အန္ဆူဖာတီရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးကို ၄ ဆအထိ တိုးျမွင့္ခဲ့တဲ့ ဘာစီလိုနာ

Valverde plays down El Clasico security fears

ဘာစီလိုနာအသင္းဟာ အကယ္ဒမီထြက္ၾကယ္ပြင့္ကစားသမား အန္ဆူဖာတီကို ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ျပီျဖစ္ပါတယ္။ အဆိုပါစာခ်ဳပ္မွာ ကစားသမားရဲ႕ ေလ်ာ္ေၾကးကို တုိးျမွင့္သြားခဲ့တယ္လို႔ သိရျပီး လုပ္ခလစာကိုလည္း ပိုမိုေပးေခ်သြားခဲ့တယ္လို႔ သိရတာေၾကာင့္ ဒီကစားသမားကို လက္မလႊတ္ရဖို႔ အေကာင္းဆံုးျပင္ဆင္သြားခဲ့တာကို ေတြ႔ျမင္ရပါတယ္။

‘I’m in great admiration of Guardiola & Klopp’ – England rugby coach Eddie Jones

ဖာတီကေတာ့ ဒီရာသီမွာ အသင္းၾကီးအတြက္ စတင္ကစားေပးခဲ့ရျပီး ေျခစြမ္းျပႏိုင္ခဲ့သူျဖစ္ပါတယ္။ အသက္ ၁၇ ႏွစ္အရြယ္သာ ရွိေသးျပီး ဘာစီလိုနာနဲ႔ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ကို မခ်ဳပ္ဆိုရေသးသူျဖစ္ပါတယ္။ ဒါေပမယ့္ ဘာစီလိုနာက စာခ်ဳပ္ခ်ဳပ္ဆိုဖို႔အတြက္ သေဘာတူညီမႈရရွိေအာင္ စြမ္းေဆာင္ထားႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

မူလာက ကစားသမားအတြက္ စာခ်ဳပ္ဖ်က္သိမ္းေၾကးကို ယူရိုသန္း ၁၀၀ သာ သတ္မွတ္ခဲ့ေပမယ့္လည္း အခုအခါမွာေတာ့ ယူရိုသန္း ၄၀၀ အထိ ရွိသြားခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၁၈ ႏွစ္ ျပည့္ေျမာက္ခ်ိန္မွာ ဖာတီက ဘာစီလိုနာနာနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုမွာျဖစ္ျပီး လာမာစီယာအကယ္ဒမီထြက္ကစားသမားက ဘယ္ေလာက္ထိ ေျခစြမ္းျပႏိုင္မလဲ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဖာတီကေတာ့ ၾသဂုတ္လတြင္းမွာ အသင္းအတြက္ စတင္ပြဲထြက္ကစားေပးခဲ့ျပီး အိုဆာဆူနာနဲ႔ပြဲမွာ သူ႔ရဲ႕ အသင္းၾကီးပထမဆံုးဂိုးကုိ သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဒါဟာ လာလီဂါသမုိင္းမွာ အသက္အငယ္ဆံုးဂုိးသြင္းႏိုင္သူအျဖစ္ မွတ္တမ္း၀င္ခဲ့သလို ဘာစီလိုအသင္းသမုိင္းမွာလည္းးထူးျခားတဲ့ စံခ်ိန္မွတ္တမ္းေတြဓကို သူက ေရးထိုးထားႏိုင္ခဲ့ပါတယ္။

Unicode

ဘာစီလိုနာအသင်းဟာ အကယ်ဒမီထွက်ကြယ်ပွင့်ကစားသမား အန်ဆူဖာတီကို ၂၀၂၂ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ အဆိုပါစာချုပ်မှာ ကစားသမားရဲ့ လျော်ကြေးကို တိုးမြှင့်သွားခဲ့တယ်လို့ သိရပြီး လုပ်ခလစာကိုလည်း ပိုမိုပေးချေသွားခဲ့တယ်လို့ သိရတာကြောင့် ဒီကစားသမားကို လက်မလွှတ်ရဖို့ အကောင်းဆုံးပြင်ဆင်သွားခဲ့တာကို တွေ့မြင်ရပါတယ်။

ဖာတီကတော့ ဒီရာသီမှာ အသင်းကြီးအတွက် စတင်ကစားပေးခဲ့ရပြီး ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ်သာ ရှိသေးပြီး ဘာစီလိုနာနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ကို မချုပ်ဆိုရသေးသူဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာက စာချုပ်ချုပ်ဆိုဖို့အတွက် သဘောတူညီမှုရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မူလာက ကစားသမားအတွက် စာချုပ်ဖျက်သိမ်းကြေးကို ယူရိုသန်း ၁၀၀ သာ သတ်မှတ်ခဲ့ပေမယ့်လည်း အခုအခါမှာတော့ ယူရိုသန်း ၄၀၀ အထိ ရှိသွားခဲ့တယ်လို့ သိရပါတယ်။ အသက် ၁၈ နှစ် ပြည့်မြောက်ချိန်မှာ ဖာတီက ဘာစီလိုနာနာနဲ့ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး လာမာစီယာအကယ်ဒမီထွက်ကစားသမားက ဘယ်လောက်ထိ ခြေစွမ်းပြနိုင်မလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဖာတီကတော့ သြဂုတ်လတွင်းမှာ အသင်းအတွက် စတင်ပွဲထွက်ကစားပေးခဲ့ပြီး အိုဆာဆူနာနဲ့ပွဲမှာ သူ့ရဲ့ အသင်းကြီးပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါဟာ လာလီဂါသမိုင်းမှာ အသက်အငယ်ဆုံးဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့သလို ဘာစီလိုအသင်းသမိုင်းမှာလည်းးထူးခြားတဲ့ စံချိန်မှတ်တမ်းတွေဓကို သူက ရေးထိုးထားနိုင်ခဲ့ပါတယ်။

မွတ္ခ်က္မ်ား။