မာတီနက္ဇ္ကို ဘာစီလုိနာနဲ႔အျပိဳင္ေခၚယူေတာ့မယ့္ ရီးရဲလ္မက္ဒရစ္

Real Madrid’s new signing Reinier Jesus breaks down at unveiling

အင္တာမီလန္တိုက္စစ္မွဴးေလာ္တာရိုမာတီနက္ဇ္ကို ဘာစီလိုနာက ေခၚယူဖို႔စိတ္၀င္စားေနခ်ိန္မွာ လာလီဂါျပိဳင္ဘက္ရီးရဲလ္မက္ဒရစ္အသင္းကလည္း ေခၚယူဖို႔ေျခလွမ္းျပင္ေနျပီလို႔ သိရပါတယ္။ TYC Sports ရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္ဟာ မာတီနက္ဇ္ကို အင္တာမီလန္နဲ႔ ခ်ဳပ္ဆိုထားတဲ့ေလ်ာ္ေၾကးေငြေပးေခ်ကာ ေခၚယူဖို႔ စဥ္းစားေနတယ္လုိ႔ သိရပါတယ္။

Who is Emre Can?

မာတီနက္ဇ္ရဲ႕ ေလ်ာ္ေၾကးတန္ဖိုးကို အင္တာမီလန္က ယူရို ၁၁၁သန္းအထိ သတ္မွတ္ထားတာျဖစ္ျပီး ရီးရဲလ္က ေပးေခ်ဖြယ္ရွိေနတာျဖစ္ပါတယ္။ အသက္ ၂၂ႏွစ္အရြယ္ အာဂ်င္တီးနားတိုက္စစ္မွဴးဟာ ဒီရာသီမွာ အင္တာမီလန္အတြက္ေျခစြမ္းျပကစားေပးေနသူျဖစ္ျပီး ကြန္တီရဲ႕ အားထားရတဲ့ တိုက္စစ္မွဴးအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဘာစီလိုနာအသင္းေခါင္းေဆာင္မက္ဆီကလည္း မာတီနက္ဇ္ကို ေခၚယူဖို႔ အသင္းကို ေထာက္ခံေပးထားတယ္လို႔ သိရပါတယ္။ ဘာစီလိုနာက ဆြာရက္ဇ္ေနရာအစားထိုးဖို႔ စိတ္၀င္စားေနသလို မန္ခ်က္စတာယူႏိုက္တက္အသင္းကလည္း တိုက္စစ္ပိုင္းအင္အားျဖည့္တင္းဖို႔ မာတီနက္ဇ္ကို ေစာင့္ၾကည့္ေနမႈေတြ ျပဳလုပ္ေနျပီး ရီးရဲလ္ကပါ ပါ၀င္လာခဲ့တာျဖစ္ပါတယ္။

အသက္အရြယ္ရလာျပီျဖစ္တဲ့ ဘန္ဇီမာရဲ႕ ေနရာကို ေရရွည္အစားထိုးသြားဖို႔ ရီးရဲလ္က စီမံေနျပီး မာတီနက္ဇ္ကို ပစ္မွတ္ထားေနတာပါ။ အင္တာမီလန္ကေတာ့ စာခ်ဳပ္ပါေလ်ာ္ေၾကးေငြရရွိပါက ေရာင္းခ်သြားဖြယ္ရွိေနျပီး ကစားသမားအေနနဲ႔ စိတ္ၾကိဳက္အသင္းကို ေရြးခ်ယ္
ႏိုင္မွာျဖစ္ျပီး အနာဂတ္ကို အဆံုးအျဖတ္ျပဳလုပ္ရမွာျဖစ္ပါတယ္။

Unicode

အင်တာမီလန်တိုက်စစ်မှူးလော်တာရိုမာတီနက်ဇ်ကို ဘာစီလိုနာက ခေါ်ယူဖို့စိတ်ဝင်စားနေချိန်မှာ လာလီဂါပြိုင်ဘက်ရီးရဲလ်မက်ဒရစ်အသင်းကလည်း ခေါ်ယူဖို့ခြေလှမ်းပြင်နေပြီလို့ သိရပါတယ်။ TYC Sports ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ မာတီနက်ဇ်ကို အင်တာမီလန်နဲ့ ချုပ်ဆိုထားတဲ့လျော်ကြေးငွေပေးချေကာ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

မာတီနက်ဇ်ရဲ့ လျော်ကြေးတန်ဖိုးကို အင်တာမီလန်က ယူရို ၁၁၁သန်းအထိ သတ်မှတ်ထားတာဖြစ်ပြီး ရီးရဲလ်က ပေးချေဖွယ်ရှိနေတာဖြစ်ပါတယ်။ အသက် ၂၂နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ ဒီရာသီမှာ အင်တာမီလန်အတွက်ခြေစွမ်းပြကစားပေးနေသူဖြစ်ပြီး ကွန်တီရဲ့ အားထားရတဲ့ တိုက်စစ်မှူးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီကလည်း မာတီနက်ဇ်ကို ခေါ်ယူဖို့ အသင်းကို ထောက်ခံပေးထားတယ်လို့ သိရပါတယ်။ ဘာစီလိုနာက ဆွာရက်ဇ်နေရာအစားထိုးဖို့ စိတ်ဝင်စားနေသလို မန်ချက်စတာယူနိုက်တက်အသင်းကလည်း တိုက်စစ်ပိုင်းအင်အားဖြည့်တင်းဖို့ မာတီနက်ဇ်ကို စောင့်ကြည့်နေမှုတွေ ပြုလုပ်နေပြီး ရီးရဲလ်ကပါ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

အသက်အရွယ်ရလာပြီဖြစ်တဲ့ ဘန်ဇီမာရဲ့ နေရာကို ရေရှည်အစားထိုးသွားဖို့ ရီးရဲလ်က စီမံနေပြီး မာတီနက်ဇ်ကို ပစ်မှတ်ထားနေတာပါ။ အင်တာမီလန်ကတော့ စာချုပ်ပါလျော်ကြေးငွေရရှိပါက ရောင်းချသွားဖွယ်ရှိနေပြီး ကစားသမားအနေနဲ့ စိတ်ကြိုက်အသင်းကို ရွေးချယ်
နိုင်မှာဖြစ်ပြီး အနာဂတ်ကို အဆုံးအဖြတ်ပြုလုပ်ရမှာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။