နေမာနဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီကို သတိပေးလိုက်တဲ့ မာဆေးလ်နည်းပြဘိုအာ့စ်

I don’t feel sad, I feel happy – Torres on retirement


Virgil van Dijk talks after Liverpool Super Cup win




Unicode Version

မာဆေးလ်အသင်းရဲ့နည်းပြ အန်ဒီရီဗီလာ့စ်ဘိုအာ့စ်က ပီအက်စ်ဂျီကနေ နေမာ ထွက်ခွာသွားခဲ့မယ်ဆိုပါက ပြင်သစ်လိဂ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်လာလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ နည်းပြဟောင်းက နေမဟာ ပြင်သစ်လိဂ်ရဲ့ ပြယုဂ်တစ်ခုဖြစ်တယ်လို့ ယူဆထားတာလည်း ဖြစ်ပါတယ်။

နေမာကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က စိတ်ဝင်စားနေပြီး ပီအက်စ်ဂျီကလည်း ပြန်လည်ရောင်းချဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘိုအာ့စ်ကတော့ နေမာကို လာလီဂါမှာ မက်ဆီ၊ ရော်နယ်ဒိုတို့ရဲ့ ပုံရိပ်တွေနဲ့ ပရိသတ်တွေစိတ်ဝင်စားခဲ့သလို ပြင်သစ်လိဂ်မှာလည်း နေမာကြောင့် လိဂ်အဆင့်အတန်းရော၊ ပရိသတ်စိတ်ဝင်စားမှုပါ မြင့်တက်ခဲ့တာလို့ ယုံကြည်နေပါတယ်။

“ လီဂူးဝမ်းအတွက်တော့ သူသာထွက်ခွာသွားမယ်ဆိုရင် မကောင်းမွန်တာတွေဖြစ်လာပါလိမ့်မယ်၊ ဒီလိုကစားသမားမျိုးရဲ့ ပုံရိပ်က ဘောလုံးလောကမှာ အရေးကြီးပါတယ်၊ ရော်နယ်ဒင်ဟို ပီအက်စ်ဂျီမှာ ကစားခဲ့တုန်းကလိုမျိုးပေါ့၊ ကမ္ဘာ့ဘောလုံးလောကက ဒီလိုကစားသမားတွေကို စောင့်ကြည့်ချင်နေတာပါ၊ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကိုတော့ ကျွန်တော်မသိပါဘူး”

“ လက်ရှိအနေအထားပေါ်ကို ကျွန်တော်မှတ်ချက်မပြုချင်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်က ပီအက်စ်ဂျီအသင်းနည်းပြမဟုတ်လို့ပါ” လို့ ဘိုအာ့စ်က ပြောသွားခဲ့ပါတယ်။ နေမာကတော့ ပီအက်စ်ဂျီကနေ သေချာပေါက်ထွက်ခွာရဖွယ်ရှိနေပြီး ဘယ်ကိုပြောင်းရွှေ့မလဲဆိုတာကို အတိအကျမသိရသေးတာ ဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။