ဘာေတြမွားေနခဲ့လဲ၊ ဘာေတြျပဳျပင္ရေတာ့မွာလဲ ရီးရဲလ္မက္ဒရစ္?

‘I need to see Marcelo shirtless’ – Mendy

ရီးရဲလ္မက္ဒရစ္ရဲ႕ ေျခစြမ္းကေတာ့ တစ္ေန႔ေရႊ၊ တစ္ေန႔ေငြျဖစ္ေနျပီး ပူလိုက္ေဖာင္းလိုက္နဲ႔ ႏွဲသမားပါးစပ္ရယ္လုိ႔ကို ေျပာစမွတ္တြင္ေနပါတယ္။ ဒီပြဲမွာ ေျခစြမ္းေကာင္းသေလာက္ ေနာက္ပြဲက်ရင္ ထင္မွတ္မထားရေလာက္ေအာင္ ေျခစြမ္းက က်ဆင္းသြားေနတာက ဒီရာသီမွာ မၾကာခဏဆိုသလို ျဖစ္ေနပါျပီ။ ျပည္တြင္းလိဂ္မွာလည္း ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ကိုသာ ဦးစားေပးရေတာ့မယ့္ အေနအထားနဲ႔ ၾကံဳေတြ႔ေနရျပီး ကံဆိုးခဲ့ရင္ ဥေရာပဘုရင္ၾကီးအတြက္ ဆုဖလားလက္မဲ့ရာသီကိုေတာင္ ရင္ဆုိင္သြားရႏိုင္ပါတယ္။ ဇီဒန္းထြက္တယ္၊ ေရာ္နယ္ဒို ထြက္တယ္၊ ေလာ့ပ္တယ္ဂီ၀င္လာျပီး ျပန္ထြက္သြားကာ ဆိုလာရီ ျပန္၀င္လာခဲ့တဲ့အထိကို ရီးရဲလ္က မတည္မျငိမ္ျဖစ္သြားခဲ့တာပါ။ ဒီအေျခအေနေတြကို ေျပာင္းလဲပစ္ႏိုင္ဖို႔အတြက္ေတာ့ ရီးရဲလ္လုပ္စရာေတြက အမ်ားၾကီးပါ။

ပထမဆံုးကေတာ့ အသင္းမွာ အာဏာရွင္စနစ္ကို က်င့္သံုးေနတဲ့ ပီရက္ဇ္ရဲ႕ ဥကၠဌရာထူးေနရာကို အစားထိုးသြားဖို႔ပါ။ ပီရက္ဇ္ရဲ႕ ေခတ္က ကုန္သြားပါျပီ၊ ေငြေၾကးအမ်ားအျပားသံုးျပီး ဂလက္တီကိုၾကယ္စင္စုစီမံကိန္းကို တည္ေဆာက္ခဲ့တာကလည္း ဒိတ္ေအာက္သြားပါျပီ။
နည္းျပေတြကို ခန္႔တယ္၊ ေငြေပးျပီး ထုတ္တယ္ဆိုတဲ့ ပံုစံမွာ ပီရက္ဇ္က အာဏာရွင္ဆန္ဆန္ ျပဳမူေနခဲ့တာ ၾကာပါျပီ။ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ေတြကို ေမးခြန္းထုတ္ရမွာ ျဖစ္ျပီး မဟာျပိဳင္ဘက္ ဘာစီလိုနာ တည္ျငိမ္သေလာက္ ရီးရဲလ္မွာ သူ႔ရဲ႕ ခေလာက္ဆန္မႈေတြက ေတာ္ေတာ္ေလးကို အသင္းတြင္း လႈပ္ခတ္ေနေစခဲ့တာပါ။ အရည္အခ်င္းရွိျပီး အေျပာင္းအေရႊ႕မွာ ဖ်ံက်လြန္းတယ္လို႔ ခ်ီးက်ဴးရမွာျဖစ္ေပမယ့္လည္း ပီရက္ဇ္က သူ႔ရဲ႕ အခန္းက႑ကို ရီးရဲလ္မွာ က်ယ္က်ယ္ျပန္႔ျပန္႔ တည္ေဆာက္ထားတာက အသင္းအတြက္ ေရရွည္မွာ ဆိုးက်ိဳးေတြမ်ားလာေစခဲ့တယ္ဆိုတာကို ဒီႏွစ္မွာ သက္ေသျပေနပါျပီ။ ဒီအတြက္ ပီရက္ဇ္ရဲ႕ ေနရာကို ရီးရဲလ္တို႔ အစားထိုးရေတာ့့မွာပါ။

ေနာက္တစ္ခ်က္ကေတာ့ ေရာ္နယ္ဒုိရဲ႕ေနရာအတြက္ပါ။ အသင္းအတြက္ ဂိုးေပါင္းမ်ားစြာ သြင္းယူေပးႏိုင္တဲ့ ကစားသမားကို ေရာင္းထုတ္ခဲ့ျပီးေနာက္ ရီးရဲလ္မွာ ေရာ္နယ္ဒိုရဲ႕ ဂိုးသြင္းစြမ္းရည္ကို မီတဲ့ကစားသမား တစ္ေယာက္မွ ရွိမေနေတာ့ပါဘူး။ တစ္ရာသီကို အနည္းဆံုး
သြင္းဂိုး (၃၀)ေလာက္ သြင္းႏိုင္တဲ့ ဥေရာပထိပ္တန္းလိဂ္ (၅)ခုက တိုက္စစ္မွဴးတစ္ဦးေလာက္ကို ၀ယ္ယူဖို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ထားေပမယ့္ ျဖစ္မလာေသးပါဘူး။ မာရီယာႏို နဲ႔ မန္စီးတီး ဒီယက္ဇ္တို႔လို လူငယ္ေတြကိုသာ ေခၚယူအားျဖည့္ထားျပီး အေတြ႕အၾကံဳရင့္ တိုက္စစ္မွဴး တစ္ဦး လိုအပ္ေနတဲ့ ကြက္လပ္ကို အခုထိ သူတို႔ မျဖည့္ဆည္းႏိုင္ေသးတာက အားနည္းခ်က္တစ္ခုပါ။ ဘန္ဇီမာက ယံုစားလို႔ရတဲ့ ေျခစြမ္းမ်ိဳး မရွိေတာ့ပါဘူး။ ဒါကို သိသိနဲ႔ ရွိတာေလးနဲ႔ လွေအာင္ဆင္ေနတဲ့ ရီးရဲလ္အျဖစ္က ပိုပိုျပီး ဆိုးလာဖို႔သာ ရွိေနပါတယ္။

ဇီဒန္းလက္ထက္မွာ ၄-၁-၂-၃ ကစားကြက္ကို ပင္တိုင္အသံုးျပဳခဲ့ျပီးေတာ့ ကက္စ္မဲရိုးကို ကြင္းလယ္ခံစစ္မွာ ထားကစားခဲ့ပါတယ္။ ဒီကစားကြက္ကေနပဲ ဇီဒန္းေအာင္ျမင္ခဲ့တာပါ။ ေလာ့ပ္တယ္ဂီလက္ထက္မွာ ၄-၃-၃ ပံုစံကို ေျပာင္းလဲလိုက္ျပီးေတာ့ အသင္းကို Possession Game ကစားေစခဲ့ပါတယ္။ ဇီဒန္းလက္ထက္မွာ မာေက်ာခဲ့တဲ့ ခံစစ္လိုင္းကို သူက ဖ်က္စီးပစ္ခဲ့လို႔ ရီးရဲလ္ ျပသနာေတြ ၾကံဳခဲ့ရပါတယ္။ ဆိုလာရီကလည္း ဒီအတိုင္းပါပဲ။ သူက ၄-၃-၃ နဲ႔ ၄-၂-၃-၁ ကစားကြက္ကို အားသန္သူပါ။ ဒီရာသီမွာ အသင္းကစားကြက္ကို
မၾကာခဏဆိုသလို ေျပာင္းလဲပစ္ခဲ့ျပီး ရလာဒ္ပိုင္းေရာ၊ ေျခစြမ္းပိုင္းမွာ မတည္ျငိမ္ခဲ့ပါဘူး။ ကြင္းလယ္မွာ သူက Piovt ကစားသမား (၂)ဦးထားကစားဖို႔ အားသန္ေနခ့ျပီးေတာ့ ကက္စ္မဲရိုးအစား ေလာ္ရန္ေတးကို ပိုအသံုးျပဳေနခဲ့တာက ရီးရဲလ္ကို ေပးဂိုးေတြ ပိုမ်ားေစခ့ဲပါတယ္။ ဆိုလာရီအေနနဲ႔ ပင္တိုင္ကစားကြက္တစ္ခုကို ေရြးခ်ယ္အသုံးျပဳဖို႔ပဲ ေရြးခ်ယ္သင့္ပါတယ္။

ေနာက္တစ္ခ်က္က ကစားသမားေတြအေပၚ ကိုင္တြယ္မႈပါ။ သိသိသာသာ အားနည္းေနခဲ့ျပီးေတာ့ ကစားသမားနဲ႔ နည္းျပေတြၾကားမွာ ေႏြးေထြးမႈ ေပ်ာက္ဆုံးေနပါတယ္။ အစၥကို နဲ႔ ဆိုလာရီ ျပသနာကအထင္ရွားဆံုး ျဖစ္ျပီးေတာ့ က်န္ကစားသမားတခ်ိဳ႕နဲ႔လည္း လိပ္ခဲတည္းလည္း ဆက္ဆံေရးမ်ိဳးကိုသာ ဆိုလာရီ တည္ေဆာက္ႏိုင္ခဲ့ပါတယ္။ သူက စီဘယ္ေလာ့စ္၊ ဗယ္လ္ဗာဒီ နဲ႔ ေလာ္ရန္ေတးတို႔ကို အထင္ၾကီးေနျပီးေတာ့ ပြဲထြက္ခြင့္ ေပးခဲ့ျပီး စီနီယာကစားသမားေတြကို ပညာျပခ်င္တဲ့ ပံုစံရွိေနခဲ့ပါတယ္။ သူ႔အေနနဲ႔ လူငယ္ေသြးသစ္ေတြကို ေမြးထုတ္ခ်င္တာ ေကာင္းတယ္ဆိုေပမယ့္လည္း ၀ါရင့္ကစားသမားေတြနဲ႔ တြဲဖက္ျပီးေတာ့ အလွည့္က်စနစ္ကို က်င့္သံုးျပီး မွန္ကန္တဲ့ဗ်ဴဟာကို ခ်မွတ္ဖို႔က အသင္းကို ပိုျပီးေတာ့ ေကာင္းမြန္လာပါေစလိမ့္မယ္။

Unicode Version

ရီးရဲလ်မက်ဒရစ်ရဲ့ ခြေစွမ်းကတော့ တစ်နေ့ရွှေ၊ တစ်နေ့ငွေဖြစ်နေပြီး ပူလိုက်ဖောင်းလိုက်နဲ့ နှဲသမားပါးစပ်ရယ်လို့ကို ပြောစမှတ်တွင်နေပါတယ်။ ဒီပွဲမှာ ခြေစွမ်းကောင်းသလောက် နောက်ပွဲကျရင် ထင်မှတ်မထားရလောက်အောင် ခြေစွမ်းက ကျဆင်းသွားနေတာက ဒီရာသီမှာ မကြာခဏဆိုသလို ဖြစ်နေပါပြီ။ ပြည်တွင်းလိဂ်မှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကိုသာ ဦးစားပေးရတော့မယ့် အနေအထားနဲ့ ကြုံတွေ့နေရပြီး ကံဆိုးခဲ့ရင် ဥရောပဘုရင်ကြီးအတွက် ဆုဖလားလက်မဲ့ရာသီကိုတောင် ရင်ဆိုင်သွားရနိုင်ပါတယ်။ ဇီဒန်းထွက်တယ်၊ ရော်နယ်ဒို ထွက်တယ်၊ လော့ပ်တယ်ဂီဝင်လာပြီး ပြန်ထွက်သွားကာ ဆိုလာရီ ပြန်ဝင်လာခဲ့တဲ့အထိကို ရီးရဲလ်က မတည်မငြိမ်ဖြစ်သွားခဲ့တာပါ။ ဒီအခြေအနေတွေကို ပြောင်းလဲပစ်နိုင်ဖို့အတွက်တော့ ရီးရဲလ်လုပ်စရာတွေက အများကြီးပါ။

ပထမဆုံးကတော့ အသင်းမှာ အာဏာရှင်စနစ်ကို ကျင့်သုံးနေတဲ့ ပီရက်ဇ်ရဲ့ ဥက္ကဌရာထူးနေရာကို အစားထိုးသွားဖို့ပါ။ ပီရက်ဇ်ရဲ့ ခေတ်က ကုန်သွားပါပြီ၊ ငွေကြေးအများအပြားသုံးပြီး ဂလက်တီကိုကြယ်စင်စုစီမံကိန်းကို တည်ဆောက်ခဲ့တာကလည်း ဒိတ်အောက်သွားပါပြီ။
နည်းပြတွေကို ခန့်တယ်၊ ငွေပေးပြီး ထုတ်တယ်ဆိုတဲ့ ပုံစံမှာ ပီရက်ဇ်က အာဏာရှင်ဆန်ဆန် ပြုမူနေခဲ့တာ ကြာပါပြီ။ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို မေးခွန်းထုတ်ရမှာ ဖြစ်ပြီး မဟာပြိုင်ဘက် ဘာစီလိုနာ တည်ငြိမ်သလောက် ရီးရဲလ်မှာ သူ့ရဲ့ ခလောက်ဆန်မှုတွေက တော်တော်လေးကို အသင်းတွင်း လှုပ်ခတ်နေစေခဲ့တာပါ။ အရည်အချင်းရှိပြီး အပြောင်းအရွှေ့မှာ ဖျံကျလွန်းတယ်လို့ ချီးကျူးရမှာဖြစ်ပေမယ့်လည်း ပီရက်ဇ်က သူ့ရဲ့ အခန်းကဏ္ဍကို ရီးရဲလ်မှာ ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ထားတာက အသင်းအတွက် ရေရှည်မှာ ဆိုးကျိုးတွေများလာစေခဲ့တယ်ဆိုတာကို ဒီနှစ်မှာ သက်သေပြနေပါပြီ။ ဒီအတွက် ပီရက်ဇ်ရဲ့ နေရာကို ရီးရဲလ်တို့ အစားထိုးရတော့့မှာပါ။

နောက်တစ်ချက်ကတော့ ရော်နယ်ဒိုရဲ့နေရာအတွက်ပါ။ အသင်းအတွက် ဂိုးပေါင်းများစွာ သွင်းယူပေးနိုင်တဲ့ ကစားသမားကို ရောင်းထုတ်ခဲ့ပြီးနောက် ရီးရဲလ်မှာ ရော်နယ်ဒိုရဲ့ ဂိုးသွင်းစွမ်းရည်ကို မီတဲ့ကစားသမား တစ်ယောက်မှ ရှိမနေတော့ပါဘူး။ တစ်ရာသီကို အနည်းဆုံး
သွင်းဂိုး (၃၀)လောက် သွင်းနိုင်တဲ့ ဥရောပထိပ်တန်းလိဂ် (၅)ခုက တိုက်စစ်မှူးတစ်ဦးလောက်ကို ဝယ်ယူဖို့ ပရိသတ်တွေက မျှော်လင့်ထားပေမယ့် ဖြစ်မလာသေးပါဘူး။ မာရီယာနို နဲ့ မန်စီးတီး ဒီယက်ဇ်တို့လို လူငယ်တွေကိုသာ ခေါ်ယူအားဖြည့်ထားပြီး အတွေ့အကြုံရင့် တိုက်စစ်မှူး တစ်ဦး လိုအပ်နေတဲ့ ကွက်လပ်ကို အခုထိ သူတို့ မဖြည့်ဆည်းနိုင်သေးတာက အားနည်းချက်တစ်ခုပါ။ ဘန်ဇီမာက ယုံစားလို့ရတဲ့ ခြေစွမ်းမျိုး မရှိတော့ပါဘူး။ ဒါကို သိသိနဲ့ ရှိတာလေးနဲ့ လှအောင်ဆင်နေတဲ့ ရီးရဲလ်အဖြစ်က ပိုပိုပြီး ဆိုးလာဖို့သာ ရှိနေပါတယ်။

ဇီဒန်းလက်ထက်မှာ ၄-၁-၂-၃ ကစားကွက်ကို ပင်တိုင်အသုံးပြုခဲ့ပြီးတော့ ကက်စ်မဲရိုးကို ကွင်းလယ်ခံစစ်မှာ ထားကစားခဲ့ပါတယ်။ ဒီကစားကွက်ကနေပဲ ဇီဒန်းအောင်မြင်ခဲ့တာပါ။ လော့ပ်တယ်ဂီလက်ထက်မှာ ၄-၃-၃ ပုံစံကို ပြောင်းလဲလိုက်ပြီးတော့ အသင်းကို Possession Game ကစားစေခဲ့ပါတယ်။ ဇီဒန်းလက်ထက်မှာ မာကျောခဲ့တဲ့ ခံစစ်လိုင်းကို သူက ဖျက်စီးပစ်ခဲ့လို့ ရီးရဲလ် ပြသနာတွေ ကြုံခဲ့ရပါတယ်။ ဆိုလာရီကလည်း ဒီအတိုင်းပါပဲ။ သူက ၄-၃-၃ နဲ့ ၄-၂-၃-၁ ကစားကွက်ကို အားသန်သူပါ။ ဒီရာသီမှာ အသင်းကစားကွက်ကို
မကြာခဏဆိုသလို ပြောင်းလဲပစ်ခဲ့ပြီး ရလာဒ်ပိုင်းရော၊ ခြေစွမ်းပိုင်းမှာ မတည်ငြိမ်ခဲ့ပါဘူး။ ကွင်းလယ်မှာ သူက Piovt ကစားသမား (၂)ဦးထားကစားဖို့ အားသန်နေခ့ပြီးတော့ ကက်စ်မဲရိုးအစား လော်ရန်တေးကို ပိုအသုံးပြုနေခဲ့တာက ရီးရဲလ်ကို ပေးဂိုးတွေ ပိုများစေခဲ့ပါတယ်။ ဆိုလာရီအနေနဲ့ ပင်တိုင်ကစားကွက်တစ်ခုကို ရွေးချယ်အသုံးပြုဖို့ပဲ ရွေးချယ်သင့်ပါတယ်။

နောက်တစ်ချက်က ကစားသမားတွေအပေါ် ကိုင်တွယ်မှုပါ။ သိသိသာသာ အားနည်းနေခဲ့ပြီးတော့ ကစားသမားနဲ့ နည်းပြတွေကြားမှာ နွေးထွေးမှု ပျောက်ဆုံးနေပါတယ်။ အစ္စကို နဲ့ ဆိုလာရီ ပြသနာကအထင်ရှားဆုံး ဖြစ်ပြီးတော့ ကျန်ကစားသမားတချို့နဲ့လည်း လိပ်ခဲတည်းလည်း ဆက်ဆံရေးမျိုးကိုသာ ဆိုလာရီ တည်ဆောက်နိုင်ခဲ့ပါတယ်။ သူက စီဘယ်လော့စ်၊ ဗယ်လ်ဗာဒီ နဲ့ လော်ရန်တေးတို့ကို အထင်ကြီးနေပြီးတော့ ပွဲထွက်ခွင့် ပေးခဲ့ပြီး စီနီယာကစားသမားတွေကို ပညာပြချင်တဲ့ ပုံစံရှိနေခဲ့ပါတယ်။ သူ့အနေနဲ့ လူငယ်သွေးသစ်တွေကို မွေးထုတ်ချင်တာ ကောင်းတယ်ဆိုပေမယ့်လည်း ၀ါရင့်ကစားသမားတွေနဲ့ တွဲဖက်ပြီးတော့ အလှည့်ကျစနစ်ကို ကျင့်သုံးပြီး မှန်ကန်တဲ့ဗျူဟာကို ချမှတ်ဖို့က အသင်းကို ပိုပြီးတော့ ကောင်းမွန်လာပါစေလိမ့်မယ်။

မွတ္ခ်က္မ်ား။