ဗယ္လ္ဗာဒီကို နည္းျပရာထူးက ျဖဳတ္ခ်ပစ္ခဲ့တဲ့ ရံႈးပြဲ (၅)ပြဲ

‘It doesn’t change anything’ says Zidane as Real Madrid top La Liga

ဘာစီလိုနာကို လာလီဂါဖလားႏွစ္လံုး ၂ႏွစ္ဆက္တိုက္ရယူေပးခဲ့ေပမယ့္လည္း ေနာက္ဆံုးမွာေတာ့ ဗယ္လ္ဗာဒီက အသင္းကေန ထြက္ခြာခဲ့ရပါတယ္။ အာနက္စတိုဗယ္လ္ဗာဒီဟာ ၁၇ ႏွစ္အတြင္းမွာ ဘာစီလိုနာကေန ပထမဆံုးထုတ္ပယ္ခံရတဲ့ နည္းျပလည္းျဖစ္လာခဲ့ပါတယ္။ ဒီလိုထုတ္ပယ္ခံရမႈရဲ႕ ေနာက္ကြယ္မွာ သူ႔ရဲ႕နည္းစနစ္ပိုင္း၊ ဗ်ဴဟာပိုင္းေတြ အားနည္းမႈအျပင္ အဓိကက်တဲ့ ရံႈးပြဲေတြေၾကာင့္လည္း ပါ၀င္ခဲ့ပါတယ္။ ဗယ္လ္ဗာဒီရဲ႕ ႏူးကမ့္ပဲ့ကိုင္ရွင္ဘ၀ကို နိဂံုးကမၸတ္အဆံုးသတ္ေစခဲ့တဲ့ ပြဲစဥ္ ၅ပြဲကို ေဖာ္ျပေပးခ်င္ပါတယ္။

Where Heart Meets Mind: Hertha Berlin

ရိုးမား ၃-၀ ဘာစီလိုနာ

၂၀၁၈ အတြင္းက ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္ပါ။ ပထမအေက်ာ့မွာ ဘာစီလိုနာက ၄-၁ နဲ႔ ႏူးကမ့္မွာ အႏိုင္ရခဲ့လို႔ ဆီမီးဖိုင္နယ္ကို ေအးေအးေဆးေဆးတက္ေရာက္ႏိုင္မယ္ဆိုတာ အားလံုးကတြက္ခ်က္ျပီးပါျပီ။ လာလီဂါမွာလည္း ၃၆ ပြဲဆက္တိုက္ရံႈးပြဲမရွိစံခ်ိန္နဲ႔ ဘာစီလိုနာက ေရွ႕ဆက္ေနခဲ့တာျဖစ္လို႔ ပိုျပီးေမွ်ာ္လင့္စရာေကာင္းခဲ့တာပါ။ ဒါေပမယ့္ ေရာမေျမမွာေပၚမွာ ဘာစီလိုနာတို႔ ရင္ကြဲခဲ့ရပါတယ္။ ရိုးမားက ၃ဂိုးအထိ သြင္းယူခဲ့ျပီး အသည္းကြဲသြင္းဂိုးကိုေတာ့ ပြဲျပီးခါနီးမွာ ရိုးမားေနာက္ခံလူမာႏိုလတ္စ္က သြင္းယူသြားခဲ့ျပီး ဗယ္လ္ဗာဒီရဲ႕ အသင္းကလည္း ထြက္ခြာခဲ့ရပါတယ္။

လီဗာပူးလ္ ၄-၀ ဘာစီလိုနာ

တစ္ကမၻာလံုး Shock ျဖစ္ခဲ့တဲ့ ပြဲပါ။ ျပီးခဲ့တဲ့ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ဒုတိယအေက်ာ့ပါပဲ။ ပထမအေက်ာ့မွာ ဘာစီလိုနာက ၃ ဂိုးအျပတ္နဲ႔ အႏိုင္ယူထားျပီး အေ၀းဂိုးလည္း မေပးခဲ့ရပါဘူး။ ဒါ့အျပင္ အန္ဖီးလ္မွာ လီဗာပူးလ္အတြက္ ဆာလာနဲ႔ ဖာမီႏုိတို႔ မပါ၀င္ခဲ့သလို ေအာ္ရီဂီလိုကစားသမားကို ပြဲထုတ္ခဲ့ရလို႔လည္း ဘာစီိလိုနာက ဗိုလ္လုပြဲေသခ်ာျပီလို႔ အားလံုးက တြက္ဆခဲ့တာပါ။ ဒါေပမယ့္ တကယ္တမ္းကစားခ်ိန္မွာ ၀ိုင္နယ္ဒမ္ရဲ႕ သြင္းဂိုးေတြ၊ အာႏိုးလ္ရဲ႕ ပါးနပ္မႈကေန ေအာ္ရီဂီရဲ႕ ပိတ္သြင္းယူမႈနဲ႔ လီဗာပူးလ္က ၄ဂိုးျပတ္နဲ႔ ျပန္အႏိုင္ယူျပီး ဗိုလ္လုပြဲထိတက္ကာ ဖလားပါသိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ လံုး၀ပ်က္စီးျခင္း၊ ကံဆိုးမိုးေမွာင္က်ျခင္း၊ အျဖစ္ဆိုး၊ သမုိင္း၀င္က်ရံႈးမႈ စသျဖင့္ စပိန္မီဒီယာေတြက ေခါင္းစဥ္တပ္ကာ ဘာစီလိုနာရဲ႕ ရံႈးပြဲကို ေဖာ္ျပခဲ့ပါတယ္။

ဘာစီလိုနာ ၁-၂ ဗလန္စီယာ

ျပီးခဲ့တဲ့ရာသီ ကိုပါဒယ္ေရးဖလားဗိုလ္လုပြဲရလဒ္ပါ။ လာလီဂါဖလားတစ္လံုးတည္းသာ ဆြတ္ခူးထားျပီး ျပည္တြင္းဖလား၂လံုးရယူႏိုင္ဖို႔ ဘာစီလိုနာက ေမွ်ာ္လင့္ခဲ့ေပမယ့္လည္း ဂါမဲရိုး နဲ႔ ရိုဒရီဂိုတုိ႔က ဘာစီလိုုနာကို ထိုးႏွက္ခဲ့ျပန္ပါတယ္။ မက္ဆီက တစ္ဂိုးသြင္းျပီးေခ်ပခဲ့လို႔သာ ဂိုးျပန္ရခဲ့တာျဖစ္ျပီး ဘာစီလိုနာအသင္းဥကၠဌဘာတုိျမဴကိုယ္တိုင္က ဗယ္လ္ဗာဒီကို ျပစ္တင္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒီကတည္းက ဗယ္လ္ဗာဒီရဲ႕ အနာဂတ္က ယိုင္နဲ႔နဲ႔ျဖစ္ေနခဲ့ပါျပီ။

အက္စ္ပန္ညိဳ ၂-၂ ဘာစီလိုနာ

ဒီရာသီလာလီဂါမွာ ေတြ႔ဆံုခဲ့တာပါ။ အေ၀းကြင္းမွာ ဘီလ္ဘာအို၊ ဂရန္နာဒါ၊ လီဗန္ေတးတို႔ကို အေရးနိမ့္ခဲ့တဲ့ ဘာစီလိုနာအတြက္ မဟာျပိဳုင္ဘက္ရီးရဲလ္ကို အခြင့္အေရးေပးခဲ့ရတာလည္းျဖစ္ပါတယ္။ အသင္းက အႏိုင္ရဖို႔အတြက္ ဦးေဆာင္ေနခဲ့ျပီး ဒါဘီျပိဳင္ဘက္အေပၚ ခ်ိဳျမိန္တဲ့ ႏိုင္ပြဲရဖို႔ နီးစပ္ေနခ်ိန္မွာ တရုတ္တိုက္စစ္မွဴး၀ူလိုင္ရဲ႕ ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရျပီး ၂ဂိုးစီသေရက်ခဲ့တာပါ။ ဇယားေအာက္ပိုင္းက အက္စ္ပန္ညိဳအတြက္ အဖိုးတန္ရမွတ္ကို ပိုင္ဆိုင္သြားခဲ့ပါတယ္။

ဘာစီလိုနာ ၂-၃ အက္သလက္တီကုိ

လတ္တေလာကစားခဲ့ျပီးတဲ့ စပိန္စူဖလားဆီမီးဖိုင္နယ္ပါ။ ဗယ္လ္ဗာဒီရဲ႕ နည္းျပဘ၀ကို အဆံုးသတ္ေစခဲ့တဲ့ ပြဲဆိုရင္လည္းမမွားပါဘူး။ ေဆာ္ဒီမွာ က်င္းပခဲ့တဲ့ စူပါဖလားပြဲက ပံုစံအသစ္နဲ႔ ကစားခဲ့တာျဖစ္ျပီး ဆုဖလားရယူႏိုင္ဖို႔ ဘာစီလိုနာက ရည္မွန္းခဲ့ေပမယ့္လည္း ဆီမီးအဆင့္မွာတင္ ရပ္တန္႔ခဲ့ရပါတယ္။ အက္သလက္တီကိုက ပြဲျပီးခါနီး ၈ မိနစ္အလိုမွာ ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြ သြင္းယူျပီးေတာ့ ဗယ္လ္ဗာဒီကိုပါ ရာထူးကေန ထြက္ရေစမယ့္အထိ ျပင္းထန္တဲ့ ရံႈးပြဲကို ဖန္တီးေပးသြားခဲ့ပါတယ္။

Unicode

ဘာစီလိုနာကို လာလီဂါဖလားနှစ်လုံး ၂နှစ်ဆက်တိုက်ရယူပေးခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဗယ်လ်ဗာဒီက အသင်းကနေ ထွက်ခွာခဲ့ရပါတယ်။ အာနက်စတိုဗယ်လ်ဗာဒီဟာ ၁၇ နှစ်အတွင်းမှာ ဘာစီလိုနာကနေ ပထမဆုံးထုတ်ပယ်ခံရတဲ့ နည်းပြလည်းဖြစ်လာခဲ့ပါတယ်။ ဒီလိုထုတ်ပယ်ခံရမှုရဲ့ နောက်ကွယ်မှာ သူ့ရဲ့နည်းစနစ်ပိုင်း၊ ဗျူဟာပိုင်းတွေ အားနည်းမှုအပြင် အဓိကကျတဲ့ ရှုံးပွဲတွေကြောင့်လည်း ပါဝင်ခဲ့ပါတယ်။ ဗယ်လ်ဗာဒီရဲ့ နူးကမ့်ပဲ့ကိုင်ရှင်ဘဝကို နိဂုံးကမ္ပတ်အဆုံးသတ်စေခဲ့တဲ့ ပွဲစဉ် ၅ပွဲကို ဖော်ပြပေးချင်ပါတယ်။

ရိုးမား ၃-၀ ဘာစီလိုနာ

၂၀၁၈ အတွင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ပါ။ ပထမအကျော့မှာ ဘာစီလိုနာက ၄-၁ နဲ့ နူးကမ့်မှာ အနိုင်ရခဲ့လို့ ဆီမီးဖိုင်နယ်ကို အေးအေးဆေးဆေးတက်ရောက်နိုင်မယ်ဆိုတာ အားလုံးကတွက်ချက်ပြီးပါပြီ။ လာလီဂါမှာလည်း ၃၆ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်နဲ့ ဘာစီလိုနာက ရှေ့ဆက်နေခဲ့တာဖြစ်လို့ ပိုပြီးမျှော်လင့်စရာကောင်းခဲ့တာပါ။ ဒါပေမယ့် ရောမမြေမှာပေါ်မှာ ဘာစီလိုနာတို့ ရင်ကွဲခဲ့ရပါတယ်။ ရိုးမားက ၃ဂိုးအထိ သွင်းယူခဲ့ပြီး အသည်းကွဲသွင်းဂိုးကိုတော့ ပွဲပြီးခါနီးမှာ ရိုးမားနောက်ခံလူမာနိုလတ်စ်က သွင်းယူသွားခဲ့ပြီး ဗယ်လ်ဗာဒီရဲ့ အသင်းကလည်း ထွက်ခွာခဲ့ရပါတယ်။

လီဗာပူးလ် ၄-၀ ဘာစီလိုနာ

တစ်ကမ္ဘာလုံး Shock ဖြစ်ခဲ့တဲ့ ပွဲပါ။ ပြီးခဲ့တဲ့ဘောလုံးရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပါပဲ။ ပထမအကျော့မှာ ဘာစီလိုနာက ၃ ဂိုးအပြတ်နဲ့ အနိုင်ယူထားပြီး အဝေးဂိုးလည်း မပေးခဲ့ရပါဘူး။ ဒါ့အပြင် အန်ဖီးလ်မှာ လီဗာပူးလ်အတွက် ဆာလာနဲ့ ဖာမီနိုတို့ မပါဝင်ခဲ့သလို အော်ရီဂီလိုကစားသမားကို ပွဲထုတ်ခဲ့ရလို့လည်း ဘာစီိလိုနာက ဗိုလ်လုပွဲသေချာပြီလို့ အားလုံးက တွက်ဆခဲ့တာပါ။ ဒါပေမယ့် တကယ်တမ်းကစားချိန်မှာ ၀ိုင်နယ်ဒမ်ရဲ့ သွင်းဂိုးတွေ၊ အာနိုးလ်ရဲ့ ပါးနပ်မှုကနေ အော်ရီဂီရဲ့ ပိတ်သွင်းယူမှုနဲ့ လီဗာပူးလ်က ၄ဂိုးပြတ်နဲ့ ပြန်အနိုင်ယူပြီး ဗိုလ်လုပွဲထိတက်ကာ ဖလားပါသိမ်းပိုက်နိုင်ခဲ့ပါတယ်။ လုံးဝပျက်စီးခြင်း၊ ကံဆိုးမိုးမှောင်ကျခြင်း၊ အဖြစ်ဆိုး၊ သမိုင်းဝင်ကျရှုံးမှု စသဖြင့် စပိန်မီဒီယာတွေက ခေါင်းစဉ်တပ်ကာ ဘာစီလိုနာရဲ့ ရှုံးပွဲကို ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာ ၁-၂ ဗလန်စီယာ

ပြီးခဲ့တဲ့ရာသီ ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲရလဒ်ပါ။ လာလီဂါဖလားတစ်လုံးတည်းသာ ဆွတ်ခူးထားပြီး ပြည်တွင်းဖလား၂လုံးရယူနိုင်ဖို့ ဘာစီလိုနာက မျှော်လင့်ခဲ့ပေမယ့်လည်း ဂါမဲရိုး နဲ့ ရိုဒရီဂိုတို့က ဘာစီလိုုနာကို ထိုးနှက်ခဲ့ပြန်ပါတယ်။ မက်ဆီက တစ်ဂိုးသွင်းပြီးချေပခဲ့လို့သာ ဂိုးပြန်ရခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းဥက္ကဌဘာတိုမြူကိုယ်တိုင်က ဗယ်လ်ဗာဒီကို ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီကတည်းက ဗယ်လ်ဗာဒီရဲ့ အနာဂတ်က ယိုင်နဲ့နဲ့ဖြစ်နေခဲ့ပါပြီ။

အက်စ်ပန်ညို ၂-၂ ဘာစီလိုနာ

ဒီရာသီလာလီဂါမှာ တွေ့ဆုံခဲ့တာပါ။ အဝေးကွင်းမှာ ဘီလ်ဘာအို၊ ဂရန်နာဒါ၊ လီဗန်တေးတို့ကို အရေးနိမ့်ခဲ့တဲ့ ဘာစီလိုနာအတွက် မဟာပြိုုင်ဘက်ရီးရဲလ်ကို အခွင့်အရေးပေးခဲ့ရတာလည်းဖြစ်ပါတယ်။ အသင်းက အနိုင်ရဖို့အတွက် ဦးဆောင်နေခဲ့ပြီး ဒါဘီပြိုင်ဘက်အပေါ် ချိုမြိန်တဲ့ နိုင်ပွဲရဖို့ နီးစပ်နေချိန်မှာ တရုတ်တိုက်စစ်မှူးဝူလိုင်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပြီး ၂ဂိုးစီသရေကျခဲ့တာပါ။ ဇယားအောက်ပိုင်းက အက်စ်ပန်ညိုအတွက် အဖိုးတန်ရမှတ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

ဘာစီလိုနာ ၂-၃ အက်သလက်တီကို

လတ်တလောကစားခဲ့ပြီးတဲ့ စပိန်စူဖလားဆီမီးဖိုင်နယ်ပါ။ ဗယ်လ်ဗာဒီရဲ့ နည်းပြဘဝကို အဆုံးသတ်စေခဲ့တဲ့ ပွဲဆိုရင်လည်းမမှားပါဘူး။ ဆော်ဒီမှာ ကျင်းပခဲ့တဲ့ စူပါဖလားပွဲက ပုံစံအသစ်နဲ့ ကစားခဲ့တာဖြစ်ပြီး ဆုဖလားရယူနိုင်ဖို့ ဘာစီလိုနာက ရည်မှန်းခဲ့ပေမယ့်လည်း ဆီမီးအဆင့်မှာတင် ရပ်တန့်ခဲ့ရပါတယ်။ အက်သလက်တီကိုက ပွဲပြီးခါနီး ၈ မိနစ်အလိုမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပြီးတော့ ဗယ်လ်ဗာဒီကိုပါ ရာထူးကနေ ထွက်ရစေမယ့်အထိ ပြင်းထန်တဲ့ ရှုံးပွဲကို ဖန်တီးပေးသွားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။