ေရာ္နယ္ဒိုေနရာကို ဟာဇက္က အစားမထိုးႏိုင္ဘူးလို႔ အာစင္၀င္းဂါး ေျပာဆို

Zidane left fuming as Real Madrid lose at Mallorca in La Liga

အာဆင္နယ္အသင္းနည္းျပေဟာင္းအာစင္၀င္းဂါးက အီဒင္ဟာဇက္ဟာ ရီးရဲလ္မက္ဒရစ္အသင္းေအာင္ျမင္မႈအတြက္ အေျဖတစ္ခုျဖစ္ေပမယ့္လည္း ေရာ္နယ္ဒိုေနရာကို အစားမထိုးႏိုင္ဘူးလို႔ ေျပာဆိုလိုက္ပါတယ္။ ဟာဇက္ကေတာ့ ဂရန္နာဒါနဲ႔ ကစားခ့ဲတဲ့ လာလီဂါ ပြဲစဥ္ ၇ မွာမွ အသင္းအတြက္ ပထမဆံုးသြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈေတြကို ျပဳလုပ္ေပးႏိုင္ခဲ့သူျဖစ္ပါတယ္။

Southgate has message for Bulgaria president regarding racism

ဟာဇက္ကို ေရာ္နယ္ဒိုေနရာအစားထိုးႏိုင္မယ့္ ကစားသမားအျဖစ္ အသင္းနဲ႔ အသင္းပရိသတ္ေတြက ရည္ရြယ္ထားေပမယ့္ ၀င္းဂါးကေတာ့ ေရာ္နယ္ဒိုေနရာကို အစားမထိုးႏိုင္ဘူးလို႔ သံုးသပ္ခဲ့တာျဖစ္ပါတယ္။ ဟာဇက္အတြက္ ရီးရဲလ္မက္ဒရစ္အသင္းဟာ ခ်ယ္လ္ဆီးကို ေပါင္ ၈၈သန္းအထိ ေပးေခ်ခဲ့ရျပီး ေခၚယူခဲ့တာျဖစ္ပါတယ္။

“ သူက ရီးရဲလ္အတြက္ အေျဖျဖစ္ခ်င္ျဖစ္လာပါလိမ့္မယ္၊ ဒါေပမယ့္ ေရာ္နယ္ဒိုေနရာကိုေတာ့ အစားမထိုးႏိုင္ပါဘူး၊ ဒါက အေသအခ်ာပါပဲ၊ သူက တစ္ႏွစ္ကို ဂိုး ၅၀ သြင္းယူႏိုင္သူလည္းမဟုတ္ပါဘူး၊ ရီးရဲလ္အေနနဲ႔ ဂိုးသြင္းမယ့္သူတစ္ဦးကို လိုအပ္ေနပါေသးတယ္၊ ဘာလို႔လဲ
ဆိုေတာ့ ဘန္ဇီမာက အခုဆို ၃၂ ႏွစ္ရွိေနပါျပီ”

“ တကယ္လုိ႔ ဘန္ဇီမာနဲ႔အတူ လူငယ္ကစားသမားေတြရွီေနျပီး ဂိုးသြင္းႏိုင္မယ္ဆိုရင္ ပိုျပီးေကာင္းလာမွာပါ၊ ဟာဇက္ကေတာ့ ဖန္တီးမႈအားေကာင္းတဲ့ ကစားသမားပါ၊ တခါတေလမွာ သူ ဂုိးသြင္းႏိုင္ပါလိမ့္မယ္၊ သူ႔အေနနဲ႔ ပြဲၾကီးပြဲေကာင္းေတြကစားဖို႔ လိုအပ္ေနပါတယ္၊ သူက ဘာကိုမွ ေၾကာက္ရြံ႕တဲ့သူမ်ိဳးမဟုတ္ပါဘူး၊ လက္ရွိမွာေတာ့ ရီးရဲလ္က ဟာဇက္အစစ္ကို မျမင္ရေသးဘူးလို႔ ကၽြန္ေတာ္ထင္ပါတယ္” လုိ႔ ၀င္းဂါးက ေျပာခဲ့ပါတယ္။

Unicode

အာဆင်နယ်အသင်းနည်းပြဟောင်းအာစင်ဝင်းဂါးက အီဒင်ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းအောင်မြင်မှုအတွက် အဖြေတစ်ခုဖြစ်ပေမယ့်လည်း ရော်နယ်ဒိုနေရာကို အစားမထိုးနိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဟာဇက်ကတော့ ဂရန်နာဒါနဲ့ ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၇ မှာမှ အသင်းအတွက် ပထမဆုံးသွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေကို ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ဟာဇက်ကို ရော်နယ်ဒိုနေရာအစားထိုးနိုင်မယ့် ကစားသမားအဖြစ် အသင်းနဲ့ အသင်းပရိသတ်တွေက ရည်ရွယ်ထားပေမယ့် ဝင်းဂါးကတော့ ရော်နယ်ဒိုနေရာကို အစားမထိုးနိုင်ဘူးလို့ သုံးသပ်ခဲ့တာဖြစ်ပါတယ်။ ဟာဇက်အတွက် ရီးရဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးကို ပေါင် ၈၈သန်းအထိ ပေးချေခဲ့ရပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။

“ သူက ရီးရဲလ်အတွက် အဖြေဖြစ်ချင်ဖြစ်လာပါလိမ့်မယ်၊ ဒါပေမယ့် ရော်နယ်ဒိုနေရာကိုတော့ အစားမထိုးနိုင်ပါဘူး၊ ဒါက အသေအချာပါပဲ၊ သူက တစ်နှစ်ကို ဂိုး ၅၀ သွင်းယူနိုင်သူလည်းမဟုတ်ပါဘူး၊ ရီးရဲလ်အနေနဲ့ ဂိုးသွင်းမယ့်သူတစ်ဦးကို လိုအပ်နေပါသေးတယ်၊ ဘာလို့လဲ
ဆိုတော့ ဘန်ဇီမာက အခုဆို ၃၂ နှစ်ရှိနေပါပြီ”

“ တကယ်လို့ ဘန်ဇီမာနဲ့အတူ လူငယ်ကစားသမားတွေရှီနေပြီး ဂိုးသွင်းနိုင်မယ်ဆိုရင် ပိုပြီးကောင်းလာမှာပါ၊ ဟာဇက်ကတော့ ဖန်တီးမှုအားကောင်းတဲ့ ကစားသမားပါ၊ တခါတလေမှာ သူ ဂိုးသွင်းနိုင်ပါလိမ့်မယ်၊ သူ့အနေနဲ့ ပွဲကြီးပွဲကောင်းတွေကစားဖို့ လိုအပ်နေပါတယ်၊ သူက ဘာကိုမှ ကြောက်ရွံ့တဲ့သူမျိုးမဟုတ်ပါဘူး၊ လက်ရှိမှာတော့ ရီးရဲလ်က ဟာဇက်အစစ်ကို မမြင်ရသေးဘူးလို့ ကျွန်တော်ထင်ပါတယ်” လို့ ဝင်းဂါးက ပြောခဲ့ပါတယ်။

မွတ္ခ်က္မ်ား။