လာလီဂါသြင္းဂိုး (၄၀၀) ျပည့္ေျမာက္တဲ့ ပထမဆံုးကစားသမားအျဖစ္ မက္ဆီ စံခ်ိန္သစ္ရယူ

“ ရီးရဲလ္ဟာ အရည္အေသြးျပည့္၀တဲ့ သူကို ေခၚယူႏိုင္ခဲ့တာပါ” – မီလီတာအိုကို ေခၚယူခဲ့မႈအေပၚ မီရန္ဒါရဲ႕ မွတ္ခ်က္

ဘာစီလိုနာအသင္း တိုက္စစ္မွဴး လီယြန္နယ္မက္ဆီဟာ မေန႔ကကစားခဲ့တဲ့ အီဘာအသင္းနဲ႔ပြဲမွာ အသင္းအတြက္ တစ္ဂိုးသြင္းယူခဲ့ျပီးေနာက္ လာလီဂါသြင္းဂိုး (၄၀၀) ျပည့္ေျမာက္ခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့ျပီး မွတ္တမ္းသစ္တစ္ခုကို စိုက္ထူသြားႏိုင္ခဲ့ျပီ ျဖစ္ပါတယ္။ အိမ္ကြင္းမွာ ဘာစီလိုနာက (၃-၀) နဲ႔ အီဘာကို အႏိုင္ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

ပြဲခ်ိန္ (၅၃)မိနစ္မွာ မက္ဆီက အႏိုင္ဂိုးတစ္ဂိုးသြင္းယူခဲ့တာ ျဖစ္ျပီး ဥေရာပထိပ္တန္းလိဂ္ (၅)ခုမွာ လိဂ္ဂိုး (၄၀၀) ျပည့္ေျမာက္တဲ့ ဒုတိယေျမာက္ကစားသမားလညး္ ျဖစ္လာခဲ့့ပါတယ္။ မက္ဆီရဲ႕ အဓိကျပိဳင္ဘက္ၾကီး ေရာ္နယ္ဒိုကလည္း လိဂ္ဂိုး (၄၀၀) သြင္းယူႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ခဲ့ေပမယ့္ မက္ဆီကေတာ့ အသင္းတစ္သင္းတည္းမွာ ကစားျပီး ဒီစံခ်ိန္ကုိ ရရွိခဲ့တာ ျဖစ္ပါတယ္။

ဘာစီလိုနာအတြက္ ေနာက္ထပ္ အႏိုင္ဂိုး (၂)ဂိုးကို တိုက္စစ္မွဴး ဆြာရက္ဇ္တစ္ဦးတည္းက သြငး္ယူခဲ့ျပီး ဒီရာသီမွာ လာလီဂါသြင္းဂိုး (၁၄)ဂိုး ရွိသြားခဲ့ကာ ေျခာက္ပြဲဆက္တိုက္ ဘာစီလိုနာအတြက္ ဆြာရက္ဇ္က ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အီဘာအသင္းရဲ႕ ကစားပံုက ဘာစီလုိနာကို ဒုကၡေပးႏိုင္ခဲတယ္လို႔ ဗယ္လ္ဗာဒီက ပြဲအျပီးမွာ ေျပာၾကားခဲ့ပါတယ္။

“ ကၽြန္ေတာ္တို႔ဆီက ရမွတ္ရဖုိ႔အတြက္ သူတို႔ကစားႏိုင္ခဲ့ပါတယ္၊ ပြဲခ်ိန္အစအဆံုးမွာ သူတို႔က ကစားအားလံုး၀က်မသြားပဲနဲ႔ သူတို႔အသင္းဟာလည္း လာလီဂါရဲ႕ အသင္းေကာင္းတစ္သင္းဆိုတာကို ျပသႏိုင္ခဲ့ပါတယ္၊ ကၽြန္ေတာ္တို႔ရဲ႕ ေရွ႕တန္းကစားသမားေတြ ခ်ိတ္ဆက္လို႔ မရေအာင္ သူတို႔ ဖန္တီးႏိုင္ခဲ့ျပီးေတာ့ ကၽြန္ေတာ္တို႔ကို ခက္ခဲေအာင္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္၊ အႏၱရာယ္ရွိတဲ့အသင္းတစ္သင္းပါပဲ” လို႔ ဗယ္လ္ဗာဒီက ေျပာၾကားသြားခဲ့ပါတယ္။

ကစားသမားဘ၀မွာ စံခ်ိန္မွတ္တမ္းအမ်ားအျပားကို ရရွိပိုင္ဆိုင္ထားတဲ့ မက္ဆီအတြက္ ဂုဏ္ယူစရာ ေနာက္ထပ္စံခ်ိန္ေကာင္းတစ္ခုလည္း ျဖစ္လာခဲ့ပါတယ္။ ေရာ္နယ္ဒိုကေတာ့ စုစုေပါင္းသြင္းဂိုး (၄၀၉)ဂိုးအထိ သြင္းယူထားျပီးေတာ့ ဥေရာပထိပ္တန္းလိဂ္ (၅)ခုမွာ လိဂ္ဂိုး (၄၀၀) ျပည့္ေျမာက္တဲ့ ပထမဆံုးကစားသမားအျဖစ္ မွတ္တမ္းတင္ထားတာ ျဖစ္ပါတယ္။

Unicode Version

ဘာစီလိုနာအသင်း တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ မနေ့ကကစားခဲ့တဲ့ အီဘာအသင်းနဲ့ပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းယူခဲ့ပြီးနောက် လာလီဂါသွင်းဂိုး (၄၀၀) ပြည့်မြောက်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး မှတ်တမ်းသစ်တစ်ခုကို စိုက်ထူသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အိမ်ကွင်းမှာ ဘာစီလိုနာက (၃-၀) နဲ့ အီဘာကို အနိုင်ရရှိခဲ့တာလည်း ဖြ်စပါတယ်။

ပွဲချိန် (၅၃)မိနစ်မှာ မက်ဆီက အနိုင်ဂိုးတစ်ဂိုးသွင်းယူခဲ့တာ ဖြစ်ပြီး ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ လိဂ်ဂိုး (၄၀၀) ပြည့်မြောက်တဲ့ ဒုတိယမြောက်ကစားသမားလညး် ဖြစ်လာခဲ့့ပါတယ်။ မက်ဆီရဲ့ အဓိကပြိုင်ဘက်ကြီး ရော်နယ်ဒိုကလည်း လိဂ်ဂိုး (၄၀၀) သွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပေမယ့် မက်ဆီကတော့ အသင်းတစ်သင်းတည်းမှာ ကစားပြီး ဒီစံချိန်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအတွက် နောက်ထပ် အနိုင်ဂိုး (၂)ဂိုးကို တိုက်စစ်မှူး ဆွာရက်ဇ်တစ်ဦးတည်းက သွငး်ယူခဲ့ပြီး ဒီရာသီမှာ လာလီဂါသွင်းဂိုး (၁၄)ဂိုး ရှိသွားခဲ့ကာ ခြောက်ပွဲဆက်တိုက် ဘာစီလိုနာအတွက် ဆွာရက်ဇ်က ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အီဘာအသင်းရဲ့ ကစားပုံက ဘာစီလိုနာကို ဒုက္ခပေးနိုင်ခဲတယ်လို့ ဗယ်လ်ဗာဒီက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

“ ကျွန်တော်တို့ဆီက ရမှတ်ရဖို့အတွက် သူတို့ကစားနိုင်ခဲ့ပါတယ်၊ ပွဲချိန်အစအဆုံးမှာ သူတို့က ကစားအားလုံးဝကျမသွားပဲနဲ့ သူတို့အသင်းဟာလည်း လာလီဂါရဲ့ အသင်းကောင်းတစ်သင်းဆိုတာကို ပြသနိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ ရှေ့တန်းကစားသမားတွေ ချိတ်ဆက်လို့ မရအောင် သူတို့ ဖန်တီးနိုင်ခဲ့ပြီးတော့ ကျွန်တော်တို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခဲ့ပါတယ်၊ အန္တရာယ်ရှိတဲ့အသင်းတစ်သင်းပါပဲ” လို့ ဗယ်လ်ဗာဒီက ပြောကြားသွားခဲ့ပါတယ်။

ကစားသမားဘဝမှာ စံချိန်မှတ်တမ်းအများအပြားကို ရရှိပိုင်ဆိုင်ထားတဲ့ မက်ဆီအတွက် ဂုဏ်ယူစရာ နောက်ထပ်စံချိန်ကောင်းတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ စုစုပေါင်းသွင်းဂိုး (၄၀၉)ဂိုးအထိ သွင်းယူထားပြီးတော့ ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ လိဂ်ဂိုး (၄၀၀) ပြည့်မြောက်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။