နာမည္ေက်ာ္အဂၤလန္ကလပ္ကို ၀ယ္ယူဖို႔ ၾကိဳးစားေနတဲ့ ပီအက္စ္ဂ်ီအသင္းပိုင္ရွင္

‘Man United still need two or three players’ – Solskjaer

ပီအက္စ္ဂ်ီအသင္းပိုင္ရွင္ျဖစ္သူဟာ အဂၤလန္ကလပ္အသင္းတစ္သင္းျဖစ္တဲ့ လိဒ္ယူႏိုက္တက္ကို ၀ယ္ယူဖို႔ ၾကိဳးစားေနတယ္လို႔ သိရပါတယ္။ အဂၤလန္ရဲ႕ နာမည္ေက်ာ္ကလပ္အသင္းတစ္သင္းအျဖစ္ ရပ္တည္ႏိုင္ခဲ့ဖူးတဲ့ လိဒ္ယူႏိုက္တက္အသင္းဟာ ခ်န္ပီယံရွစ္မွာ ကစားေနတဲ့ အသင္းျဖစ္ျပီး ပရီးမီးယားလိဂ္ကို ျပန္လည္တက္လွမ္းႏိုင္ဖို႔ ၾကိဳးစားေနတာလည္းျဖစ္ပါတယ္။

Eintracht Frankfurt vs Wolfsburg – Bas Dost vs Wout Weghorst | Duel of the Dutch strikers

ပီအက္စ္ဂ်ီအသင္းပိုင္ရွင္နာဆာအယ္လ္ခီလိုင္ဖီက သူ႔ရဲ႕ ေဘာလံုးေလာကအတြင္းနယ္ေျမခ်ဲ႕ထြင္မႈအတြက္ လိဒ္ကို မ်က္စိက်လာခဲ့တာလည္းျဖစ္ပါတယ္။ လိဒ္ယူႏိုက္တက္အေနနဲ႔ လက္ရွိမွာ အာဂ်င္တီးနားလူမ်ိဳးနည္းျပဘီယဲလ္ဆာရဲ႕ ကိုင္တြယ္မႈနဲ႔အတူ ခံစစ္ပိုင္းအေကာင္းဆံုး အသင္းအျဖစ္ ရပ္တည္ေနျပီး အဆင့္၃ေနရာမွာ ရပ္တည္ေနပါတယ္။

ျပင္သစ္ကလပ္အသင္းကို ၀ယ္ယူခဲ့ျပီးေနာက္ ေငြေၾကးမ်ားစြာသံုးစြဲျပီး ကစားသမားေကာင္းေတြေခၚယူေပးခဲ့ကာ ထိပ္တန္းအသင္းတစ္သင္းျဖစ္လာေအာင္ အယ္လ္ခီလိုင္ဖီက ဖန္တီးႏိုင္ခဲ့ပါတယ္။ ျပည္တြင္းလိဂ္မွာ ပီအက္စ္ဂ်ီကို ဘယ္အသင္းကမွ မယွဥ္ႏိုင္ခဲ့ေတာ့ဘဲ လီဂူးကို လႊမ္းမိုးႏိုင္ခဲ့ကာ အင္အားၾကီးအသင္းတစ္သင္းျဖစ္လာခဲ့ပါတယ္။

အဂၤလန္သတင္းစာ The Sun က ေဖာ္ျပခဲ့တာျဖစ္ျပီး လိဒ္ယူႏိုက္တက္နဲ႔ ပီအက္စ္ဂ်ီအသင္းတို႔ၾကားမွာလည္း ကစားသမားေျပာင္းလဲမႈေတြပါ ျဖစ္လာႏိုင္တယ္လို႔ ခန္႔မွန္းေဖာ္ျပခဲ့ပါတယ္။ ဆန္ခ်ိဳ၊ အိုလ္ေဇး၊ ဘတ္ပီတို႔လို ကစားသမားေတြကို လိဒ္ယူႏိုက္တက္မွာ ျမင္ေတြ႔ရဖြယ္ရွိတယ္လို႔လည္း အဂၤလန္သတင္းဌာနက ေဖာ္ျပသြားခဲ့ပါတယ္။

Unicode

ပီအက်စ်ဂျီအသင်းပိုင်ရှင်ဖြစ်သူဟာ အင်္ဂလန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ လိဒ်ယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ အင်္ဂလန်ရဲ့ နာမည်ကျော်ကလပ်အသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ခဲ့ဖူးတဲ့ လိဒ်ယူနိုက်တက်အသင်းဟာ ချန်ပီယံရှစ်မှာ ကစားနေတဲ့ အသင်းဖြစ်ပြီး ပရီးမီးယားလိဂ်ကို ပြန်လည်တက်လှမ်းနိုင်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းပိုင်ရှင်နာဆာအယ်လ်ခီလိုင်ဖီက သူ့ရဲ့ ဘောလုံးလောကအတွင်းနယ်မြေချဲ့ထွင်မှုအတွက် လိဒ်ကို မျက်စိကျလာခဲ့တာလည်းဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်အနေနဲ့ လက်ရှိမှာ အာဂျင်တီးနားလူမျိုးနည်းပြဘီယဲလ်ဆာရဲ့ ကိုင်တွယ်မှုနဲ့အတူ ခံစစ်ပိုင်းအကောင်းဆုံး အသင်းအဖြစ် ရပ်တည်နေပြီး အဆင့်၃နေရာမှာ ရပ်တည်နေပါတယ်။

ပြင်သစ်ကလပ်အသင်းကို ဝယ်ယူခဲ့ပြီးနောက် ငွေကြေးများစွာသုံးစွဲပြီး ကစားသမားကောင်းတွေခေါ်ယူပေးခဲ့ကာ ထိပ်တန်းအသင်းတစ်သင်းဖြစ်လာအောင် အယ်လ်ခီလိုင်ဖီက ဖန်တီးနိုင်ခဲ့ပါတယ်။ ပြည်တွင်းလိဂ်မှာ ပီအက်စ်ဂျီကို ဘယ်အသင်းကမှ မယှဉ်နိုင်ခဲ့တော့ဘဲ လီဂူးကို လွှမ်းမိုးနိုင်ခဲ့ကာ အင်အားကြီးအသင်းတစ်သင်းဖြစ်လာခဲ့ပါတယ်။

အင်္ဂလန်သတင်းစာ The Sun က ဖော်ပြခဲ့တာဖြစ်ပြီး လိဒ်ယူနိုက်တက်နဲ့ ပီအက်စ်ဂျီအသင်းတို့ကြားမှာလည်း ကစားသမားပြောင်းလဲမှုတွေပါ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းဖော်ပြခဲ့ပါတယ်။ ဆန်ချို၊ အိုလ်ဇေး၊ ဘတ်ပီတို့လို ကစားသမားတွေကို လိဒ်ယူနိုက်တက်မှာ မြင်တွေ့ရဖွယ်ရှိတယ်လို့လည်း အင်္ဂလန်သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။