ဒမ္ဘီလီရဲ႕ ဒဏ္ရာမွတ္တမ္းဆိုးေန႔ရက္မ်ား

‘Kaka wished me luck’ says new Real singing Reinier Jesus dubbed ‘the new Kaka’

ေနမာက ပီအက္စ္ဂ်ီကို ယူရို ၂၂၂သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့ျပီးေနာက္မွာ ဘာစီလိုနာက အသင္းတိုက္စစ္ပိုင္းအတြက္ ဒမ္ဘီလီကို ေျပာင္းေရႊ႕ေၾကးယူရို ၁၀၅သန္း၊ အပိုဆုေၾကး ယူရိုသန္း ၄၀ အထိ ေပးေခ်ကာ ေခၚယူခဲ့ပါတယ္။ အသင္းသမုိင္းမွာ ဒမ္ဘီလီက ဒုတိယေျမာက္ေစ်းအၾကီးဆံုးျဖစ္ခဲ့တာပါ။ ဒါေပမယ့္ ဒီကစားသမား ႏူးကမ့္မွာ ဒဏ္ရာျပသနာေတြနဲ႔သာ ရုန္းကန္ခဲ့ရျပီး အခုဆိုရင္လည္း ၆ လၾကာအနားယူရပါဦးမယ္။ သူ႔ရဲ႕ ဘာစီလိုနာကစားသမားဘ၀ ဒဏ္ရာမွတ္တမ္းကို ေဖာ္ျပေပးခ်င္ပါတယ္။

Former Newcastle striker Luuk de Jong on ‘tough time’ with the Magpies

တံေကာက္ေၾကာဒဏ္ရာ (၁၇.၉.၁၇)

ဒါက သူ႔ရဲ႔ပထမဆံုးဒဏ္ရာရရွိခဲ့မႈပါ။ ဒီဒဏ္ရာေၾကာင့္ ၃လေက်ာ္ၾကာအနားယူခဲ့ရျပီး ပြဲေပါင္း ၂၀အထိ မကစားခဲ့ရပါဘူး။ လာလီဂါပထမဆံုးကစားခဲ့တဲ့ရာသီမွာပဲျဖစ္ခဲ့ျပီး ဂီတာေဖးနဲ႔ပြဲမွာ ရရွိခဲ့တဲ့ ဒဏ္ရာပါ။ အဆိုပါဒဏ္ရာက အခုခ်ိန္ထိ သူ႔ကို ဒုကၡေပးေနဆဲျဖစ္တာကို ေတြ႔ရပါလိမ့္မယ္။

တံေကာက္ေၾကာဒဏ္ရာ (၁၅.၁.၁၈)

ဒီတစ္ၾကိမ္ကေတာ့ တစ္လခန္႔အနားယူခဲ့ရျပီး ၇ ပြဲတိတိလြဲေခ်ာ္ခဲ့ရပါတယ္။ ဗလန္စီယာနဲ႔ ကစားခဲ့တဲ့ ကိုပါဒယ္ေရးဆီမီးဖိုင္နယ္ႏွစ္ေက်ာ့စလံုးကို လြဲေခ်ာ္ခဲ့ရျပီး နည္းျပဗာဗယ္လ္ဒီက ၄-၄-၂ကစားကြက္ကို ေျပာင္းလဲခဲ့ရပါတယ္။ ဒမ္ဘီလီကို အျပည့္အ၀အသံုးခ်ခြင့္ကို မရရွိေသးတာပါ။

ေျခက်င္း၀တ္ဒဏ္ရာ (၂၁.၁.၁၉)

ျပင္သစ္အသင္းနဲ႔အတူ ကမၻာ့ဖလားကို ရယူႏိုင္ခဲ့ျပီး ဘာစီလိုနာနဲ႔လည္း လာလီဂါဖလားကို ဒမ္ဘီက ရရွိခဲ့ပါတယ္။ ဒါေပမယ့္ ဒဏ္ရာျပသနာေတြကေတာ့ ရွိေနဆဲျဖစ္ျပီး ရီးရဲလ္နဲ႔ ကစားခဲ့တဲ့ ကိုပါဒယ္ေ၇းဆီမီးဖိုင္နယ္မွာ ေျခက်င္း၀တ္ဒဏ္ရာရရွိခဲ့ပါတယ္။ ၁၈ ရက္အနားယူခဲ့ရျပီး ၅ပြဲ လြဲေခ်ာ္ခဲ့ပါတယ္။

ၾကြက္သားစုတ္ျပဲဒဏ္ရာ (၁၄.၃.၁၉)

ဒဏ္ရာအသစ္တစ္ခုျဖစ္ျပီးေတာ့ တစ္လနီးပါးအနားယူခဲ့ရကာ ၄ ပြဲလြဲေခ်ာ္ခဲ့ရပါတယ္။ ၾကြက္သားပ်က္စီးခဲ့တာျဖစ္ျပီးေတာ့ ဒမ္ဘီလီမပါ၀င္ႏိုင္ခဲ့တဲ့ ၄ပြဲမွာ ဘာစီလုိနာက တစ္ပြဲကို ပ်မ္းမွ် ၃ဂိုးစီသြင္းယူနိုင္ခဲ့ပါတယ္။

တံေကာက္ေၾကာဒဏ္ရာ (၅.၅.၁၉)

သူ႔ရဲ႕တံေကာက္ေၾကာဒဏ္ရာက ျပန္ေပၚလာျပန္ပါျပီ။ ဆယ္လ္တာဗီဂိုနဲ႔ပြဲမွာ ရရွိခဲ့တာျဖစ္ျပီး ၆ မိနစ္သာကစားခဲ့ရပါတယ္။ ဒီတစ္ၾကိမ္မွာေတာ့ ဒမ္ဘီလီက ၄၂ရက္အထိ အနားယူခဲ့ရျပီး ၄ပြဲအထိ လြဲေခ်ာ္ခဲ့ရကာ လီဗာပူးလ္နဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ ပထမအေက်ာ့မွာမွ လူစား၀င္ကစားေပးႏိုင္ခဲ့ပါတယ္။

တံေကာက္ေၾကာဒဏ္ရာ (၁၉.၈.၁၉)

ေလးလအၾကာမွာ တံေကာက္ေၾကာဒဏ္ရာျပသနာနဲ႔ ေနာက္တစ္ၾကိမ္ရင္ဆိုင္ရျပန္ပါတယ္။ သူ႔အတြက္ေတာ့ ေတာ္ေတာ္ေလးစိတ္ပ်က္စရာေကာင္းေနခဲ့ျပီျဖစ္ျပီး အသင္းဘက္ကလည္း စိတ္ပ်က္စျပဳလုပ္ခဲ့ပါတယ္။ ၃၄ရက္ၾကာအနားယူခဲ့ျပီး ၅ ပြဲလြဲေခ်ာ္ခဲ့ပါတယ္။

ၾကြက္သားဒဏ္ရာ (၂၇.၉.၁၉)

ဒီတစ္ၾကိမ္ကေတာ့ အေသးစားဒဏ္ရာရရွိမႈသာျဖစ္ပါတယ္။ ၃ရက္ၾကာ အနားယူခဲ့ရျပီး တစ္ပြဲလြဲေခ်ာ္ခဲ့တာပါ။ ဒါေပမယ့္ သူ႔ရဲ႕ၾကံ့ခိုင္မႈျပသနာက ေမးခြန္းထုတ္ခ်င္စရာေကာင္းေနခဲ့ျပီး ဒဏ္ရာရရွိမႈလြယ္မႈက ကစားသမားဘ၀ကို ထိုးႏွက္ေနခဲ့ပါတယ္။

တံေကာက္ေၾကာဒဏ္ရာ (၂၈.၁၁.၁၉)

ဒီတစ္ၾကိမ္ကေတာ့ ေတာ္ေတာ္ေလးျပင္းထန္တဲ့ ဒဏ္ရာျဖစ္လာခဲ့ပါတယ္။ ၂လေက်ာ္ၾကာအနားယူခဲ့ရျပီး ၁၅ ပြဲအထိ လြဲေခ်ာ္ခဲ့ရပါတယ္။ ငါးၾကိမ္ေျမာက္ တံေကာက္ေၾကာျပသနာျဖစ္ျပီးေတာ့ ႏွစ္ႏွစ္အတြင္းမွာ ဒီဒဏ္ရာေၾကာင့္ သူအနားယူခဲ့ရတဲ့အခ်ိန္က ၉ လနီးပါးအထိ ရွိေနခဲ့ပါတယ္။

တံေကာက္ေၾကာဒဏ္ရာ (၄.၂.၂၀)

ေနာက္ဆံုးရရွိထားတဲ့ ဒဏ္ရာအမ်ိဳးအစားကေတာ့ သူ႔ကို ၆ လအထိ အနားယူရေစေတာ့မွာပါ။ လက္က်န္ရာသီပြဲစဥ္အားလံုးကို လြဲေခ်ာ္ေတာ့မွာျဖစ္ျပီး ယူရို ၂၀၂၀ ျပိဳင္ပြဲကိုပါ ပါ၀င္ခြင့္မရရွိေတာ့မွာျဖစ္လုိ႔ ဒမ္ဘီလီအတြက္ စိတ္အပ်က္ၾကီးပ်က္ရမွာပါ။ ဘာစီလုိနာရဲ႕ သည္းခံမႈအတိုင္းအတာကလည္း ကုန္ဆံုးသြားျပီျဖစ္ျပီးေတာ့ သူ႔ေနရာအစားထိုးဖို႔ ကစားသမားတစ္ဦးကို ရွာေဖြေနျပီျဖစ္ပါတယ္။ ဒီဒဏ္ရာေၾကာင့္ ၁၉ ပြဲအထိ လြဲေခ်ာ္ရဦးမွာပါ။

Unicode

နေမာက ပီအက်စ်ဂျီကို ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက်မှာ ဘာစီလိုနာက အသင်းတိုက်စစ်ပိုင်းအတွက် ဒမ်ဘီလီကို ပြောင်းရွှေ့ကြေးယူရို ၁၀၅သန်း၊ အပိုဆုကြေး ယူရိုသန်း ၄၀ အထိ ပေးချေကာ ခေါ်ယူခဲ့ပါတယ်။ အသင်းသမိုင်းမှာ ဒမ်ဘီလီက ဒုတိယမြောက်စျေးအကြီးဆုံးဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဒီကစားသမား နူးကမ့်မှာ ဒဏ်ရာပြသနာတွေနဲ့သာ ရုန်းကန်ခဲ့ရပြီး အခုဆိုရင်လည်း ၆ လကြာအနားယူရပါဦးမယ်။ သူ့ရဲ့ ဘာစီလိုနာကစားသမားဘဝ ဒဏ်ရာမှတ်တမ်းကို ဖော်ပြပေးချင်ပါတယ်။

တံကောက်ကြောဒဏ်ရာ (၁၇.၉.၁၇)

ဒါက သူ့ရဲ့ပထမဆုံးဒဏ်ရာရရှိခဲ့မှုပါ။ ဒီဒဏ်ရာကြောင့် ၃လကျော်ကြာအနားယူခဲ့ရပြီး ပွဲပေါင်း ၂ဝအထိ မကစားခဲ့ရပါဘူး။ လာလီဂါပထမဆုံးကစားခဲ့တဲ့ရာသီမှာပဲဖြစ်ခဲ့ပြီး ဂီတာဖေးနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာပါ။ အဆိုပါဒဏ်ရာက အခုချိန်ထိ သူ့ကို ဒုက္ခပေးနေဆဲဖြစ်တာကို တွေ့ရပါလိမ့်မယ်။

တံကောက်ကြောဒဏ်ရာ (၁၅.၁.၁၈)

ဒီတစ်ကြိမ်ကတော့ တစ်လခန့်အနားယူခဲ့ရပြီး ၇ ပွဲတိတိလွဲချော်ခဲ့ရပါတယ်။ ဗလန်စီယာနဲ့ ကစားခဲ့တဲ့ ကိုပါဒယ်ရေးဆီမီးဖိုင်နယ်နှစ်ကျော့စလုံးကို လွဲချော်ခဲ့ရပြီး နည်းပြဗာဗယ်လ်ဒီက ၄-၄-၂ကစားကွက်ကို ပြောင်းလဲခဲ့ရပါတယ်။ ဒမ်ဘီလီကို အပြည့်အဝအသုံးချခွင့်ကို မရရှိသေးတာပါ။

ခြေကျင်းဝတ်ဒဏ်ရာ (၂၁.၁.၁၉)

ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့ပြီး ဘာစီလိုနာနဲ့လည်း လာလီဂါဖလားကို ဒမ်ဘီက ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာပြသနာတွေကတော့ ရှိနေဆဲဖြစ်ပြီး ရီးရဲလ်နဲ့ ကစားခဲ့တဲ့ ကိုပါဒယ်ရေးဆီမီးဖိုင်နယ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပါတယ်။ ၁၈ ရက်အနားယူခဲ့ရပြီး ၅ပွဲ လွဲချော်ခဲ့ပါတယ်။

ကြွက်သားစုတ်ပြဲဒဏ်ရာ (၁၄.၃.၁၉)

ဒဏ်ရာအသစ်တစ်ခုဖြစ်ပြီးတော့ တစ်လနီးပါးအနားယူခဲ့ရကာ ၄ ပွဲလွဲချော်ခဲ့ရပါတယ်။ ကြွက်သားပျက်စီးခဲ့တာဖြစ်ပြီးတော့ ဒမ်ဘီလီမပါဝင်နိုင်ခဲ့တဲ့ ၄ပွဲမှာ ဘာစီလိုနာက တစ်ပွဲကို ပျမ်းမျှ ၃ဂိုးစီသွင်းယူနိုင်ခဲ့ပါတယ်။

တံကောက်ကြောဒဏ်ရာ (၅.၅.၁၉)

သူ့ရဲ့တံကောက်ကြောဒဏ်ရာက ပြန်ပေါ်လာပြန်ပါပြီ။ ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ ရရှိခဲ့တာဖြစ်ပြီး ၆ မိနစ်သာကစားခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဒမ်ဘီလီက ၄၂ရက်အထိ အနားယူခဲ့ရပြီး ၄ပွဲအထိ လွဲချော်ခဲ့ရကာ လီဗာပူးလ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့မှာမှ လူစားဝင်ကစားပေးနိုင်ခဲ့ပါတယ်။

တံကောက်ကြောဒဏ်ရာ (၁၉.၈.၁၉)

လေးလအကြာမှာ တံကောက်ကြောဒဏ်ရာပြသနာနဲ့ နောက်တစ်ကြိမ်ရင်ဆိုင်ရပြန်ပါတယ်။ သူ့အတွက်တော့ တော်တော်လေးစိတ်ပျက်စရာကောင်းနေခဲ့ပြီဖြစ်ပြီး အသင်းဘက်ကလည်း စိတ်ပျက်စပြုလုပ်ခဲ့ပါတယ်။ ၃၄ရက်ကြာအနားယူခဲ့ပြီး ၅ ပွဲလွဲချော်ခဲ့ပါတယ်။

ကြွက်သားဒဏ်ရာ (၂၇.၉.၁၉)

ဒီတစ်ကြိမ်ကတော့ အသေးစားဒဏ်ရာရရှိမှုသာဖြစ်ပါတယ်။ ၃ရက်ကြာ အနားယူခဲ့ရပြီး တစ်ပွဲလွဲချော်ခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ကြံ့ခိုင်မှုပြသနာက မေးခွန်းထုတ်ချင်စရာကောင်းနေခဲ့ပြီး ဒဏ်ရာရရှိမှုလွယ်မှုက ကစားသမားဘဝကို ထိုးနှက်နေခဲ့ပါတယ်။

တံကောက်ကြောဒဏ်ရာ (၂၈.၁၁.၁၉)

ဒီတစ်ကြိမ်ကတော့ တော်တော်လေးပြင်းထန်တဲ့ ဒဏ်ရာဖြစ်လာခဲ့ပါတယ်။ ၂လကျော်ကြာအနားယူခဲ့ရပြီး ၁၅ ပွဲအထိ လွဲချော်ခဲ့ရပါတယ်။ ငါးကြိမ်မြောက် တံကောက်ကြောပြသနာဖြစ်ပြီးတော့ နှစ်နှစ်အတွင်းမှာ ဒီဒဏ်ရာကြောင့် သူအနားယူခဲ့ရတဲ့အချိန်က ၉ လနီးပါးအထိ ရှိနေခဲ့ပါတယ်။

တံကောက်ကြောဒဏ်ရာ (၄.၂.၂၀)

နောက်ဆုံးရရှိထားတဲ့ ဒဏ်ရာအမျိုးအစားကတော့ သူ့ကို ၆ လအထိ အနားယူရစေတော့မှာပါ။ လက်ကျန်ရာသီပွဲစဉ်အားလုံးကို လွဲချော်တော့မှာဖြစ်ပြီး ယူရို ၂၀၂၀ ပြိုင်ပွဲကိုပါ ပါဝင်ခွင့်မရရှိတော့မှာဖြစ်လို့ ဒမ်ဘီလီအတွက် စိတ်အပျက်ကြီးပျက်ရမှာပါ။ ဘာစီလိုနာရဲ့ သည်းခံမှုအတိုင်းအတာကလည်း ကုန်ဆုံးသွားပြီဖြစ်ပြီးတော့ သူ့နေရာအစားထိုးဖို့ ကစားသမားတစ်ဦးကို ရှာဖွေနေပြီဖြစ်ပါတယ်။ ဒီဒဏ်ရာကြောင့် ၁၉ ပွဲအထိ လွဲချော်ရဦးမှာပါ။

မွတ္ခ်က္မ်ား။