ျပင္းထန္တဲ့ဒဏ္ရာရရွိသြားခဲ့တဲ့ အက္သလက္တီကိုရဲ႕ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးရွင္

Morata and Carvajal defend new Spanish Super Cup format

အက္သလက္တီကိုမက္ဒရစ္အသင္းရဲ႕ ကြင္းလယ္တုိက္စစ္ကစားသမားဂ်ာအိုဖီးလစ္ဟာ ဗလန္စီယာနဲ႔ပြဲမွာ ရရွိခဲ့တဲ့ ညာေျခက်င္း၀တ္ဒဏ္ရာေၾကာင့္ အနားယူရေတာ့မယ္လုိ႔ အက္သလက္တီကိုအသင္းက တရား၀င္အတည္ျပဳသြားခဲ့ပါတယ္။ ေပၚတူဂီလက္ေရြးစင္ကစားမသမားဟာ ပြဲျပီးဆံုးဖို႔ ၁၀မိနစ္အလိုမွာ အဆိုပါဒဏ္ရာရရွိခဲ့တာလည္းျဖစ္ပါတယ္။

Conte rules out Ibrahimovic transfer; rues injury to Sanchez

အသက္ ၁၉ႏွစ္အရြယ္ကစားသမားဟာ ဗလန္စီယာအသင္းေခါင္းေဆာင္ပါရီဟို႔စ္နဲ႔ ထိခိုက္မိခဲ့တာျဖစ္ျပီး အက္သလက္တီကိုကလည္း လူစားလဲမႈ ၃ၾကိမ္ျပဳလုပ္ျပီးခဲ့ျပီျဖစ္လို႔ လက္က်န္မိနစ္ေတြကို ၁၀ဦးတည္းနဲ႔ကစားခဲ့ရပါတယ္။ ပြဲအျပီးမွာေတာ့ အက္သလက္တီကိုနည္းျပဆီျမြန္နီက ကစားသမားရဲ႕ ဒဏ္ရာဟာ ျပင္းထန္ဖြယ္ရွိတယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။

ဂ်ာအိုဖီးလစ္ရဲ႕ ဒဏ္ရာကို အေသးစိတ္စစ္ေဆးရေတာ့မွာျဖစ္ျပီး အရြတ္စုတ္ျပဲဒဏ္ရာရရွိတာမ်ိဳးျဖစ္ႏိုင္တယ္လုိ႔လည္း သိရပါတယ္။ အဆိုပါဒဏ္ရာအမ်ဳိးအစားဆိုပါက ဂ်ာအိုဖီးလစ္အေနနဲ႔ အနည္းဆံုးတစ္လခန္႔အနားယူရမွာျဖစ္ျပီး ဒဏ္ရာျပင္းထန္ပါက အဆိုပါကာလထက္ ပိုမိုအနားယူရဖြယ္ရွိတယ္လုိ႔လည္း သိရပါတယ္။

အက္သလက္တီကိုမက္ဒရစ္အသင္းကို ယူရို ၁၂၆သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့ျပီး ကလပ္အသင္းသမိုင္းတစ္ေလွ်ာက္ ေျပာင္းေရႊ႕ေၾကးအမ်ားဆံုးကစားသမားအျဖစ္ ဂ်ာအိုဖီးလစ္က မွတ္တမ္း၀င္ထားသူျဖစ္ပါတယ္။ မေန႔ညက ပြဲမွာ ဒီေယဂိုေကာ္စတာရဲ႕ ပင္နယ္တီသြင္းဂိုးနဲ႔
အက္သလက္တို႔ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ေခ်ပဂိုးျပန္ေပးခဲ့ရျပီး သေရနဲ႔သာေက်နပ္ခဲ့ရပါတယ္။

Unicode

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဂျာအိုဖီးလစ်ဟာ ဗလန်စီယာနဲ့ပွဲမှာ ရရှိခဲ့တဲ့ ညာခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူရတော့မယ်လို့ အက်သလက်တီကိုအသင်းက တရားဝင်အတည်ပြုသွားခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကစားမသမားဟာ ပွဲပြီးဆုံးဖို့ ၁ဝမိနစ်အလိုမှာ အဆိုပါဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၁၉နှစ်အရွယ်ကစားသမားဟာ ဗလန်စီယာအသင်းခေါင်းဆောင်ပါရီဟို့စ်နဲ့ ထိခိုက်မိခဲ့တာဖြစ်ပြီး အက်သလက်တီကိုကလည်း လူစားလဲမှု ၃ကြိမ်ပြုလုပ်ပြီးခဲ့ပြီဖြစ်လို့ လက်ကျန်မိနစ်တွေကို ၁ဝဦးတည်းနဲ့ကစားခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ အက်သလက်တီကိုနည်းပြဆီမြွန်နီက ကစားသမားရဲ့ ဒဏ်ရာဟာ ပြင်းထန်ဖွယ်ရှိတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ဂျာအိုဖီးလစ်ရဲ့ ဒဏ်ရာကို အသေးစိတ်စစ်ဆေးရတော့မှာဖြစ်ပြီး အရွတ်စုတ်ပြဲဒဏ်ရာရရှိတာမျိုးဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။ အဆိုပါဒဏ်ရာအမျိုးအစားဆိုပါက ဂျာအိုဖီးလစ်အနေနဲ့ အနည်းဆုံးတစ်လခန့်အနားယူရမှာဖြစ်ပြီး ဒဏ်ရာပြင်းထန်ပါက အဆိုပါကာလထက် ပိုမိုအနားယူရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းကို ယူရို ၁၂၆သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ကလပ်အသင်းသမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအများဆုံးကစားသမားအဖြစ် ဂျာအိုဖီးလစ်က မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ မနေ့ညက ပွဲမှာ ဒီယေဂိုကော်စတာရဲ့ ပင်နယ်တီသွင်းဂိုးနဲ့
အက်သလက်တို့ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးပြန်ပေးခဲ့ရပြီး သရေနဲ့သာကျေနပ်ခဲ့ရပါတယ်။

မွတ္ခ်က္မ်ား။