ပီအက္စ္ဂ်ီကို ေရာက္ရွိဖို႔ နီးစပ္ေနတဲ့ လီဗာပူးလ္ပစ္မွတ္

‘I did my best to make things right with Atletico’ – Griezmann

ပီအက္စ္ဂ်ီအသင္းဟာ လိုင္လီအသင္းရဲ႕ ေတာင္ပံကစားသမား ပီပီကို ေခၚယူဖို႔ ျဖစ္ႏိုင္ဖြယ္ရွိတယ္လို႔ ကစားသမားရဲ႕ေအးဂ်င့္က ၀န္ခံေျပာဆိုလိုက္ပါတယ္။ လီဗာပူးလ္ကလည္း စိတ္၀င္စားေနတဲ့ ကစားသမားကို ပီအက္စ္ဂ်ီဘက္က စတင္ခ်ဥ္းကပ္မႈေတြျပဳလုပ္ေနျပီလို႔ သိရျပီး ပီပီအေနနဲ႔ ျပင္သစ္လိဂ္မွာပဲ ဆက္လက္ကစားသြားရဖို႔ နီးစပ္ေနျပီျဖစ္ပါတယ္။

‘Senegal are mentally strong’ – striker Sada Thioub ahead of AFCON semi-final against Tunisia

ျပီးခဲ့တဲ့ရာသီက လိုင္လီအတြက္ လိဂ္ဂိုး (၂၂)ဂိုးအထိ ပီပီကသြငး္ယူေပးႏိုင္ခဲ့ျပီး ပီအက္စ္ဂ်ီနည္းျပတူခ်ယ္လ္ကို ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။ တူခ်ယ္လ္က ကစားသမားရဲ႕ လ်င္ျမန္မႈနဲ႔ ၾကံခိုင္မႈအပိုင္းကို ခ်ီးက်ဴးစကားေျပာဆိုခဲ့ဖူးျပီးေတာ့ လက္ရွိအခ်ိန္မွာ ေခၚယူဖို႔အတြက္ ၾကိဳးစားမႈေတြကို ျပဳလုပ္ေနခဲ့ျပီး အသင္းတိုက္စစ္ပို္င္းကို ျမွင့္တင္သြားဖြယ္ရွိေနပါတယ္။

 

ကစားသမားရဲ႕ေအးဂ်င့္ ဆမ္မီခီအက္က “ နီကိုလပ္စ္က အရာအားလံုးအတြက္တံခါးဖြင့္ထားပါတယ္၊ သူ႔ရဲ႕ရည္မွန္းခ်က္က မွန္ကန္သင့္ေတာ္တဲ့အသင္းတစ္ခုမွာကစားသြားဖို႔ပါ၊ ပီအက္စ္ဂ်ီက ျဖစ္ႏိုင္ဖြယ္ရွိပါတယ္၊ ပီအက္စ္ဂ်ီနဲ႔ လိုင္လီအသင္း၊ ကၽြန္ေတာ္နဲ႔ ေဆြးေႏြးသြားဖို႔လည္း ရွိေနတယ္ဆုိတာကို မကြယ္မ၀ွက္ပဲေျပာျပခ်င္ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

ပီပီရဲ႕တန္ေၾကးကို ယူရို (၆၅)သန္းအထိ ခီအက္ကသတ္မွတ္ထားျပီးေတာ့ “ သူ႔ကိုလိုခ်င္ေနတဲ့အသင္းေတြအမ်ားၾကီးရွိပါတယ္၊ သူ႔အတြက္အေရးၾကီးတာကေတာ့ သူ ကစားခ်င္တဲ့အသင္းကို ေရာက္ေအာင္သြားႏိုင္ဖို႔ပါပဲ၊ အဲဒီမွာ သူ႔ကစားသမားဘ၀တိုးတက္ဖို႔အတြက္ လုပ္ေဆာင္သြားဖို႔ သူက ရည္ရြယ္ထားပါတယ္” လုိ႔ ထပ္မံေျပာဆိုသြားခဲ့ပါတယ္။

Unicode Version

ပီအက်စ်ဂျီအသင်းဟာ လိုင်လီအသင်းရဲ့ တောင်ပံကစားသမား ပီပီကို ခေါ်ယူဖို့ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ကစားသမားရဲ့အေးဂျင့်က ဝန်ခံပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်ကလည်း စိတ်ဝင်စားနေတဲ့ ကစားသမားကို ပီအက်စ်ဂျီဘက်က စတင်ချဉ်းကပ်မှုတွေပြုလုပ်နေပြီလို့ သိရပြီး ပီပီအနေနဲ့ ပြင်သစ်လိဂ်မှာပဲ ဆက်လက်ကစားသွားရဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက လိုင်လီအတွက် လိဂ်ဂိုး (၂၂)ဂိုးအထိ ပီပီကသွငး်ယူပေးနိုင်ခဲ့ပြီး ပီအက်စ်ဂျီနည်းပြတူချယ်လ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ တူချယ်လ်က ကစားသမားရဲ့ လျင်မြန်မှုနဲ့ ကြံခိုင်မှုအပိုင်းကို ချီးကျူးစကားပြောဆိုခဲ့ဖူးပြီးတော့ လက်ရှိအချိန်မှာ ခေါ်ယူဖို့အတွက် ကြိုးစားမှုတွေကို ပြုလုပ်နေခဲ့ပြီး အသင်းတိုက်စစ်ပို်င်းကို မြှင့်တင်သွားဖွယ်ရှိနေပါတယ်။

ကစားသမားရဲ့အေးဂျင့် ဆမ်မီခီအက်က “ နီကိုလပ်စ်က အရာအားလုံးအတွက်တံခါးဖွင့်ထားပါတယ်၊ သူ့ရဲ့ရည်မှန်းချက်က မှန်ကန်သင့်တော်တဲ့အသင်းတစ်ခုမှာကစားသွားဖို့ပါ၊ ပီအက်စ်ဂျီက ဖြစ်နိုင်ဖွယ်ရှိပါတယ်၊ ပီအက်စ်ဂျီနဲ့ လိုင်လီအသင်း၊ ကျွန်တော်နဲ့ ဆွေးနွေးသွားဖို့လည်း ရှိနေတယ်ဆိုတာကို မကွယ်မဝှက်ပဲပြောပြချင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ပီပီရဲ့တန်ကြေးကို ယူရို (၆၅)သန်းအထိ ခီအက်ကသတ်မှတ်ထားပြီးတော့ “ သူ့ကိုလိုချင်နေတဲ့အသင်းတွေအများကြီးရှိပါတယ်၊ သူ့အတွက်အရေးကြီးတာကတော့ သူ ကစားချင်တဲ့အသင်းကို ရောက်အောင်သွားနိုင်ဖို့ပါပဲ၊ အဲဒီမှာ သူ့ကစားသမားဘဝတိုးတက်ဖို့အတွက် လုပ်ဆောင်သွားဖို့ သူက ရည်ရွယ်ထားပါတယ်” လို့ ထပ်မံပြောဆိုသွားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။