လာမယ့်ရာသီကုန်မှာအသင်းကနေ ထွက်ခွာတော့မယ့် အဓိက ကစားသမား (၂) ဦး

‘Man United should play like Liverpool’ – Solskjaer

လာမယ့်နွေရာသီကာလမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ကာဗာနီ နဲ့ တီယာဂိုဆေးလ်ဗားတို့နှစ်ဦးကတော့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာအသင်းကနေ ထွက်ခွာဖို့အတွက်ကို စီစဉ်လာခဲ့ပြီဖြစ်ပါတယ်။

ကာဗာနီဟာ ပီအက်စ်ဂျီအသင်းကို နာပိုလီအသင်းကနေ (၂၀၁၃) ခုနှစ်မှာ ပေါင် (၅၅) သန်းနဲ့ရောက်ရှိခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပြီး အသင်းအတွက် ကစားခဲ့ပြီးတဲ့ပွဲ (၂၈၂) ပွဲမှာ သွင်းဂိုး (၁၉၅) ဂိုးထိသွင်းယူပေးထားနိုင်ခဲ့တဲ့ တိုက်စစ်မှူးဖြစ်ကာ ဆုဖလားပေါင်း (၂၀) နီးပါးပိုင်ဆိုင်ထားနိုင်ခဲ့သူဖြစ်ပါတယ်။ကာဗာနီကတော့ ယခုနှစ်ရာသီမှာ ဒဏ်ရာကြောင့်ရုန်းကန်နေခဲ့ရပြီးအသင်းအတွက် ပွဲစဉ် (၃) ပွဲသာ ကစားပေးထားနိုင်ခဲ့ပါတယ်။

အင်တာမီလန်အသင်းက အီကာဒီရဲ့ နေရာမှာအစားထိုးဖို့အတွက် ကာဗာနီကို ပစ်မှတ်ထားနေခဲ့သလို ဒေးဗစ်ဘက်ဟမ်းကလည်း သူပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ်အသင်းဖြစ်တဲ့ အင်တာ မိုင်ယာမီအသင်းမှာ အသုံးပြုသွားဖို့အတွက် ကာဗာနီကို ကမ်းလှမ်းမှုတွေပြုလုပ်ထားခဲ့ပါတယ်။

ပီအက်ဂျီအသင်းအတွက် အသင်းခေါင်းဆောင်တစ်ဦးအဖြစ် ခြေစွမ်းပြသခဲ့သလိုအသင်းမှာလည်း လိဂ်ချန်ပီယံဆုအရေအတွက် (၆) ကြိမ်ထိရယူထားနိုင်ခဲ့တဲ့ တီယာဂိုဆေးလ်ဗားကိုလာမယ့်ရာသီသစ်မှာအသင်းအတွက် ပွဲထွက်ခွင့်ပေးဖို့ကမရေမရာဖြစ်လာခဲ့ပြီး မာကွင်ဟို့စ် နဲ့ ကမ်ဘမ်ပီတို့ (၂) ဦးကိုသာအသုံးပြုသွားဖွယ်ရှိနေခဲ့တာကြောင့် ကစားသမားကိုယ်တိုင်အသင်းကနေ ထွက်ခွာဖို့ကို စီစဉ်လာခဲ့ရတာပါ။

Unicode Version

မှတ်ချက်များ။