ပီအက္္စ္ဂ်ီကို ေဒါသအၾကီးအက်ယ္ထြက္ေအာင္ ေျပာဆိုလိုက္ျပန္တဲ့ ေနမာ

Rouwen Hennings vs Robert Lewandowski – Two top strikers go head-to-head in Dusseldorf vs Bayern Munich

ေနမာကေတာ့ သူ႔ရဲ႕ကလပ္အသင္း ပီအက္စ္ဂ်ီကို အၾကီးအက်ယ္ေဒါသူပုန္ထေအာင္ ဖန္တီးလိုက္ျပီပဲ ျဖစ္ပါတယ္။ ဘာစီလိုနာက ပီအက္စ္ဂ်ီကို ၆-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ၂၀၁၇ ခ်န္ပီယံလိဂ္ပြဲစဥ္က သူ႔ရဲ႕ကစားသမားဘ၀တစ္ေလွ်ာက္ အေကာင္းဆံုးေသာ အေတြ႕အၾကံဳနဲ႔ ခံစားခ်က္ေကာင္း ရွိခဲ့တဲ့ပြဲျဖစ္တယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီက ထြက္ခြာဖို႔အတြက္ ၾကိဳးစားေနတဲ့ ေနမာဟာ အသင္းနဲ႔ အခ်ိန္မီျပန္လည္ပူးေပါင္းျခင္းမရွိလို႔လည္း ဒဏ္ေၾကးယူရို (၃၇၅၀၀၀)အထိ တပ္ရိုက္ခံထားရသူျဖစ္ပါတယ္။ ေနမာနဲ႔ ကလပ္အသင္းၾကားမွာ ျပသနာေတြစတင္ျဖစ္ပြားလာျပီျဖစ္ျပီး အခုလိုေနမာရဲ႕ ေျပာဆိုမႈက ပီအက္စ္ဂ်ီအတြက္ေတာ့ သူတုိ႔ရဲ႕ အရွက္တကြဲအေရးနိမ့္ခဲ့မႈအေပၚကို ျပန္လည္ျပီးေအာက္ေမ့စရာလည္း ျဖစ္လာခ့ဲပါတယ္။

” ကၽြန္ေတာ့္ကစားသမားဘ၀မွာ အေကာင္းဆံုးျဖစ္ခဲ့တဲ့အခိုက္အတန္႔က ပီအက္စ္ဂ်ီနဲ႔ ရင္ဆိုင္ေတြ႕ျပီးေတာ့ ကၽြန္ေတာ္တို႔အႏိုင္ရခဲ့တဲ့ပြဲပါ၊ ကၽြန္ေတာ္တို႔ ေျခာက္ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ ခံစားခ်က္မ်ိဳးကို ကၽြန္ေတာ္ဘယ္တုန္းကမွမခံစားခဲ့ဖူးပါဘူး၊ တကယ္ကို မယံုၾကည္ႏိုင္စရာေကာင္းမႈ ျဖစ္ခဲ့ပါတယ္၊ အ၀တ္လဲခန္းအတြင္းမွာ အေကာင္းဆံုးျဖစ္ခဲ့တဲ့ အရာေတြလားဆိုတာေတာ့ ကၽြန္ေတာ္မသိပါဘူး” လို႔ ေနမာက Oh My Goal နဲ႔ ေတြ႕ဆံုမႈမွာ ေျပာဆိုခဲ့ပါတယ္။

“ ဘာစီလိုနာနဲ႔အတူ ပီအက္စ္ဂ်ီကို အႏိုင္ယူခဲ့တဲ့အခ်ိန္က ျပီးျပည့္စံုခဲ့ပါတယ္၊ ပြဲအျပီးမွာ ကၽြန္ေတာ္တို႔အားလံုး ရူးသြပ္ခ်င္စရာေတြျဖစ္ခဲ့ရပါတယ္၊ ကၽြန္ေတာ္တို႔အားလံုးအတြက္လည္း အေကာင္းဆံုးခံစားခ်က္ေတြျဖစ္ခဲ့မယ္လုိ႔ ကၽြန္ေတာ္ယံုၾကည္ပါတယ္” လို႔ ေနမာက ထပ္ေျပာခဲ့ပါတယ္။ ပီအက္စ္ဂ်ီကေတာ့ ေနမာရဲ႕ ေျပာဆိုမႈေတြနဲ႔ပတ္သက္ျပီး လက္ရွိမွာ ဘယ္လိုတံု႔ျပန္မႈမ်ိဳးမွ မျပဳလုပ္ရေသးဘူးလို႔ သိရပါတယ္။

Unicode Version

နေမာကတော့ သူ့ရဲ့ကလပ်အသင်း ပီအက်စ်ဂျီကို အကြီးအကျယ်ဒေါသူပုန်ထအောင် ဖန်တီးလိုက်ပြီပဲ ဖြစ်ပါတယ်။ ဘာစီလိုနာက ပီအက်စ်ဂျီကို ၆-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ၂၀၁၇ ချန်ပီယံလိဂ်ပွဲစဉ်က သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးသော အတွေ့အကြုံနဲ့ ခံစားချက်ကောင်း ရှိခဲ့တဲ့ပွဲဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီက ထွက်ခွာဖို့အတွက် ကြိုးစားနေတဲ့ နေမာဟာ အသင်းနဲ့ အချိန်မီပြန်လည်ပူးပေါင်းခြင်းမရှိလို့လည်း ဒဏ်ကြေးယူရို (၃၇၅၀၀၀)အထိ တပ်ရိုက်ခံထားရသူဖြစ်ပါတယ်။ နေမာနဲ့ ကလပ်အသင်းကြားမှာ ပြသနာတွေစတင်ဖြစ်ပွားလာပြီဖြစ်ပြီး အခုလိုနေမာရဲ့ ပြောဆိုမှုက ပီအက်စ်ဂျီအတွက်တော့ သူတို့ရဲ့ အရှက်တကွဲအရေးနိမ့်ခဲ့မှုအပေါ်ကို ပြန်လည်ပြီးအောက်မေ့စရာလည်း ဖြစ်လာခဲ့ပါတယ်။

” ကျွန်တော့်ကစားသမားဘဝမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့အခိုက်အတန့်က ပီအက်စ်ဂျီနဲ့ ရင်ဆိုင်တွေ့ပြီးတော့ ကျွန်တော်တို့အနိုင်ရခဲ့တဲ့ပွဲပါ၊ ကျွန်တော်တို့ ခြောက်ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ခံစားချက်မျိုးကို ကျွန်တော်ဘယ်တုန်းကမှမခံစားခဲ့ဖူးပါဘူး၊ တကယ်ကို မယုံကြည်နိုင်စရာကောင်းမှု ဖြစ်ခဲ့ပါတယ်၊ အဝတ်လဲခန်းအတွင်းမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ အရာတွေလားဆိုတာတော့ ကျွန်တော်မသိပါဘူး” လို့ နေမာက Oh My Goal နဲ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်။

“ ဘာစီလိုနာနဲ့အတူ ပီအက်စ်ဂျီကို အနိုင်ယူခဲ့တဲ့အချိန်က ပြီးပြည့်စုံခဲ့ပါတယ်၊ ပွဲအပြီးမှာ ကျွန်တော်တို့အားလုံး ရူးသွပ်ချင်စရာတွေဖြစ်ခဲ့ရပါတယ်၊ ကျွန်တော်တို့အားလုံးအတွက်လည်း အကောင်းဆုံးခံစားချက်တွေဖြစ်ခဲ့မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ နေမာက ထပ်ပြောခဲ့ပါတယ်။ ပီအက်စ်ဂျီကတော့ နေမာရဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး လက်ရှိမှာ ဘယ်လိုတုံ့ပြန်မှုမျိုးမှ မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။

မွတ္ခ်က္မ်ား။