ဘာစီလိုနာနည္းျပသစ္ဆက္တီယန္ရဲ႕ စိတ္၀င္စားဖြယ္အခ်က္အလက္မ်ား

‘It doesn’t change anything’ says Zidane as Real Madrid top La Liga

အာနက္စတိုဗယ္လ္ဗာဒီရဲ႕ ဘာစီလိုနာနည္းျပဘ၀ေန႔ရက္ေတြ အဆံုးသတ္သြားခဲ့ျပီးေနာက္ ကီကြီဆက္တီယန္က သူ႔ရဲ႕ႏူးကမ့္ပဲ့့ကိုင္ရွင္ေန႔ရက္ေတြကို စတင္ျဖတ္သန္းေနျပီျဖစ္ပါတယ္။ ရီးရဲလ္ဘက္တစ္နည္းျပေဟာင္းကို ခန္႔အပ္ခဲ့တဲ့ ဘာစီလိုနာအသင္းရဲ႕လုပ္ရပ္အေပၚ အံ့အားသင့္မႈေတြရွိေနခဲ့ျပီး ဆက္တီယန္က ဘယ္သူလဲဆိုတာကို ပရိသတ္ေတြ စိတ္၀င္စားခဲ့ၾကပါတယ္။ ဆက္တီယန္နဲ႔ ပတ္သက္ျပီး စိတ္၀င္စားဖြယ္အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

New Barca boss Setien on training Messi and goal ‘to win everything’

ကစားသမားဘ၀

ဆက္တီယန္က ကစားသမားဘ၀မွာ စပိန္ကလပ္ေတြနဲ႔ က်င္လည္ခဲ့ဖူးသူျဖစ္ပါတယ္။ ဘာစီလိုိနာနည္းျပေဟာင္းေတြျဖစ္တဲ့ ေဂ်ာ္ဒန္ခရိုက္၊ ရီကတ္တို႔လိုမ်ိဳးမေက်ာ္ၾကားခဲ့ေပမယ့္ သူ႔ရဲ႕ကစားသမားဘ၀က ခိုင္ခိုင္မာမာေတာ့ရွိခဲ့ပါတယ္။ သူ႔ငယ္ဘ၀ကလပ္ ေရးဆင္းအတြက္ ပြဲေပါင္း၃၀၀ ေက်ာ္ကစားေပးခဲ့ျပီး စပိန္နဲ႔အတူ ၁၉၈၆ ကမၻာ့ဖလားကို ပါ၀င္ကစားခဲ့ဖူးသူပါ။ ဗဟိုကြင္လယ္လူတစ္ဦးျဖစ္ျပီး အက္သလက္တီကိုမက္ဒရစ္ကို ၁၉၈၅ မွာ ေျပင္းေရႊ႕ကစားခဲ့ဖူးပါတယ္။

မက္ဆီပရိသတ္

ေရာ္နယ္ဒို နဲ႔ မက္ဆီက ဘယ္သူပိုေကာင္းလဲဆုိတဲ့ အျငင္းပြားမႈေတြထဲမွာ ဆက္တီယန္လည္း ပါ၀င္ခဲ့ဖူးပါတယ္။ သူက “ မက္ဆီက သမိုင္းမွာအေကာင္းဆံုးကစားသမားပါ၊ ဇာဗီလိုကစားသမားအနားယူသြားမႈက အေရးပါတဲ့အရာတစ္ခု ဆံုးရံႈးခဲ့ရသလိုပါပဲ၊ မက္ဆီအနားယူေတာ့မယ္ဆိုရင္ေတာ့ ကၽြန္ေတာ္အျမဲတမ္းငိုေၾကြးေနမိမွာပါ” လို႔ ဆက္တီယန္က ေျပာခဲ့ဖူးပါတယ္။ ဒါ့အျပင္ ဆက္တီယန္က မက္ဆီနဲ႔ ရင္းႏွီးသူျဖစ္ျပီး အလာဗက္စ္နည္းျပဘ၀မွာ ဘာစီလိုနာနဲ႔ကစားခဲ့တဲ့ပြဲအျပီး မက္ဆီနဲ႔ ေပြ႕ဖက္ခဲ့ကာ ဥမင္အတြင္း အတူတကြ
၀င္ေရာက္ခဲ့တဲ့ ပံုရိပ္ေတြလည္း အခုဆို ထြက္ေပၚလာခဲ့ပါတယ္။

ဆာဂ်ီယိုဘက္ကြက္စ္ရဲ႕ သေဘာက်မႈကို ခံရသူ

ျပီးခဲ့တဲ့တစ္ႏွစ္က ဘက္တစ္နဲ႔ ဘာစီလိုနာတို႔ ရင္ဆိုင္ခဲ့ၾကပါတယ္။ ပြဲအျပီးမွာေတာ့ ဘက္ကြက္စ္က ဆက္တီယန္ကို သူ႔ရဲ႕ အက်ီလက္ေဆာင္ေပးခဲ့ပါတယ္။ ဒီဂ်ာစီေပၚမွာလည္း ဘက္ကြက္စ္က အမွတ္တရလက္မွတ္ေရးထုိးေပးခဲ့သလို ဆက္တီယန္ကို ခ်ီးက်ဴးေျပာဆိုခဲ့တဲ့ အားေပးစကားေတြလည္း ေရးသားခဲ့ပါေသးတယ္။ အခုေတာ့ ဆက္တီယန္ ဘာစီလိုနာနည္းျပျဖစ္လာတဲ့အေပၚမွာ ဘက္ကြက္စ္က ေက်နပ္ႏွစ္သိမ့္ေနမယ္ဆုိတာကေတာ့ ေသခ်ာပါတယ္။

ကစားဟန္တစ္ခုအေပၚ စြဲစြဲျမဲျမဲ က်င့္သံုးသူ

ဘက္တစ္မွာ ဆက္တီယန္က ၃-၄-၂-၁ ကစားကြက္ နဲ႔ ၄-၃-၃ ကစားကြက္ႏွစ္ခုကို အသံုးျပဳခဲ့ပါတယ္။ ႏူးကမ့္မွာလည္း ဒီလိုပံုံစံမ်ိဳးကိုပဲ သူ ျပဳလုပ္လာႏိုင္ျပီးေတာ့ ခံစစ္ကေန တိုက္စစ္ကို ျပန္လည္စတင္ဖို႔အတြက္ အေျချပဳဖြယ္ရွိပါတယ္။ သူက ကြင္းလယ္ခံစစ္ကစားသမားကို သံုးေယာက္တန္းေနာက္တန္းနဲ႔ နီးကပ္တဲ့အထိ
ဆင္းကစားခိုင္းေလ့ရွိျပီး ဒီေနရာမွာ ဘက္ကြက္စ္ ဒါမွမဟုတ္ ဒီေဂ်ာင္တို႔ကို အသံုးျပဳဖြယ္ရွိပါတယ္။ သူက တိုက္စစ္ကို လိုက္ပါမႈအားေကာင္းတဲ့ ခံစစ္အစြန္လူေတြကိုဆိုရင္ မ်က္ႏွာသာေပးေလ့ရွိျပီး ဘက္တစ္မွာ လက္တြဲခဲ့ဖူးတဲ့ ဖာပိုက ဘာစီလိုနာကို ေရာက္ရွိေနျပီး အဓိကကစားသမားျဖစ္လာဖြယ္ရွိပါတယ္။

ဘယ္သူေတြကို ေခၚယူႏိုင္သလဲ

လက္ရွိမွာ ေပၚတူဂီကြင္းလယ္လူ ၀ီလီယမ္ကာဗယ္ဟိုကို ေခၚယူဖို႔ သတင္းေတြထြက္ေနပါတယ္။ ဘက္တစ္မွာ ကာဗယ္ဟိုက ေျခစြမ္းျပေနသူပါ။ ဘက္ကြက္စ္က ပံုမွန္ေနရာျပန္ရႏိုင္တယ္လို႔ သတင္းေတြထြက္ေနေပမယ့္လည္း အျခားနာမည္ေက်ာ္ကစားသမားေတြကို ဆက္တီယန္က ေခၚယူအားျဖည့္ဖြယ္ရွိပါတယ္။
စပါးကို ေရာက္ေနတဲ့ ဘက္တစ္ကစားသမားေဟာင္း လိုဆယ္ဆို၊ နာပိုလီက ေဖဘီယန္ရုဇ္တို႔ကိုလည္း ေခၚယူဖြယ္ရွိတယ္လို႔ သိရပါတယ္။

Unicode

အာနက်စတိုဗယ်လ်ဗာဒီရဲ့ ဘာစီလိုနာနည်းပြဘဝနေ့ရက်တွေ အဆုံးသတ်သွားခဲ့ပြီးနောက် ကီကွီဆက်တီယန်က သူ့ရဲ့နူးကမ့်ပဲ့့ကိုင်ရှင်နေ့ရက်တွေကို စတင်ဖြတ်သန်းနေပြီဖြစ်ပါတယ်။ ရီးရဲလ်ဘက်တစ်နည်းပြဟောင်းကို ခန့်အပ်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့လုပ်ရပ်အပေါ် အံ့အားသင့်မှုတွေရှိနေခဲ့ပြီး ဆက်တီယန်က ဘယ်သူလဲဆိုတာကို ပရိသတ်တွေ စိတ်ဝင်စားခဲ့ကြပါတယ်။ ဆက်တီယန်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ကစားသမားဘဝ

ဆက်တီယန်က ကစားသမားဘဝမှာ စပိန်ကလပ်တွေနဲ့ ကျင်လည်ခဲ့ဖူးသူဖြစ်ပါတယ်။ ဘာစီလိိုနာနည်းပြဟောင်းတွေဖြစ်တဲ့ ဂျော်ဒန်ခရိုက်၊ ရီကတ်တို့လိုမျိုးမကျော်ကြားခဲ့ပေမယ့် သူ့ရဲ့ကစားသမားဘဝက ခိုင်ခိုင်မာမာတော့ရှိခဲ့ပါတယ်။ သူ့ငယ်ဘဝကလပ် ရေးဆင်းအတွက် ပွဲပေါင်း၃၀၀ ကျော်ကစားပေးခဲ့ပြီး စပိန်နဲ့အတူ ၁၉၈၆ ကမ္ဘာ့ဖလားကို ပါဝင်ကစားခဲ့ဖူးသူပါ။ ဗဟိုကွင်လယ်လူတစ်ဦးဖြစ်ပြီး အက်သလက်တီကိုမက်ဒရစ်ကို ၁၉၈၅ မှာ ပြေင်းရွှေ့ကစားခဲ့ဖူးပါတယ်။

မက်ဆီပရိသတ်

ရော်နယ်ဒို နဲ့ မက်ဆီက ဘယ်သူပိုကောင်းလဲဆိုတဲ့ အငြင်းပွားမှုတွေထဲမှာ ဆက်တီယန်လည်း ပါဝင်ခဲ့ဖူးပါတယ်။ သူက “ မက်ဆီက သမိုင်းမှာအကောင်းဆုံးကစားသမားပါ၊ ဇာဗီလိုကစားသမားအနားယူသွားမှုက အရေးပါတဲ့အရာတစ်ခု ဆုံးရှုံးခဲ့ရသလိုပါပဲ၊ မက်ဆီအနားယူတော့မယ်ဆိုရင်တော့ ကျွန်တော်အမြဲတမ်းငိုကြွေးနေမိမှာပါ” လို့ ဆက်တီယန်က ပြောခဲ့ဖူးပါတယ်။ ဒါ့အပြင် ဆက်တီယန်က မက်ဆီနဲ့ ရင်းနှီးသူဖြစ်ပြီး အလာဗက်စ်နည်းပြဘဝမှာ ဘာစီလိုနာနဲ့ကစားခဲ့တဲ့ပွဲအပြီး မက်ဆီနဲ့ ပွေ့ဖက်ခဲ့ကာ ဥမင်အတွင်း အတူတကွ
ဝင်ရောက်ခဲ့တဲ့ ပုံရိပ်တွေလည်း အခုဆို ထွက်ပေါ်လာခဲ့ပါတယ်။

ဆာဂျီယိုဘက်ကွက်စ်ရဲ့ သဘောကျမှုကို ခံရသူ

ပြီးခဲ့တဲ့တစ်နှစ်က ဘက်တစ်နဲ့ ဘာစီလိုနာတို့ ရင်ဆိုင်ခဲ့ကြပါတယ်။ ပွဲအပြီးမှာတော့ ဘက်ကွက်စ်က ဆက်တီယန်ကို သူ့ရဲ့ အကျီလက်ဆောင်ပေးခဲ့ပါတယ်။ ဒီဂျာစီပေါ်မှာလည်း ဘက်ကွက်စ်က အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့သလို ဆက်တီယန်ကို ချီးကျူးပြောဆိုခဲ့တဲ့ အားပေးစကားတွေလည်း ရေးသားခဲ့ပါသေးတယ်။ အခုတော့ ဆက်တီယန် ဘာစီလိုနာနည်းပြဖြစ်လာတဲ့အပေါ်မှာ ဘက်ကွက်စ်က ကျေနပ်နှစ်သိမ့်နေမယ်ဆိုတာကတော့ သေချာပါတယ်။

ကစားဟန်တစ်ခုအပေါ် စွဲစွဲမြဲမြဲ ကျင့်သုံးသူ

ဘက်တစ်မှာ ဆက်တီယန်က ၃-၄-၂-၁ ကစားကွက် နဲ့ ၄-၃-၃ ကစားကွက်နှစ်ခုကို အသုံးပြုခဲ့ပါတယ်။ နူးကမ့်မှာလည်း ဒီလိုပုံံစံမျိုးကိုပဲ သူ ပြုလုပ်လာနိုင်ပြီးတော့ ခံစစ်ကနေ တိုက်စစ်ကို ပြန်လည်စတင်ဖို့အတွက် အခြေပြုဖွယ်ရှိပါတယ်။ သူက ကွင်းလယ်ခံစစ်ကစားသမားကို သုံးယောက်တန်းနောက်တန်းနဲ့ နီးကပ်တဲ့အထိ
ဆင်းကစားခိုင်းလေ့ရှိပြီး ဒီနေရာမှာ ဘက်ကွက်စ် ဒါမှမဟုတ် ဒီဂျောင်တို့ကို အသုံးပြုဖွယ်ရှိပါတယ်။ သူက တိုက်စစ်ကို လိုက်ပါမှုအားကောင်းတဲ့ ခံစစ်အစွန်လူတွေကိုဆိုရင် မျက်နှာသာပေးလေ့ရှိပြီး ဘက်တစ်မှာ လက်တွဲခဲ့ဖူးတဲ့ ဖာပိုက ဘာစီလိုနာကို ရောက်ရှိနေပြီး အဓိကကစားသမားဖြစ်လာဖွယ်ရှိပါတယ်။

ဘယ်သူတွေကို ခေါ်ယူနိုင်သလဲ

လက်ရှိမှာ ပေါ်တူဂီကွင်းလယ်လူ ဝီလီယမ်ကာဗယ်ဟိုကို ခေါ်ယူဖို့ သတင်းတွေထွက်နေပါတယ်။ ဘက်တစ်မှာ ကာဗယ်ဟိုက ခြေစွမ်းပြနေသူပါ။ ဘက်ကွက်စ်က ပုံမှန်နေရာပြန်ရနိုင်တယ်လို့ သတင်းတွေထွက်နေပေမယ့်လည်း အခြားနာမည်ကျော်ကစားသမားတွေကို ဆက်တီယန်က ခေါ်ယူအားဖြည့်ဖွယ်ရှိပါတယ်။
စပါးကို ရောက်နေတဲ့ ဘက်တစ်ကစားသမားဟောင်း လိုဆယ်ဆို၊ နာပိုလီက ဖေဘီယန်ရုဇ်တို့ကိုလည်း ခေါ်ယူဖွယ်ရှိတယ်လို့ သိရပါတယ်။

မွတ္ခ်က္မ်ား။