ေပါ့ဂ္ဘာနဲ႔ ပတ္သက္ျပီး အံ့အားသင့္ဖြယ္ရာေျပာဆိုမႈ ျပဳလုပ္ခဲ့တဲ့ ပီရက္ဇ္

‘It doesn’t change anything’ says Zidane as Real Madrid top La Liga

ရီးရဲလ္မက္ဒရစ္အသင္းဥကၠဌပီရက္ဇ္က ယူႏို္က္တက္ကြင္းလယ္လူေပါ့ဂ္ဘာကို ေခၚယူဖို႔ ရီးရဲလ္က ၾကိဳးပမ္းေနတယ္ဆုိတဲ့သတင္းေတြနဲ႔ ပတ္သက္ျပီး အံ့အားသင့္ဖြယ္ရာေျပာဆိုမႈေတြကို ျပဳလုပ္သြားခဲ့ပါတယ္။ ပီရက္ဇ္က ေပါ့ဂ္ဘာက ဘယ္သူလဲလို႔ ျပန္လည္ေမးခြန္းထုတ္သြားခဲ့ျပီး ကစားသမားရဲ႕အေျပာင္းအေရႊ႕ကို ပေဟဠိဆန္ေစခဲ့ပါတယ္။

AFC U23 Championship Highlights – Australia vs Bahrain

ေပါ့ဂ္ဘာကို ရီးရဲလ္မက္ဒရစ္က ေခၚယူခ်င္ေနတယ္လို႔ သတင္းေတြက က်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။ ဇီဒန္းကလည္း ေပါ့ဂ္ဘာက သူ႔စိတ္ၾကိဳက္ကစားသမားတစ္ဦးလို႔ မၾကာခဏထုတ္ေဖာ္ေျပာဆိုမႈေတြကို ျပဳလုပ္ထားခဲ့ဖူးပါတယ္။ ဒါေပမယ့္ ပီရက္ဇ္က ေပါ့ဂ္ဘာကို သူမသိဘူးလို႔ ေျပာဆိုခဲ့မႈက အံ့အားသင့္စရာေတာ့ ေကာင္းေနခဲ့ပါတယ္။

အက္သလက္တီကိုမက္ဒရစ္ကို အႏိုင္ယူကာ စပိန္စူပါဖလားကို ရီးရဲလ္က ဆြတ္ခူးခဲ့ျပီးေနာက္ ပီရက္ဇ္က “ ေပါ့ဂ္ဘာဆိုတာ ဘယ္သူလဲ၊ ကၽြန္ေတာ္မသိဘူး” လို႔ ဟာသေႏွာေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဒါဟာ အသင္းကြင္းလယ္ပိုင္းမွာ ဥရုေဂြးကြင္းလယ္လူဗယ္လ္ဗာဒီ ေျခစြမ္းျပေနတာေၾကာင့္ ေပါ့ဂ္ဘာကို မလိုအပ္ေတာ့ဘူးလုိ႔ ပီရက္ဇ္က ယူဆေနဟန္လည္းရွိပါတယ္။

ဗယ္လ္ဗာဒီဟာ ဒီရာသီမွာ ရီးရဲလ္အတြက္ ျပိဳင္ပြဲစံု ၂၁ပြဲအထိ ကစားေပးထားခဲ့ျပီး အထင္ၾကီးဖြယ္ရာေျခစြမ္းေတြကို ျပသေနခဲ့တာျဖစ္ပါတယ္။ ပီရက္ဇ္ကလည္း ဗယ္လ္ဗာဒီရဲ႕ ေျခစြမ္းအေပၚ သေဘာက်ႏွစ္ျခိဳက္ေနခဲ့ျပီး ကစားသမားရဲ႕ တုိးတက္လာခဲ့မႈေတြအေပၚမွာ ခ်ီးက်ဴးအသိအမွတ္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။

Unicode

ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဌပီရက်ဇ်က ယူနို်က်တက်ကွင်းလယ်လူပေါ့ဂ်ဘာကို ခေါ်ယူဖို့ ရီးရဲလ်က ကြိုးပမ်းနေတယ်ဆိုတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး အံ့အားသင့်ဖွယ်ရာပြောဆိုမှုတွေကို ပြုလုပ်သွားခဲ့ပါတယ်။ ပီရက်ဇ်က ပေါ့ဂ်ဘာက ဘယ်သူလဲလို့ ပြန်လည်မေးခွန်းထုတ်သွားခဲ့ပြီး ကစားသမားရဲ့အပြောင်းအရွှေ့ကို ပဟေဠိဆန်စေခဲ့ပါတယ်။

ပေါ့ဂ်ဘာကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူချင်နေတယ်လို့ သတင်းတွေက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ဇီဒန်းကလည်း ပေါ့ဂ်ဘာက သူ့စိတ်ကြိုက်ကစားသမားတစ်ဦးလို့ မကြာခဏထုတ်ဖော်ပြောဆိုမှုတွေကို ပြုလုပ်ထားခဲ့ဖူးပါတယ်။ ဒါပေမယ့် ပီရက်ဇ်က ပေါ့ဂ်ဘာကို သူမသိဘူးလို့ ပြောဆိုခဲ့မှုက အံ့အားသင့်စရာတော့ ကောင်းနေခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်ကို အနိုင်ယူကာ စပိန်စူပါဖလားကို ရီးရဲလ်က ဆွတ်ခူးခဲ့ပြီးနောက် ပီရက်ဇ်က “ ပေါ့ဂ်ဘာဆိုတာ ဘယ်သူလဲ၊ ကျွန်တော်မသိဘူး” လို့ ဟာသနှောပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါဟာ အသင်းကွင်းလယ်ပိုင်းမှာ ဥရုဂွေးကွင်းလယ်လူဗယ်လ်ဗာဒီ ခြေစွမ်းပြနေတာကြောင့် ပေါ့ဂ်ဘာကို မလိုအပ်တော့ဘူးလို့ ပီရက်ဇ်က ယူဆနေဟန်လည်းရှိပါတယ်။

ဗယ်လ်ဗာဒီဟာ ဒီရာသီမှာ ရီးရဲလ်အတွက် ပြိုင်ပွဲစုံ ၂၁ပွဲအထိ ကစားပေးထားခဲ့ပြီး အထင်ကြီးဖွယ်ရာခြေစွမ်းတွေကို ပြသနေခဲ့တာဖြစ်ပါတယ်။ ပီရက်ဇ်ကလည်း ဗယ်လ်ဗာဒီရဲ့ ခြေစွမ်းအပေါ် သဘောကျနှစ်ခြိုက်နေခဲ့ပြီး ကစားသမားရဲ့ တိုးတက်လာခဲ့မှုတွေအပေါ်မှာ ချီးကျူးအသိအမှတ်ပြုခဲ့တယ်လို့လည်း သိရပါတယ်။

မွတ္ခ်က္မ်ား။