တာစတီဂန်နေရာအတွက် ဘယ်သူတွေကို ဘာစီလိုနာအစားထိုးမလဲ?

Nadal & Pique at centre of charity event to help coronavirus fight in Spain

ရိုလာကိုစတာစီးနေရသလို အဖြစ်မျိုးနဲ့ ဒီရာသီကို ကျော်ဖြတ်နေရတဲ့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့အဓိကဂိုးသမားတာစတီဂန်ရဲ့ အနာဂတ်မတည်မငြိမ်ဖြစ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ကစားသမားနဲ့ ကလပ်အသင်းကြားမှာ စာချုပ်ကိစ္စဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားချိန်မှာပဲ
ဘိုင်ယန်မြူးနစ်အသင်းက ကစားသမားကို စိတ်ဝင်စားမှုတွေပြသလာနေပါတယ်။ တာစတီဂန်က ဘာစီလိုနာရဲ့ အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာက လက်လွှတ်မခံနိုင်ဘူးဆိုရင်တောင်မှ ကြိုတင်ပြင်ဆင်မှုတွေကိုတော့ပြုလုပ်ထားသင့်ပါတယ်။ ဆိုလိုတာက
အခြားသောဂိုးသမားတွေကို အစားထိုးဖို့အတွက် ကြိုတင်စောင့်ကြည့်ဖို့ပါ။

တာစတီဂန်နေရာအတွက် ဘာစီလိုနာအစားထိုးနိုင်တဲ့ ဂိုးသမားတစ်ဦးက ချယ်လ်ဆိးက ကီပါပါ။ ဒီစပိန်သားဂိုးသမားက လန်ဒန်မှာ အဆင်မပြေမှုတွေဖြစ်နေပြီးတော့ နည်းပြလမ်းပတ်လက်ထက်မှာ အခက်တွေ့နေရသူဖြစ်ပါတယ်။ အမှားအယွင်းတွေပြုလုပ်မိခဲ့ပြီးနောက် လမ်းပတ်က မျက်နှာသာပေးခြင်းမရှိတော့ဘဲ ဒုတိယဂိုးသမားကာဘယ်လာရိုကို အရေးကြိးတဲ့ပွဲတွေမှာတောင် ထည့်သွင်းသွားခဲ့တာပါ။ ဒီအချိန်မှာ ဘာစီလိုနာဘက်က ကီပါကို စည်းရုံးနိုင်မယ်ဆိုရင်တော့ အခွင့်ကောင်းပါပဲ။ ကီပါက အသက်အရွယ်အရ ငယ်ရွယ်သေးပြီး တိုးတတ်လာဦးမှာသေချာပါတယ်။


နည်းမှန်လမ်းမှန်နဲ့ ထိန်းကျောင်းပေးမယ်ဆိုရင် ထိပ်တန်းဂိုးသမားဖြစ်လာမယ်ဆိုတာ သေချာပါတယ်။

နောက်တစ်ဦးကတော့ ယူနိုက်တက်ဂိုးသမား ဒီဂီယာပါ။ သူကလည်း စပိန်လက်ရွေးစင်ပါပဲ။ ဘာစီလိုနာအတွက်တော့ ကမ္ဘာ့အဆင့်ဂိုးသမားတစ်ဦးကို အလိုရှိတယ်ဆိုရင် ဒီဂီယာကို ပစ်မှတ်ထားချိန်ရွယ်တာက အကောင်းဆုံးပါ။ အသက်၂၉နှစ်အရွယ် ကစားသမားက ယူနိုက်တက်ရဲ့ ပထမဂိုးသမားနေရာကို
နှစ်ပေါင်းများစွာ ရယူထားနိုင်ခဲ့သူပါ။ ဒါပေမယ့် ဒီဘက်နှစ်တွေမှာတော့ သူ့လက်စွမ်းကအနည်းငယ်ကျဆင်းလာပြီး အမှားတွေလည်း ရှိလာခဲ့လို့ ပရိသတ်တွေရဲ့ ပြစ်တင်မှုအချို့ကိုပါ ခံနေရပါတယ်။ လာမယ့်ရာသီမှာ ရှက်ဖိးကနေ ဒင်းဟန်ဒါဆန်က ပြန်လည်ရောက်ရှိလာမှာပါ။ သူ့ရဲ့လက်စွမ်းက ဒီဂီယာကို
ခြိမ်းခြောက်နိုင်စွမ်းအပြည့်ရှိနေတာမို့ စပိန်ဂိုးသမားအတွက် ပထမနေရာက ဖိအားတွေရှိလာတော့မှာပါ။ ဘာစီလိုနာအနေနဲ့ ဒီဂီယာကို အမှန်တကယ်ချဉ်းကပ်ခဲ့မယ်ဆိုရင်တော့ ခေါ်ယူနိုင်ဖွယ်ရာရှိပါတယ်။

အာဆင်နယ်ဂိုးသမားလီနိုကလည်း ဘာစီလိုနာ ထည့်သွင်းစဉ်းစားသင့်တဲ့ ဂိုးသမားတစ်ဦးပါပဲ။ လေဗာကူဆင်ကနေ အာဆင်နယ်ကို ရောက်၇ှိလာခဲ့ပြီးနောက် လီနိုက တောက်ပတဲ့အရည်အသွေးတွေကို ပြသနိုင်ခဲပါတယ်။ ဘောလုံးလောကရဲ့ ဂိုးသမားမျိုးဆက်တွေထဲမှာ သူ့ကိုလည်း မေ့ထားပစ်လို့မရပါဘူး။
အာဆင်နယ်ရဲ့ အဓိက၈ိုးသမားဖြစ်ပြီးတော့ သူ့ရဲ့လက်စွမ်းကလည်း အထင်ကြီးစရာအနေအထားမှာ ရှိနေပါတယ်။ ဘောလုံးကိုခြေထဲထားကစားနိုင်တဲ့ ဂိုးသမားမျိုးဖြစ်ပြီး ဘာစီလိုနာရဲ့ ကစားဟန်မှာ သင့်တော့်မယ့်သူပါ။ အာဆင်နယ်က ကစားသမားတွေဆိုရင် ခေါ်ယူနေကျဖြစ်တဲ့ ဘာစီလိုနာအတွက်
လီနိုကို တကယ်ခေါ်ယူချင်တယ်ဆိုရင်တော့ မခက်ခဲလောက်ပါဘူး။

မှတ်ချက်များ။