မာတီနက္ဇ္ကို ေခၚယူဖို႔ ဘာစီလိုနာသေဘာတူညီမႈရရွိလုိ႔ သတင္းမ်ားထြက္လာ

Nadal & Pique at centre of charity event to help coronavirus fight in Spain

အီတလီသတင္းဌာန TuttoSport ရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းဟာ အင္တာမီလန္တိုက္စစ္မွဴးေလာ္တာရိုမာတီနက္ဇ္ကုိ ေခၚယူဖို႔ မူအားျဖင့္သေဘာတူညီမႈရရွိခဲ့တယ္လို႔ သိရပါတယ္။ အတည္မျပဳႏိုင္တဲ့သတင္းမ်ားအရ သိရွိရတာျဖစ္ျပီး
အာဂ်င္တီးနားတိုက္စစ္မွဴးအတြက္ ဘာစီလုိိနာက ေပါင္၆၅သန္း သံုးစြဲသြားမယ္လို႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္၊ မန္ခ်က္စတာယူႏို္က္တက္ နဲ႔ မန္စီးတီးတို႔ကလည္း မာတီနက္ဇ္ကို စိတ္၀င္စားေနျပီး ဘာစီလိုနာက လက္ဦးမႈရယူႏိုင္ဖို႔ အရင္ကတည္းက သတင္းေတြထြက္ေနခဲ့တာျဖစ္ပါတယ္။ မက္ဆီကိုယ္တိုင္ကလည္း မာတီနက္ဇ္ကို ေခၚယူဖို႔
အသင္းကိုတြန္းအားေပးခဲ့ျပီး အာဂ်င္တီးနားအသင္းေဖာ္အတြက္ ေထာက္ခံေပးခဲ့ပါတယ္။

မာတီနက္ဇ္ဟာ ဒီရာသီမွာ အင္တာမီလန္အတြက္ ျပိဳင္ပြဲစံု ၃၁ ပြဲကစားေပးထားျပီး ၁၆ ဂိုးအထိ သြင္းယူေပးထားႏိုင္ခဲ့ပါတယ္။ နည္းျပကြန္တီရဲ႕ အသင္းမွာ အဓိကတိုက္စစ္မွဴးအျဖစ္ မာတီနက္ဇ္က ရပ္တည္ေနခဲ့ျပီး လူကာကူနဲ႔ အတြဲအဖက္ညီညီေျခစြမ္းျပေနကာ
စီးရီးေအရဲ႕ အေကာင္းဆံုးတုိက္စစ္အတြဲတစ္ခုကို ဖန္တီးထားႏိုင္ခဲ့ပါတယ္။

ဘာစီလုိနာအေနနဲ႔ ဂရစ္မန္းကို ေခၚယူထားခဲ့ေပမယ့္ အသင္းမွာထင္သေလာက္ေျခစြမ္းမျပႏိုင္ခဲ့ဘဲ ရွိခဲ့ျပီး ဆြာရက္ဇ္လည္း ဒဏ္ရာေၾကာင့္အနားယူေနရလို႔ တိုက္စစ္ပိုင္းအခက္ေတြ႔ေနခဲ့ရပါတယ္။ ဆြာရက္ဇ္က ေျခစြမ္းပိုင္းအနည္းငယ္က်ဆင္းလာေနျပီျဖစ္လို႔လည္း
တိုက္စစ္ပိုင္းကို ေသြးသစ္ေလာင္းဖို႔အတြက္ ဘာစီလိုနာက ၾကိဳးစားေနခဲ့တာလည္းျဖစ္ပါတယ္။

Unicode

အီတလီသတင်းဌာန TuttoSport ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အင်တာမီလန်တိုက်စစ်မှူးလော်တာရိုမာတီနက်ဇ်ကို ခေါ်ယူဖို့ မူအားဖြင့်သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။ အတည်မပြုနိုင်တဲ့သတင်းများအရ သိရှိရတာဖြစ်ပြီး
အာဂျင်တီးနားတိုက်စစ်မှူးအတွက် ဘာစီလိုိနာက ပေါင်၆၅သန်း သုံးစွဲသွားမယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနို်က်တက် နဲ့ မန်စီးတီးတို့ကလည်း မာတီနက်ဇ်ကို စိတ်ဝင်စားနေပြီး ဘာစီလိုနာက လက်ဦးမှုရယူနိုင်ဖို့ အရင်ကတည်းက သတင်းတွေထွက်နေခဲ့တာဖြစ်ပါတယ်။ မက်ဆီကိုယ်တိုင်ကလည်း မာတီနက်ဇ်ကို ခေါ်ယူဖို့
အသင်းကိုတွန်းအားပေးခဲ့ပြီး အာဂျင်တီးနားအသင်းဖော်အတွက် ထောက်ခံပေးခဲ့ပါတယ်။

မာတီနက်ဇ်ဟာ ဒီရာသီမှာ အင်တာမီလန်အတွက် ပြိုင်ပွဲစုံ ၃၁ ပွဲကစားပေးထားပြီး ၁၆ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ နည်းပြကွန်တီရဲ့ အသင်းမှာ အဓိကတိုက်စစ်မှူးအဖြစ် မာတီနက်ဇ်က ရပ်တည်နေခဲ့ပြီး လူကာကူနဲ့ အတွဲအဖက်ညီညီခြေစွမ်းပြနေကာ
စီးရီးအေရဲ့ အကောင်းဆုံးတိုက်စစ်အတွဲတစ်ခုကို ဖန်တီးထားနိုင်ခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ ဂရစ်မန်းကို ခေါ်ယူထားခဲ့ပေမယ့် အသင်းမှာထင်သလောက်ခြေစွမ်းမပြနိုင်ခဲ့ဘဲ ရှိခဲ့ပြီး ဆွာရက်ဇ်လည်း ဒဏ်ရာကြောင့်အနားယူနေရလို့ တိုက်စစ်ပိုင်းအခက်တွေ့နေခဲ့ရပါတယ်။ ဆွာရက်ဇ်က ခြေစွမ်းပိုင်းအနည်းငယ်ကျဆင်းလာနေပြီဖြစ်လို့လည်း
တိုက်စစ်ပိုင်းကို သွေးသစ်လောင်းဖို့အတွက် ဘာစီလိုနာက ကြိုးစားနေခဲ့တာလည်းဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။