မာေယာ့ကာကိုအေရးနိမ့္အျပီး အသင္းသားေတြကို သတိေပးလိုက္ျပီျဖစ္တဲ့ ဇီဒန္း

Morata and Carvajal defend new Spanish Super Cup format

မာေယာ့ကာအသင္းကို အေ၀းကြင္းမွာ အေရးနိမ့္ခဲ့ျပီးေနာက္ ဒီရာသီစပိန္လာလီဂါမွာ ပထမဆံုးရံႈးပြဲန႔ဲ ရင္ဆိုင္လိုက္ရျပီျဖစ္ေပမယ့္ ဇီဒန္းက စိုးရိမ္စရာမရွိဘူးလို႔ ေျပာဆိုလိုက္ပါတယ္။ ဒါေပမယ့္လည္း အသင္းအေနနဲ႔ တည္ျငိမ္တဲ့ေျခစြမ္းမ်ိဳးကို ျပသႏိုင္ဖို႔ေတာ့ လုိအပ္တယ္လုိ႔ ဇီဒန္းက သတိေပးစကားေျပာဆိုသြားခဲ့ပါတယ္။

Conte rules out Ibrahimovic transfer; rues injury to Sanchez

လာဂိုဂ်ဴနီယာရဲ႕ သြင္းဂိုးေၾကာင့္ ရီးရဲလ္ရဲ႕ လာလီဂါရံႈးပြဲမရွိစံခ်ိန္က ပ်က္ျပယ္ခဲ့ရတာလည္းျဖစ္ပါတယ္။ မာေယာ့ကာနဲ႔ပြဲမွာ ဟာဇက္မပါ၀င္ႏိုင္ခဲ့သလို အခြင့္အေရးဖန္တီးမႈအပိုင္းမွာ အားနည္းခဲ့လို႔ ရီးရဲလ္မက္ဒရစ္တို႔ အေရးနိမ့္ခဲ့ရပါတယ္။ လာလီဂါအမွတ္ေပးဇယားကိုေတာ့ အီဘာကို အႏိုင္ရရွိခဲ့တဲ့ ဘာစီလိုနာက ဦးေဆာင္သြားခဲ့ျပီျဖစ္ပါတယ္။

“ ဒီအေျခအေနက စိုးရိမ္စရာလို႔ ကၽြန္ေတာ္မေျပာပါဘူး၊ ဘာလို႔လဲဆိုေတာ့ အဲဒီစကားလံုးကို ကၽြန္ေတာ္မႏွစ္သက္လုိ႔ပါ၊ ဒါေပမယ့္ ကၽြန္ေတာ္တို႔အေနနဲ႔ တစ္ခုခုကို အႏိုင္လိုခ်င္ရင္ေတာ့ တည္ျငိမ္မႈရွိဖို႔ လိုပါလိမ့္မယ္” လို႔ ဇီဒန္းက ပြဲအျပီးမွာ ေျပာဆိုခဲ့ပါတယ္။ ဒီပြဲမွာေတာ့
တိုနီခရူးစ္၊ မိုဒရစ္၊ ဂါရတ္ေဘးလ္၊ လူးကပ္စ္ဗက္ကြက္ဇ္တို႔လည္း မပါ၀င္ခဲ့ဘူးလို႔ သိရပါတယ္။

“ ဒဏ္ရာျပသနာေတြက ဆင္ေျခမဟုတ္ပါဘူး၊ ဒဏ္ရာမရရွိတဲ့ ကစားသမားေတြ အသင္းမွာရွိပါတယ္၊ အသင္းမွာ အရည္အေသြးျမင့္ကစားသမားေတြ အမ်ားၾကီးပါ၊ သူတို႔အေနနဲ႔ သူတုိ႔ရဲ႕ ေျခစြမ္းအဆင့္အတန္းကို ျပသရမွာပါ၊ ဒဏ္ရာရကစားသမားေတြနဲ႔ေတာ့ ဘာကိုမွ
ကၽြန္ေတာ္တို႔ လုပ္လို႔မရပါဘူး” လို႔ ဇီဒန္းက ထပ္မံေျပာဆိုခဲ့ပါတယ္။

Unicode

မာယော့ကာအသင်းကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပြီးနောက် ဒီရာသီစပိန်လာလီဂါမှာ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပြီဖြစ်ပေမယ့် ဇီဒန်းက စိုးရိမ်စရာမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း အသင်းအနေနဲ့ တည်ငြိမ်တဲ့ခြေစွမ်းမျိုးကို ပြသနိုင်ဖို့တော့ လိုအပ်တယ်လို့ ဇီဒန်းက သတိပေးစကားပြောဆိုသွားခဲ့ပါတယ်။

လာဂိုဂျူနီယာရဲ့ သွင်းဂိုးကြောင့် ရီးရဲလ်ရဲ့ လာလီဂါရှုံးပွဲမရှိစံချိန်က ပျက်ပြယ်ခဲ့ရတာလည်းဖြစ်ပါတယ်။ မာယော့ကာနဲ့ပွဲမှာ ဟာဇက်မပါဝင်နိုင်ခဲ့သလို အခွင့်အရေးဖန်တီးမှုအပိုင်းမှာ အားနည်းခဲ့လို့ ရီးရဲလ်မက်ဒရစ်တို့ အရေးနိမ့်ခဲ့ရပါတယ်။ လာလီဂါအမှတ်ပေးဇယားကိုတော့ အီဘာကို အနိုင်ရရှိခဲ့တဲ့ ဘာစီလိုနာက ဦးဆောင်သွားခဲ့ပြီဖြစ်ပါတယ်။

“ ဒီအခြေအနေက စိုးရိမ်စရာလို့ ကျွန်တော်မပြောပါဘူး၊ ဘာလို့လဲဆိုတော့ အဲဒီစကားလုံးကို ကျွန်တော်မနှစ်သက်လို့ပါ၊ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ တစ်ခုခုကို အနိုင်လိုချင်ရင်တော့ တည်ငြိမ်မှုရှိဖို့ လိုပါလိမ့်မယ်” လို့ ဇီဒန်းက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ ဒီပွဲမှာတော့
တိုနီခရူးစ်၊ မိုဒရစ်၊ ဂါရတ်ဘေးလ်၊ လူးကပ်စ်ဗက်ကွက်ဇ်တို့လည်း မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။

“ ဒဏ်ရာပြသနာတွေက ဆင်ခြေမဟုတ်ပါဘူး၊ ဒဏ်ရာမရရှိတဲ့ ကစားသမားတွေ အသင်းမှာရှိပါတယ်၊ အသင်းမှာ အရည်အသွေးမြင့်ကစားသမားတွေ အများကြီးပါ၊ သူတို့အနေနဲ့ သူတို့ရဲ့ ခြေစွမ်းအဆင့်အတန်းကို ပြသရမှာပါ၊ ဒဏ်ရာရကစားသမားတွေနဲ့တော့ ဘာကိုမှ
ကျွန်တော်တို့ လုပ်လို့မရပါဘူး” လို့ ဇီဒန်းက ထပ်မံပြောဆိုခဲ့ပါတယ်။

မွတ္ခ်က္မ်ား။