ဗန္ဒီဘိခ္ကို ေခၚယူဖို႔ သေဘာတူညီမႈရရွိခဲ့တဲ့ ရီးရဲလ္မက္ဒရစ္

‘It doesn’t change anything’ says Zidane as Real Madrid top La Liga

စပိန္သတင္းစာ Marca ရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္အသင္းဟာ လာမယ့္ေႏြရာသီမွာ ေအဂ်က္ဇ္ကြင္းလယ္လူဗန္ဒီဘိခ္ကို ေခၚယူဖို႔ သေဘာတူညီမႈရရွိခဲ့ျပီလို႔ သိရပါတယ္။ အသက္ ၂၂ႏွစ္အရြယ္ ကြင္းလယ္လူအတြက္ ယူရို ၅၅သန္းအထိ ရီးရဲလ္က ေပးေခ်သြားရမယ္လုိ႔လည္း သိရပါတယ္။

No Arsenal interest in John Stones says Arteta

ေအဂ်က္ဇ္ကြင္းလယ္ၾကယ္ပြင့္ဟာ ျပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္မွာ ေျခစြမ္းျပခဲ့ျပီးေနာက္ ရီးရဲလ္ကစိတ္၀င္စားေနခဲ့တာျဖစ္ပါတယ္။ ဖန္တီးႏိုင္စြမ္းျမင့္မားသလို ကြင္းလယ္ေနရာစံုမွာ ကစားႏိုင္တဲ့ ကစားသမားတစ္ဦးလည္းျဖစ္ကာ မန္ခ်က္စတာယူႏိုက္တက္အသင္းကလည္း ဗန္ဒီဘိခ္ကို ေခၚယူဖို႔ စိတ္၀င္စားမႈေတြရွိေနပါတယ္။

မိုဒရစ္ရဲဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ဇီဒန္းက ေမွ်ာ္လင့္ထားျပီး ျပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ပြဲအျဖစ္ ဘာေနဗ်ဴးမွာ လာကစားခဲ့စဥ္ကလည္း ဗန္ဒီဘိခ္ရဲ႕ ေျခစြမ္းျပသမႈက ရီးရဲလ္ကို ကိုင္လႈပ္ခဲ့တာျဖစ္ပါတယ္။ ကစားသမားကိုယ္တိုင္ကလည္း လာမယ့္ေႏြရာသီမွာ ေအဂ်က္ဇ္နဲ႔ဆက္လက္ရွိေနဖို႔ မလြယ္ကူဘူးလို႔ ၀န္ခံေျပာဆုိထားျပီးျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဗန္ဒီဘိခ္ကို စိတ္၀င္စားတဲ့ အရိပ္အေယာင္ေတြသာ ျပသေနခဲ့ျပီး အမွန္တကယ္ကမ္းလွမ္းမႈမ်ိဳး မျပဳလုပ္ရေသးဘူးလို႔ ယံုၾကည္ရပါတယ္။ ဒီအတြက္ေၾကာင့္ ရီးရဲလ္မက္ဒရစ္က ျပိဳင္ဘက္မရွိျဖစ္ေနခဲ့ကာ ေဟာ္လန္ကြင္းလယ္ၾကယ္ပြင့္ကို ဘာေနဗ်ဴးအေရာက္ေခၚယူႏိုင္ဖို႔ အခြင့္အလမ္းေကာင္းကို ရရွိသြားခဲ့တာျဖစ္ပါတယ္။

Unicode

စပိန်သတင်းစာ Marca ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီမှာ အေဂျက်ဇ်ကွင်းလယ်လူဗန်ဒီဘိခ်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၂နှစ်အရွယ် ကွင်းလယ်လူအတွက် ယူရို ၅၅သန်းအထိ ရီးရဲလ်က ပေးချေသွားရမယ်လို့လည်း သိရပါတယ်။

အေဂျက်ဇ်ကွင်းလယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာ ခြေစွမ်းပြခဲ့ပြီးနောက် ရီးရဲလ်ကစိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။ ဖန်တီးနိုင်စွမ်းမြင့်မားသလို ကွင်းလယ်နေရာစုံမှာ ကစားနိုင်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ကာ မန်ချက်စတာယူနိုက်တက်အသင်းကလည်း ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေရှိနေပါတယ်။

မိုဒရစ်ရဲဲ့နေရာမှာ အစားထိုးဖို့အတွက် ဇီဒန်းက မျှော်လင့်ထားပြီး ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပွဲအဖြစ် ဘာနေဗျူးမှာ လာကစားခဲ့စဉ်ကလည်း ဗန်ဒီဘိခ်ရဲ့ ခြေစွမ်းပြသမှုက ရီးရဲလ်ကို ကိုင်လှုပ်ခဲ့တာဖြစ်ပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း လာမယ့်နွေရာသီမှာ အေဂျက်ဇ်နဲ့ဆက်လက်ရှိနေဖို့ မလွယ်ကူဘူးလို့ ဝန်ခံပြောဆိုထားပြီးဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဗန်ဒီဘိခ်ကို စိတ်ဝင်စားတဲ့ အရိပ်အယောင်တွေသာ ပြသနေခဲ့ပြီး အမှန်တကယ်ကမ်းလှမ်းမှုမျိုး မပြုလုပ်ရသေးဘူးလို့ ယုံကြည်ရပါတယ်။ ဒီအတွက်ကြောင့် ရီးရဲလ်မက်ဒရစ်က ပြိုင်ဘက်မရှိဖြစ်နေခဲ့ကာ ဟော်လန်ကွင်းလယ်ကြယ်ပွင့်ကို ဘာနေဗျူးအရောက်ခေါ်ယူနိုင်ဖို့ အခွင့်အလမ်းကောင်းကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။