ဂရစ္မန္းကိုေလွာင္ေျပာင္ခဲ့တဲ့ပရိသတ္ေတြေၾကာင့္ ကြင္းပိတ္ခံရဖြယ္ရွိေနတဲ့ အက္သလက္တီကို

Valverde plays down El Clasico security fears

အက္သလက္တီကိုမက္ဒရစ္အသင္းဟာ ဘာစီလိုနာနဲ႔ကစားခဲ့တဲ့ပြဲမွာ ကစားသမားေဟာင္းဂရစ္မန္းကို ထိခိုက္ေသဆံုးေစဖို႔အထိ ရည္ရြယ္ျပီးေလွာင္ေျပာင္ခဲ့တဲ့ ပရိသတ္ေတြရဲ႕ လုပ္ရပ္ေၾကာင့္ ကြင္းပိတ္ျပစ္ဒဏ္ကို ခံယူရဖြယ္ရွိတယ္လို႔ သိရပါတယ္။ ဘာစီလိုနာက မက္ဆီရဲ႕တစ္လံုးတည္းေသာသြင္းဂိုးနဲ႔အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ျဖစ္ပြားခဲ့တာလည္းျဖစ္ပါတယ္။

Wolves boss Nuno lashes out at ‘crazy’ schedule

အဆိုပါပြဲမွာ ဂရစ္မန္းက ပထမဆံုးအၾကိမ္အျဖစ္ အသင္းေဟာင္းကို ျပိဳင္ဘက္အျဖစ္နဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ၀မ္ဒါမက္ထရိုပိုလီတန္ႏိုကြင္းၾကီးအတြင္းမွာ ျပင္သစ္တိုက္စစ္မွဴးကို အသင္းေဟာင္းပရိသတ္ေတြက ေအာ္ဟစ္ေလွာင္ေျပာင္မႈေတြျပဳလုပ္ခဲ့ၾကျပီး ဂရစ္မန္းေသပါေစဆိုတဲ့ သံျပိဳင္ေအာ္ဟစ္မႈေတြကိုလည္း ျပဳလုပ္ခဲ့ၾကပါတယ္။

ဂရစ္မန္းကေတာ့ ျပီးခဲ့တဲ့ေႏြရာသီကမွ ေပါင္ ၁၀၈သန္းနဲ႔ အက္သလက္တီကိုမက္ဒရစ္ကေန ဘာစီလိုနာကို ေျပာင္းေရႊ႕သြားခဲ့တာျဖစ္ပါတယ္။ အက္သလက္တီကိုအေနနဲ႔ ေငြဒဏ္ကိုပါ ေဆာင္ရဖြယ္ရွိသလုိ ကြင္းပိတ္ျပစ္ဒဏ္ကိုလည္း ခံယူရႏိုင္တယ္လုိ႔ စပိန္ေရဒီယုိသတင္းဌာနတစ္ခုျဖစ္တဲ့ Cope က ေဖာ္ျပသြားခဲ့ပါတယ္။

ဘာစီလိုနာကေတာ့ ပြဲၾကပ္တစ္ပြဲကို အႏိုင္ရရွိခဲ့လို႔ အမွတ္ေပးဇယားမွာ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ မက္ဆီက ပြဲျပီးခါနီးမွာ လွပတဲ့ သြင္းဂိုးတစ္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဂရစ္မန္းကေတာ့ အသင္းေဟာင္းနဲ႔ ရင္ဆိုင္ခဲ့ရခ်ိန္မွာ ထင္သေလာက္ေျခစြမ္းမျပႏိုင္ခဲ့ဘဲ ရုန္းကန္မႈေတြရွိေနခဲ့တာကိုလည္း ေတြ႔ရွိခဲ့ရပါတယ္။

Unicode

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဘာစီလိုနာနဲ့ကစားခဲ့တဲ့ပွဲမှာ ကစားသမားဟောင်းဂရစ်မန်းကို ထိခိုက်သေဆုံးစေဖို့အထိ ရည်ရွယ်ပြီးလှောင်ပြောင်ခဲ့တဲ့ ပရိသတ်တွေရဲ့ လုပ်ရပ်ကြောင့် ကွင်းပိတ်ပြစ်ဒဏ်ကို ခံယူရဖွယ်ရှိတယ်လို့ သိရပါတယ်။ ဘာစီလိုနာက မက်ဆီရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါပွဲမှာ ဂရစ်မန်းက ပထမဆုံးအကြိမ်အဖြစ် အသင်းဟောင်းကို ပြိုင်ဘက်အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဝမ်ဒါမက်ထရိုပိုလီတန်နိုကွင်းကြီးအတွင်းမှာ ပြင်သစ်တိုက်စစ်မှူးကို အသင်းဟောင်းပရိသတ်တွေက အော်ဟစ်လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပြီး ဂရစ်မန်းသေပါစေဆိုတဲ့ သံပြိုင်အော်ဟစ်မှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

ဂရစ်မန်းကတော့ ပြီးခဲ့တဲ့နွေရာသီကမှ ပေါင် ၁၀၈သန်းနဲ့ အက်သလက်တီကိုမက်ဒရစ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုအနေနဲ့ ငွေဒဏ်ကိုပါ ဆောင်ရဖွယ်ရှိသလို ကွင်းပိတ်ပြစ်ဒဏ်ကိုလည်း ခံယူရနိုင်တယ်လို့ စပိန်ရေဒီယိုသတင်းဌာနတစ်ခုဖြစ်တဲ့ Cope က ဖော်ပြသွားခဲ့ပါတယ်။

ဘာစီလိုနာကတော့ ပွဲကြပ်တစ်ပွဲကို အနိုင်ရရှိခဲ့လို့ အမှတ်ပေးဇယားမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ မက်ဆီက ပွဲပြီးခါနီးမှာ လှပတဲ့ သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဂရစ်မန်းကတော့ အသင်းဟောင်းနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ ထင်သလောက်ခြေစွမ်းမပြနိုင်ခဲ့ဘဲ ရုန်းကန်မှုတွေရှိနေခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

မွတ္ခ်က္မ်ား။