အက္သလက္တီကိုအကယ္ဒမီထြက္ အေကာင္းဆံုးကစားသမား ၅ဦး

‘It doesn’t change anything’ says Zidane as Real Madrid top La Liga

ေဘာလံုးအကယ္ဒမီေတြနဲ႔ပတ္သက္ရင္ ေလွ်ာ့တြက္လို႔မရတဲ့ အသင္းေတြထဲမွာ အက္သလက္တီကိုမက္ဒရစ္လည္းပါ၀င္ပါတယ္။ စပိန္မွာ ဘာစီလိုနာရဲ႕ လာမာစီယာအကယ္ဒမီက နာမည္အေက်ာ္ၾကားဆံုးဆိုေပမယ့္ အက္သလက္တီကိုမက္ဒရစ္အကယ္ဒမီကလည္း ထိပ္တန္းစာရင္း၀င္ပါတယ္။ ဒီအကယ္ဒမီကေန ကစားသမားေကာင္းအမ်ားအျပားေပၚထြက္ခဲ့ဖူးျပီး လက္ရွိမွာလည္း ဆက္လက္ထြက္ေပၚေနဆဲပါ။ ဒီအတြက္ေၾကာင့္ အက္သလက္တီကိုမက္ဒရစ္အကယ္ဒမီထြက္ အေကာင္းဆံုးကစားသမားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Where Heart Meets Mind: Hertha Berlin

၅။ ဂါဘီ

ဂါဘီက အလုပ္ၾကိဳးစားလြန္းသူ၊ ေပါင္းစည္းမႈလုပ္ႏိုင္သူ၊ ေခါင္းေဆာင္ေကာင္းတစ္ဦးလို႔ အားလံုးက သိထားၾကျပီးသားပါ။ အသင္းအကယ္ဒမီကို ကေလးဘ၀ကတည္းက ေရာက္ရွိခဲ့ေပမယ့္ အသင္းၾကီးကိုေရာက္ဖို႔ေတာ့ သူက အခ်ိန္ေတာ္ေတာ္ေစာင့္ခဲ့ရပါတယ္။ ၂၀၀၄ မွာမွ စတင္ပြဲထြက္ခြင့္ရရွိခဲ့ျပီး ဂီတာေဖးကို အငွားနဲ႔သြားကစားခဲ့ရသလို ၂၀၀၇ မွာ ဇာရာဂိုဇာကို ေပါင္၉သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့ရပါတယ္။ ဒါေပမယ့္ ၂၀၁၁ မွာေတာ့ အက္သလက္တီကိုက သူ႔ကို ျပန္လည္ေခၚယူခဲ့ျပီး အသင္းအတြက္ေအာင္ျမင္မႈေတြ ရယူေပးခဲ့ပါတယ္။ ေရာက္ေရာက္ခ်င္း ႏွစ္မွာ ယူရိုပါလိဂ္၊ အဲဒီေနာက္ ကိုပါဒယ္ေရးဖလား၊ လာလီဂါဖလားေတြကိုပါ ဆြတ္ခူးေပးႏိုင္ခဲ့ျပီး ဥေရာပစူပါဖလား၊ စပိန္စူပါဖလားေတြလည္း ရယူႏိုင္ခဲ့ပါတယ္။

၄။ ကိုကီ

လက္ရွိအက္သလက္တီကိုအသင္းေခါင္းေဆာင္က အသက္ ၈ ႏွစ္အရြယ္ကတည္းက အကယ္ဒမီကိုေရာက္ရွိေနခဲ့တာပါ။ သူက အသင္းၾကီးကို၂၀၀၉ မွာ စတင္ေရာက္ရွိခဲ့ျပီး လက္ရွိအခ်ိန္ထိ ဒီအသင္းတစ္သင္းတည္းမွာပဲ ကစားေနခဲ့တာပါ။ ကြင္းလယ္ေနရာစံုမွာ ကစားႏိုင္တဲ့ကိုကီက ဆီျမြန္နီရဲ႕ အားအကိုးရဆံုးကစားသမားျဖစ္ျပီး အခြင့္အေရးအမ်ားအျပားကို အသင္းေဖာ္ေတြအတြက္ပါ ဖန္တီးေပးႏိုင္သူျဖစ္ပါတယ္။ အသင္းအတြက္ ပြဲေပါင္း ၄၀၀ ေက်ာ္ကစားေပးထားျပီးျဖစ္ျပီး အခုဆိုရင္ အသက္၂၇ ႏွစ္အရြယ္ရွိေနပါျပီ။ အက္သလက္တီကိုရဲ႕ ဒီဘက္ႏွစ္အာင္ျမင္မႈေတြမွာ သူ ပါ၀င္ခဲ့ျပီး အဓိကကစားသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။

၃။ ဒီဂီယာ

မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေရာက္ရွိလာခဲ့ျပီး ကမၻာ့အေကာင္းဆံုးဂိုးသမားစာရင္း၀င္ခဲ့တဲ့ ဒီဂီယာက အသက္ ၁၃ ႏွစ္မွာ အက္သလက္တီကိုအကယ္ဒမီကို ေရာက္ရွိခဲ့သူပါ။ ငါးႏွစ္အၾကာမွာ သူက အသင္းၾကီးအတြက္ စတင္ကစားခြင့္ရရွိခဲ့ျပီး သူ႔ကစားသမားဘ၀မွာ စပိန္မွာဆိုရင္ ကာဆီးလက္စ္၊ ယူႏိုက္တက္မွာဆိုရင္ ဗန္ဒါဆားတို႔ရဲ႕ ေနရာကိုအစားထိုး၀င္ခဲ့ရပါတယ္။ လွ်ပ္တျပက္ကာကြယ္မႈေတြနဲ႔အတူ နာမည္ေက်ာ္ၾကားခဲ့တဲ့ ဒီဂိုးသမားက တံု႔ျပန္မႈျမန္ဆန္ျပီး ေသခ်ာေပါက္ေပးရႏိုင္တဲ့ ဂိုးေတြကို ကာကြယ္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ အက္သလက္တီကိုကေန ယူႏိုက္တက္ကို ေျပာင္းေရႊ႕ခဲ့ျပီးေနာက္ ယူရိုပါလိဂ္၊ ပရီးမီးယားလိဂ္၊ အက္ဖ္ေအဖလား၊ လိဂ္ဖလားတို႔ကို ဆြတ္ခူးခဲ့ပါတယ္။

၂။ ေတာရက္စ္

အသင္းသမုိင္းတစ္ေလွ်ာက္မွာ တိုက္စစ္မွဴးေကာင္းအမ်ားအျပားေပၚထြက္ခဲ့တဲ့ အက္သလက္တီကိုရဲ႕ အေကာင္းဆံုးေတြထဲက တစ္ဦးပါ။ သူ႔ရဲ႕ နည္းစနစ္ပိုင္းေက်ညက္မႈ၊ လ်င္ျမန္မႈ၊ ဂိုးသြင္းေသခ်ာမႈေတြက ထိပ္တန္းအဆင့္တိုက္စစ္မွဴးအျဖစ္ကို ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ေတာရက္စ္က အက္သလက္တီကိုကို ေရာက္ခ်ိန္မွာ အသက္ ၅ ႏွစ္ပဲ ရွိပါေသးတယ္။ ဂိုးသမားအျဖစ္ စတင္ခဲ့တာျဖစ္ေပမယ့္ ၇ ႏွစ္အရြယ္မွာေတာ့ တိုက္စစ္မွဴးဘ၀ကို ေျပာင္းလဲခဲ့ျပီး ၁၃ ႏွစ္အရြယ္မွာ ရာယိုဗလင္ကာႏိုအသင္းကို ေျပာင္းေရႊ႕ခဲ့ရပါတယ္။ ဒါေပမယ့္ အဲဒီမွာ ၅၅ပြဲကစားျပီး ၁၃ဂိုး သြင္းယူႏိုင္ခဲ့တဲ့ အက္သလက္ကို ျပန္ေရာက္ခဲ့ျပီး နာမည္ေက်ာ္တိုက္စစ္မွဴးျဖစ္ခဲ့ပါတယ္။ လီဗာပူးလ္၊ ခ်ယ္လ္ဆီး၊ ေအစီမီလန္တို႔မွာ က်င္လည္ခဲ့သူက အခုေတာ့ ကစားသမားဘ၀ကေန အနားယူသြားခဲ့ပါျပီ။

၁။ ရာအူးလ္ဂြန္ဇာလက္

ရာအူးလ္က တကယ္တမ္းမွာ ရီးရဲလ္မက္ဒရစ္ရဲ႕ ဂႏၳ၀င္တိုက္စစ္မွဴးျဖစ္ခဲ့တာပါ။ ဒါေပမယ့္ သူက အက္သလက္တီကိုအကယ္ဒမီထြက္ကစားသမားျဖစ္ျပီး ျမိဳ႕ခံျပိဳင္ဘက္အသင္းမွာ ေအာင္ျမင္မႈအၾကီးအက်ယ္ရရွိခဲ့တာက ထူးျခားမႈပါပဲ။ အသံုးစရိတ္ေခၽြတာဖုိ႔အတြက္ အသင္းအကယ္ဒမီကို ပိတ္ပစ္ဖို႔ အက္သလက္တီကိုဥကၠဂ်ီးဆပ္ဂီလ္က ဆံုးျဖတ္ခဲ့ခ််ိန္မွာ သူက ရီးရဲလ္ကို ေရာက္ရွိသြားခဲ့တာပါ။ ရီးရဲလ္မွာေတာ့ သူက ဂိုးေပါင္း ၃၂၃ဂိုးအထိ ရယူႏိုင္ခဲ့ျပီး အသင္းသမိုင္းမွာ ဂိုးသြင္းအမ်ားဆံုးကစားသမားအျဖစ္ေတာင္ စံခ်ိန္တင္ခဲ့ပါတယ္။ ဒီစံခ်ိန္ကို စီေရာ္နယ္ဒို
ေရာက္ရွိလာခ်ိန္မွသာ ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။ ရီးရဲလ္၊ စပိန္တို႔မွာ အသင္းေခါင္းေဆာင္ျဖစ္ခဲ့ျပီး ရာအူးလ္က ကစားသမားဘ၀ အၾကီးအက်ယ္ေအာင္ျမင္မႈေတြကို ပိုင္ဆုိင္ခဲ့ပါတယ္။

Unicode

ဘောလုံးအကယ်ဒမီတွေနဲ့ပတ်သက်ရင် လျှော့တွက်လို့မရတဲ့ အသင်းတွေထဲမှာ အက်သလက်တီကိုမက်ဒရစ်လည်းပါဝင်ပါတယ်။ စပိန်မှာ ဘာစီလိုနာရဲ့ လာမာစီယာအကယ်ဒမီက နာမည်အကျော်ကြားဆုံးဆိုပေမယ့် အက်သလက်တီကိုမက်ဒရစ်အကယ်ဒမီကလည်း ထိပ်တန်းစာရင်းဝင်ပါတယ်။ ဒီအကယ်ဒမီကနေ ကစားသမားကောင်းအများအပြားပေါ်ထွက်ခဲ့ဖူးပြီး လက်ရှိမှာလည်း ဆက်လက်ထွက်ပေါ်နေဆဲပါ။ ဒီအတွက်ကြောင့် အက်သလက်တီကိုမက်ဒရစ်အကယ်ဒမီထွက် အကောင်းဆုံးကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

၅။ ဂါဘီ

ဂါဘီက အလုပ်ကြိုးစားလွန်းသူ၊ ပေါင်းစည်းမှုလုပ်နိုင်သူ၊ ခေါင်းဆောင်ကောင်းတစ်ဦးလို့ အားလုံးက သိထားကြပြီးသားပါ။ အသင်းအကယ်ဒမီကို ကလေးဘဝကတည်းက ရောက်ရှိခဲ့ပေမယ့် အသင်းကြီးကိုရောက်ဖို့တော့ သူက အချိန်တော်တော်စောင့်ခဲ့ရပါတယ်။ ၂၀၀၄ မှာမှ စတင်ပွဲထွက်ခွင့်ရရှိခဲ့ပြီး ဂီတာဖေးကို အငှားနဲ့သွားကစားခဲ့ရသလို ၂၀၀၇ မှာ ဇာရာဂိုဇာကို ပေါင်၉သန်းနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒါပေမယ့် ၂၀၁၁ မှာတော့ အက်သလက်တီကိုက သူ့ကို ပြန်လည်ခေါ်ယူခဲ့ပြီး အသင်းအတွက်အောင်မြင်မှုတွေ ရယူပေးခဲ့ပါတယ်။ ရောက်ရောက်ချင်း နှစ်မှာ ယူရိုပါလိဂ်၊ အဲဒီနောက် ကိုပါဒယ်ရေးဖလား၊ လာလီဂါဖလားတွေကိုပါ ဆွတ်ခူးပေးနိုင်ခဲ့ပြီး ဥရောပစူပါဖလား၊ စပိန်စူပါဖလားတွေလည်း ရယူနိုင်ခဲ့ပါတယ်။

၄။ ကိုကီ

လက်ရှိအက်သလက်တီကိုအသင်းခေါင်းဆောင်က အသက် ၈ နှစ်အရွယ်ကတည်းက အကယ်ဒမီကိုရောက်ရှိနေခဲ့တာပါ။ သူက အသင်းကြီးကို၂၀၀၉ မှာ စတင်ရောက်ရှိခဲ့ပြီး လက်ရှိအချိန်ထိ ဒီအသင်းတစ်သင်းတည်းမှာပဲ ကစားနေခဲ့တာပါ။ ကွင်းလယ်နေရာစုံမှာ ကစားနိုင်တဲ့ကိုကီက ဆီမြွန်နီရဲ့ အားအကိုးရဆုံးကစားသမားဖြစ်ပြီး အခွင့်အရေးအများအပြားကို အသင်းဖော်တွေအတွက်ပါ ဖန်တီးပေးနိုင်သူဖြစ်ပါတယ်။ အသင်းအတွက် ပွဲပေါင်း ၄၀၀ ကျော်ကစားပေးထားပြီးဖြစ်ပြီး အခုဆိုရင် အသက်၂၇ နှစ်အရွယ်ရှိနေပါပြီ။ အက်သလက်တီကိုရဲ့ ဒီဘက်နှစ်အာင်မြင်မှုတွေမှာ သူ ပါဝင်ခဲ့ပြီး အဓိကကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

၃။ ဒီဂီယာ

မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဂိုးသမားစာရင်းဝင်ခဲ့တဲ့ ဒီဂီယာက အသက် ၁၃ နှစ်မှာ အက်သလက်တီကိုအကယ်ဒမီကို ရောက်ရှိခဲ့သူပါ။ ငါးနှစ်အကြာမှာ သူက အသင်းကြီးအတွက် စတင်ကစားခွင့်ရရှိခဲ့ပြီး သူ့ကစားသမားဘဝမှာ စပိန်မှာဆိုရင် ကာဆီးလက်စ်၊ ယူနိုက်တက်မှာဆိုရင် ဗန်ဒါဆားတို့ရဲ့ နေရာကိုအစားထိုးဝင်ခဲ့ရပါတယ်။ လျှပ်တပြက်ကာကွယ်မှုတွေနဲ့အတူ နာမည်ကျော်ကြားခဲ့တဲ့ ဒီဂိုးသမားက တုံ့ပြန်မှုမြန်ဆန်ပြီး သေချာပေါက်ပေးရနိုင်တဲ့ ဂိုးတွေကို ကာကွယ်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အက်သလက်တီကိုကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ယူရိုပါလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလားတို့ကို ဆွတ်ခူးခဲ့ပါတယ်။

၂။ တောရက်စ်

အသင်းသမိုင်းတစ်လျှောက်မှာ တိုက်စစ်မှူးကောင်းအများအပြားပေါ်ထွက်ခဲ့တဲ့ အက်သလက်တီကိုရဲ့ အကောင်းဆုံးတွေထဲက တစ်ဦးပါ။ သူ့ရဲ့ နည်းစနစ်ပိုင်းကျေညက်မှု၊ လျင်မြန်မှု၊ ဂိုးသွင်းသေချာမှုတွေက ထိပ်တန်းအဆင့်တိုက်စစ်မှူးအဖြစ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ တောရက်စ်က အက်သလက်တီကိုကို ရောက်ချိန်မှာ အသက် ၅ နှစ်ပဲ ရှိပါသေးတယ်။ ဂိုးသမားအဖြစ် စတင်ခဲ့တာဖြစ်ပေမယ့် ၇ နှစ်အရွယ်မှာတော့ တိုက်စစ်မှူးဘဝကို ပြောင်းလဲခဲ့ပြီး ၁၃ နှစ်အရွယ်မှာ ရာယိုဗလင်ကာနိုအသင်းကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီမှာ ၅၅ပွဲကစားပြီး ၁၃ဂိုး သွင်းယူနိုင်ခဲ့တဲ့ အက်သလက်ကို ပြန်ရောက်ခဲ့ပြီး နာမည်ကျော်တိုက်စစ်မှူးဖြစ်ခဲ့ပါတယ်။ လီဗာပူးလ်၊ ချယ်လ်ဆီး၊ အေစီမီလန်တို့မှာ ကျင်လည်ခဲ့သူက အခုတော့ ကစားသမားဘဝကနေ အနားယူသွားခဲ့ပါပြီ။

၁။ ရာအူးလ်ဂွန်ဇာလက်

ရာအူးလ်က တကယ်တမ်းမှာ ရီးရဲလ်မက်ဒရစ်ရဲ့ ဂန္ထဝင်တိုက်စစ်မှူးဖြစ်ခဲ့တာပါ။ ဒါပေမယ့် သူက အက်သလက်တီကိုအကယ်ဒမီထွက်ကစားသမားဖြစ်ပြီး မြို့ခံပြိုင်ဘက်အသင်းမှာ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့တာက ထူးခြားမှုပါပဲ။ အသုံးစရိတ်ချွေတာဖို့အတွက် အသင်းအကယ်ဒမီကို ပိတ်ပစ်ဖို့ အက်သလက်တီကိုဥက္ကဂျီးဆပ်ဂီလ်က ဆုံးဖြတ်ခဲ့ချျိန်မှာ သူက ရီးရဲလ်ကို ရောက်ရှိသွားခဲ့တာပါ။ ရီးရဲလ်မှာတော့ သူက ဂိုးပေါင်း ၃၂၃ဂိုးအထိ ရယူနိုင်ခဲ့ပြီး အသင်းသမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်တောင် စံချိန်တင်ခဲ့ပါတယ်။ ဒီစံချိန်ကို စီရော်နယ်ဒို
ရောက်ရှိလာချိန်မှသာ ကျော်ဖြတ်နိုင်ခဲ့တာပါ။ ရီးရဲလ်၊ စပိန်တို့မှာ အသင်းခေါင်းဆောင်ဖြစ်ခဲ့ပြီး ရာအူးလ်က ကစားသမားဘဝ အကြီးအကျယ်အောင်မြင်မှုတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။

မွတ္ခ်က္မ်ား။