ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ယူရိုတစ်သိန်းလှူဒါန်းခဲ့တဲ့ ပီအက်စ်ဂျီ

Nadal & Pique at centre of charity event to help coronavirus fight in Spain

ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ယူရိုတစ်သိန်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်နိုင်ငံအတွင်း ရောဂါတိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေတဲ့အပေါ်မှာ ကူညီပေးခဲ့တာဖြစ်ပြီးတော့ ကလေးငယ်တွေအတွက်
ထောက်ပံပေးမှုတွေကိုလည်း ပြုလုပ်ပေးသွားဦးမယ်လို့ သိရပါတယ်။

ပြင်သစ်မျာတော့ အိမ်ခြေယာမဲ့လူတွေက ဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို ပိုမိုခံစားနေရတယ်လို့ သိရပြီး လက်ရှိမှာ ဆရာဝန်တွေ၊ စေတနာ့ဝန်ထမ်းတွေက ၀ိုင်းဝန်းကူညီပေးနေကြရပါတယ်။ ပြင်သစ်မှာ ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁၃၀၀ ကျော်အထိ သေဆုံးသွားခဲ့ပြီ
ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းအများဆုံးစာရင်းမှာ အဆင့် ၅ နေရာလို့ သိရပါတယ်။

“ ကျွန်တော်တို့ရဲ့ စေတနာ့ဝန်ထမ်း ၈ ထောင်ကျော် နဲ့ The Secours Populaire Francais တို့က ပီအက်စ်ဂျီအသင်းရဲ့ လှူဒါန်းမှုအတွက် အများကြီး ကျေးဇူးတင်မိသလို ဂုဏ်ပြုပါတယ်၊ ဒီကူညီထောက်ပံ့ပေးမှုတွေက အခြေအနေဆိုးကြီးတွေကို ကျော်လွှားနိုင်ဖို့အတွက်အထောက်အကူပြုမှာလည်းဖြစ်ပါတယ်” လို့ Secours Populaire ရဲ့ စီအီးအိုသီယာရီရောဘတ်က ပြောဆိုသွားခဲ့ပါတယ်။

ဥရောပကတော့ ဗိုင်းရပ်စ်ကူုးစက်မှုနှုန်း ပိုမိုမြင့်တက်နေပြီး အသေအပျောက်ဖြစ်မှုတွေကလည်း မြင့်မားနေပါတယ်။ စပိန်နဲ့ အီတလီတို့က အဆိုးဝါးဆုံးအနေအထားတွေနဲ့ ရင်ဆိုင်နေရပြီး ထိန်းချုပ်နိုင်ဖို့အတွက်ကို ပြင်းပြင်းထန်ထန်လုပ်ဆောင်နေရကာ လက်ရှိအချိန်ထိတော့
တည်ငြိမ်မှုတစ်ခုရဖို့အတွက်ကို ထပ်မံအားထုတ်နေရဆဲဖြစ်ပါတယ်။

မှတ်ချက်များ။