ရော်နယ်ဒိုကို ဝေဖန်မှုတွေပြုလုပ်ခဲ့တဲ့ ဂျူဗီဥက္ကဌဟောင်း

Nadal & Pique at centre of charity event to help coronavirus fight in Spain

ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေစဉ်ကာလအတွင်း ရိုက်ကူုးခဲ့တဲ့ ရေကူုးကန်ထဲက ဓာတ်ပုံကြောင့် ဝေဖန်ခံနေရပြီဖြစ်ပါတယ်။ ဂျူဗီအသင်းဥက္ကဌဟောင်းဂျီယိုဗန်နီကိုဘိုလီဂီဂလီက ကစားသမားအနေနဲ့
အဲဒီလိုမပြုလုပ်ခဲ့သင့်ဘူးလို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ လက်ရှိမှာ မက်ဒဲရားကိုရောက်ရှိနေတာဖြစ်ပြီး ဒီလအစောပိုင်းက မိခင်ရဲ့ကျန်းမာရေးအခြေအနေကြောင့် ပေါ်တူဂီကို ပြန်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အင်တာမီလန်နဲ့ ကစားခဲ့တဲ့ ကွင်းပိတ်ပွဲအတွက် အီတလီကို ပြန်လည်ရောက်ရှိ
လာခဲ့ပြီး အဆိုပါပွဲကို ပါဝင်ကစားပေးခဲ့ပါတယ်။

ဂျူဗီဥက္ကဌဟောင်းဂီဂလီက အသင်းဟောင်းအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေစဉ် အခြေအနေတွေကို အကောင်းဆုံးမကိုင်တွယ်နိုင်ခဲ့ဘူးလို့ ယုံကြည်နေပါတယ်။ “ ရော်နယ်ဒို အီတလီကနေ ထွက်ခွာခဲ့ချိန်က ဂျူဗီအတွက် စိတ်ရှုပ်စရာဖြစ်ခဲ့ရတာပါပဲ၊
သူက သူ့မိခင်ကျန်းမာရေးကြောင့်လို့ ပြောပြီး ပေါ်တူဂီကို သွားခဲ့ပါတယ်”

“ ဒါပေမယ့် အခုကျတော့ သူက ရေကူးကန်ထဲမှာပဲ ဓာတ်ပုံတွေရိုက်နေပါတယ်၊ တခြားသူတွေလည်း ဒီလိုအခြေအနေမှာ အိမ်ကိုပြန်ချင်ကြမှာပါပဲ၊ သူ့ကိုတော့ ခြွင်းချက်ထားခဲ့တာလား၊ ဒီလိုမဖြစ်သင့်ပါဘူး၊ သူတို့အားလုံးကို အီတလီမှာပဲ ရောဂါခြေချုပ်
ထားရှိခဲ့သင့်ပါတယ်” လို့ သူက ပြောသွားခဲ့ပါတယ်။ ဂျူဗီကစားသမားတွေဖြစ်တဲ့ ရူဂါနီ၊ မာတွီဒီ နဲ့ ဒီဘာလာတို့ကတော့ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။

မှတ်ချက်များ။