဏ်ရာကပြန်လည်သက်သာလာနေပေမယ့်လည်း နည်းပြဗယ်လ်ဗာဒီက အရဲစွန့်ပွဲထုတ်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားတယ်လို့လည်း စပိန်သတင်းဌာနများက ဖော်ပြခဲ့ကြပါတယ်။

“ မက်ဆီအတွက် အရဲစွန့်တာမျိုးတွေ ကျွန်တော်တို့ လုပ်သွားမှာမဟုတ်ပါဘူး၊ အသင်းနဲ့အတူ သူ လေ့ကျင့်ခန်းမဆင်းနိုင်တာ မှန်ပါတယ်၊ ကျွန်တော်တို့ သူ သက်သာလာတဲ့အထိ စောင့်ဆိုင်းသွားမှာပါ၊ သူ့ဒဏ်ရာက တဖြည်းဖြည်းနဲ့ တိုးတက်ကောင်းမွန်လာပါတယ်” လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဗယ်လ်ဗာဒီက ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာမှာ မက်ဆီအပြင် ဂိုးသမား နက်တို၊ တိုဒီဘို၊ အာသာ၊ ဗီဒယ်လ်တို့လည်း မပါဝင်ဘူးလို့ သိရပါတယ်။ ဘာစီလိုနာအနေနဲ့ မက်ဆီမပါဝင်တာကြောင့် တိုက်စစ်ပိုင်းမှာ အသစ်ခေါ်ယူထားတဲ့ ဂရစ်မန်း နဲ့ ဆွာရက်ဇ်တို့ကို တွဲဖက်ပွဲထုတ်လာဖွယ်ရှိနေပြီး ဂရစ်မန်းအနေနဲ့ မက်ဆီမရှိချိန်မှာ အသင်းအတွက်ခြေစွမ်းပြနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။