ချယ်လ်ဆီးကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ပီအက်စ်ဂျီ

‘I did my best to make things right with Atletico’ – Griezmann


Neymar “ almost 100 percent fit” as he plays in the final of his five-a-side tournament




Unicode Version

ပီအက်စ်၈ျီအသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူ ဘာကာယိုကိုကို ခေါ်ယူဖို့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။ မိုနာကိုကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းမပြနိုင်ခဲ့လို့ အေစီမီလန်ကို အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ ဘာကာယိုကိုက လက်ရှိမှာ ချယ်လ်ဆီးအသင်းကို ပြန်လည်ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီက ဘာကာယိုကိုကို တစ်နှစ်အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး ကစားသမားရဲ့ အခြေအနေကို စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ ချယ်လ်ဆီးနည်းပြသစ် လမ်းပတ်လက်ထက်မှာလည်း ဘာကာယိုကိုက ပုံမှန်နေရာရဖို့ အခက်အခဲတွေ ရှိနေပြီး ပြင်သစ်ကို ပြန်လည်ပြောင်းရွှေ့နိုင်ဖွယ်ရာလည်း ရှိနေပါတယ်။

မိုနာကိုအတွက် ခြေစွမ်းပြခဲ့တဲ့နောက်မှာ ဘာကာယိုကိုကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီဘက်က ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမေယ့်လည်း ကစားသမားက ချယ်လ်ဆီးကိုသာ ပြောင်းရွှေ့ဖို့ ရွေးချယ်သွားခဲ့ပြီး ပြင်သစ်ကလပ်အတွက် အခုချိန်မှာမှ နောက်ထပ်တစ်ကြိမ် အခွင့်အရေးပြန်လည်ရရှိလာခဲ့တာ ဖြစ်ပါတယ်။

စိန့်ပက်ထရစ်ကို ချယ်လ်ဆီးက လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲမှာ ဘာကာယိုကိုက ပွဲချိန် (၄၅)မိနစ် ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါပွဲက သူ့ခြေစွမ်းအပေါ်မှာ ပရိသတ်တွေက ဝေဖန်ခဲ့ကြပြီး ကစားသမားအနေနဲ့ ချယ်လ်ဆီးမှာ အံဝင်ဖို့ကို တော်တော်လးကို ရုန်းကန်နေရပြီလည်း ဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။