ဇီဒန္းအရွိမျဖစ္လိုခ်င္ေနခဲ့တဲ့ ကစားသမား (၂) ဦး

Zidane left fuming as Real Madrid lose at Mallorca in La Liga

ဇီဒန္းကို နည္းျပသစ္အျဖစ္ ျပန္လည္ခန္႔အပ္မႈနဲ႔အတူ ရီးရဲလ္မက္ဒရစ္ကေတာ့ သမိုင္းသစ္ကို ျပန္လည္စတင္ဖို႔ အစျပဳလုိက္ပါျပီ။ ပီရက္ဇ္က အေျပာင္းအေရႊ႕စရိတ္ သန္း (၃၀၀)အထိ ဇီဒန္းကို ထုတ္ေပးသြားမယ္လို႔လည္း ကတိေပးခဲ့တယ္လို႔ သတင္းေတြက ထြက္ေနပါတယ္။ ဇီဒန္းအတြက္ အသင္းကို စိတ္ၾကိဳက္ဖန္တီးျပဳျပင္လုိ႔ရတဲ့ ေငြေၾကးျဖစ္ပါတယ္။ ဒါေၾကာင့္ ဇီဒန္းလက္ထက္မွာ ဘယ္ကစားသမားေတြကို ၀ယ္ယူဖို႔ ပစ္မွတ္ထားေနသလဲဆိုတာကို ၾကည့္လိုက္ရေအာင္။

၁။ အီဒင္ဟာဇက္

 

ရီးရဲလ္မက္ဒရစ္ရဲ႕ ကာလရွည္ပစ္မွတ္ျဖစ္သလို ေရာ္နယ္ဒိုေနရာ အစားထိုးဖို႔ အေကာင္းဆံုးကစားသမားလည္း ျဖစ္ပါတယ္။ ခ်ယ္လ္ဆီးနဲ႔ စာခ်ဳပ္သစ္ကိစၥ အဆင္မေျပေသးတာ၊ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ ရုန္းကန္ေနရတာ၊ ဆာရီရဲ႕ကစားကြက္ကို စိတ္ပ်က္ေနဟန္ ရွိေနတာေတြက ဟာဇက္ကို ေခၚယူဖို႔အတြက္ ရီးရဲလ္အတြက္ အေကာင္းဆံုးအေျခအေနေတြ ျဖစ္ေနပါတယ္။ ရီးရဲလ္မွာ ဟာဇက္နဲ႔ ရင္းႏွီးတဲ့ ေကာ္တြိဳက္စ္လည္း ရွိေနျပီး ေကာ္တြိဳက္စ္ကလည္း ဟာဇက္ကို ရီးရဲလ္ဆီ ေျပာင္းေရႊ႕လာဖို႔ စည္းရံုးေပးေနပါတယ္။ ဇီဒန္းကိုယ္တိုင္လည္း ဟာဇက္ကို သေဘာက်ေနတာမို႔ သူတို႔အေနနဲ႔ လာမယ့္ရာသီမွာ ဟာဇက္ကို မျဖစ္မေန အရေခၚယူဖို႔ ၾကိဳးစားမယ္ဆိုတာ ေျမၾကီးလက္ခတ္မလြဲပါပဲ။

၂။ ဘတ္ပီ

ဇီဒန္းကို နည္းျပအျဖစ္ ျပန္လည္ခန္႔အပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ပီရက္ဇ္ေျပာခဲ့တာ ေတာ္ေတာ္ေလး စဥ္းစားစရာပါ။ သူက ဘတ္ပီကို ေခၚယူေပးဖို႔အတြက္ ဇီဒန္းကို ေျပာခဲ့တာျဖစ္ျပီး ျပင္သစ္သားအခ်င္းခ်င္းမို႔ တစ္ခုခုေတာ့ လုပ္ႏိုင္ေကာင္းပါရဲ႕လိ႔ု ေျပာခဲ့တာက ဘတ္ပီကို သူတို႔ေတြ အသင္းအတြက္ ေခၚယူသြားဖို႔ စီစဥ္ေနတာ ထင္ရွားပါတယ္။ ဘတ္ပီကလည္း ပီရက္ဇ္ မက္ေမာခ်င္စရာေကာင္းေလာက္ေအာင္ ေျခစြမ္းျပေနသူျဖစ္ျပီး သူ႔ကိုသာေခၚယူႏိုင္ခဲ့မယ္ဆိုရင္ ရီးရဲလ္မွာ စီမံခန္႔ခြဲမႈေတြ အားနည္းေနတယ္လို႔ ေ၀ဖန္ခံေနရတဲ့ ပီရက္ဇ္အတြက္ ပရိသတ္ေတြရဲ႕ အျမင္ကို ေျပာင္းလဲပစ္ႏိုင္မွာလည္း ျဖစ္ပါတယ္။ ဒီလိုအေနအထားမ်ိဳးကို ပီရက္ဇ္က ခဏခဏလုပ္ျပေနက်မို႔လည္း ဘတ္ပီနဲ႔ ရီးရဲလ္အေၾကာင္းကလည္း ေစာင့္ၾကည့္ခ်င္စရာပါ။ ကမၻာ့အေကာင္းဆံုး ကလပ္အသင္းကို ကမၻာ့အေကာင္းဆံုး လူငယ္ကစားသမားက လာေရာက္ပူးေပါင္းမလားဆိုတာ စိတ္၀င္စားစရာပါ။ ဘတ္ပီအတြက္ ေငြေၾကးတတ္ႏိုင္တဲ့အင္အားလည္း ရီးရဲလ္မွာ ရွိေနပါတယ္။

Unicode Version

ဇီဒန်းကို နည်းပြသစ်အဖြစ် ပြန်လည်ခန့်အပ်မှုနဲ့အတူ ရီးရဲလ်မက်ဒရစ်ကတော့ သမိုင်းသစ်ကို ပြန်လည်စတင်ဖို့ အစပြုလိုက်ပါပြီ။ ပီရက်ဇ်က အပြောင်းအရွှေ့စရိတ် သန်း (၃၀၀)အထိ ဇီဒန်းကို ထုတ်ပေးသွားမယ်လို့လည်း ကတိပေးခဲ့တယ်လို့ သတင်းတွေက ထွက်နေပါတယ်။ ဇီဒန်းအတွက် အသင်းကို စိတ်ကြိုက်ဖန်တီးပြုပြင်လို့ရတဲ့ ငွေကြေးဖြစ်ပါတယ်။ ဒါကြောင့် ဇီဒန်းလက်ထက်မှာ ဘယ်ကစားသမားတွေကို ဝယ်ယူဖို့ ပစ်မှတ်ထားနေသလဲဆိုတာကို ကြည့်လိုက်ရအောင်။

၁။ အီဒင်ဟာဇက်

ရီးရဲလ်မက်ဒရစ်ရဲ့ ကာလရှည်ပစ်မှတ်ဖြစ်သလို ရော်နယ်ဒိုနေရာ အစားထိုးဖို့ အကောင်းဆုံးကစားသမားလည်း ဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေသေးတာ၊ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်နေရတာ၊ ဆာရီရဲ့ကစားကွက်ကို စိတ်ပျက်နေဟန် ရှိနေတာတွေက ဟာဇက်ကို ခေါ်ယူဖို့အတွက် ရီးရဲလ်အတွက် အကောင်းဆုံးအခြေအနေတွေ ဖြစ်နေပါတယ်။ ရီးရဲလ်မှာ ဟာဇက်နဲ့ ရင်းနှီးတဲ့ ကော်တွိုက်စ်လည်း ရှိနေပြီး ကော်တွိုက်စ်ကလည်း ဟာဇက်ကို ရီးရဲလ်ဆီ ပြောင်းရွှေ့လာဖို့ စည်းရုံးပေးနေပါတယ်။ ဇီဒန်းကိုယ်တိုင်လည်း ဟာဇက်ကို သဘောကျနေတာမို့ သူတို့အနေနဲ့ လာမယ့်ရာသီမှာ ဟာဇက်ကို မဖြစ်မနေ အရခေါ်ယူဖို့ ကြိုးစားမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။

၂။ ဘတ်ပီ

ဇီဒန်းကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပီရက်ဇ်ပြောခဲ့တာ တော်တော်လေး စဉ်းစားစရာပါ။ သူက ဘတ်ပီကို ခေါ်ယူပေးဖို့အတွက် ဇီဒန်းကို ပြောခဲ့တာဖြစ်ပြီး ပြင်သစ်သားအချင်းချင်းမို့ တစ်ခုခုတော့ လုပ်နိုင်ကောင်းပါရဲ့လို့ ပြောခဲ့တာက ဘတ်ပီကို သူတို့တွေ အသင်းအတွက် ခေါ်ယူသွားဖို့ စီစဉ်နေတာ ထင်ရှားပါတယ်။ ဘတ်ပီကလည်း ပီရက်ဇ် မက်မောချင်စရာကောင်းလောက်အောင် ခြေစွမ်းပြနေသူဖြစ်ပြီး သူ့ကိုသာခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ရီးရဲလ်မှာ စီမံခန့်ခွဲမှုတွေ အားနည်းနေတယ်လို့ ဝေဖန်ခံနေရတဲ့ ပီရက်ဇ်အတွက် ပရိသတ်တွေရဲ့ အမြင်ကို ပြောင်းလဲပစ်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒီလိုအနေအထားမျိုးကို ပီရက်ဇ်က ခဏခဏလုပ်ပြနေကျမို့လည်း ဘတ်ပီနဲ့ ရီးရဲလ်အကြောင်းကလည်း စောင့်ကြည့်ချင်စရာပါ။ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းကို ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားက လာရောက်ပူးပေါင်းမလားဆိုတာ စိတ်ဝင်စားစရာပါ။ ဘတ်ပီအတွက် ငွေကြေးတတ်နိုင်တဲ့အင်အားလည်း ရီးရဲလ်မှာ ရှိနေပါတယ်။

မွတ္ခ်က္မ်ား။