နယူးကာဆယ္ကို ကိုင္တြယ္ဖိ႔ုစိတ္၀င္စားေနတဲ့ ယူႏိုက္တက္ကစားသမားေဟာင္း

‘Someone should buy me and Jurgen a bottle of wine’ – Guardiola after defeat to Liverpool

မၾကာခင္ရက္အနည္းငယ္အတြင္းမွာ နယူးကာဆယ္ကေန နည္းျပဘင္နီတက္ဇ္ ထြက္ခြာေတာ့မွာျဖစ္ျပီး လစ္လပ္ေတာ့မယ့္ နည္းျပရာထူးေနရာကို ပီအက္စ္ဂ်ီနည္းျပေဟာင္း ေလာရင့္ဘလန္က စိတ္၀င္စားေနပါတယ္။ စာခ်ဳပ္သစ္ကိစၥအဆင္မေျပျဖစ္ျပီးတဲ့ေနာက္မွာ ဘင္နီတက္ဇ္က အသင္းကေန ထြက္ခြာေတာ့မယ္လို ႔နယူးကာဆယ္အသင္းက တရား၀င္အတည္ျပဳထားျပီးလည္း ျဖစ္ပါတယ္။

‘He’s not arrogant’ insists Pogba’s former coaches

ေလာရင့္ဘလန္ဟာ ပီအက္စ္ဂ်ီအသင္းကို ျပည္တြင္းဖလားေတြ ဆြတ္ခူးေပးႏိုင္ခဲ့သူျဖစ္ျပီး လက္ရွိမွာ အသင္းလက္မဲ့ျဖစ္ေနခဲ့သူျဖစ္ပါတယ္။ ျပင္သစ္လက္ေရြးစင္ကစားသမားေဟာင္းက နည္းျပေလာကကို ျပန္လည္၀င္ေရာက္ဖို႔ စိတ္အားထက္သန္ေနျပီး ပရီးမီးယားလိဂ္ကလပ္အသင္းနဲ႔ လက္တြဲကာ စိန္ေခၚမႈအသစ္ေတြကို ရင္ဆုိင္ခ်င္ေနျပီလည္း ျဖစ္ပါတယ္။

အသင္းပိုင္ရွင္ မိုက္အက္ရွ္ေလ နဲ႔ ဘင္နီတက္ဇ္တို႔ၾကားမွာ အေျပာင္းအေရႊ႕အသံုးစရိတ္နဲ႔ ပတ္သက္ျပီး သေဘာထားကြဲလဲြမႈေတြ ရွိခဲ့ကာ ဘင္နီတက္ဇ္ကို စာခ်ဳပ္သစ္ကမ္းလွမ္းမႈမရွိခဲ့ဘူးလို႔ သိရပါတယ္။ တရုတ္စူပါလိဂ္အသင္းေတြရဲ႕ ကမ္းလွမ္းမႈကို ရရွိထားတဲ့ ဘင္နီတက္ဇ္က အသင္းမွာ ဆက္လက္ရွိေနခ်င္ခဲ့ေပမယ့္ မိုက္အက္ရွ္ေလနဲ႔ အဆင္မေျပမႈေတြ ရွိခဲ့ျပီး စိန္႔ဂ်ိမ္းပတ္ခ္ကေန ထြက္ခြာေတာ့မွာျဖစ္ပါတယ္။

အသက္ (၅၃)ႏွစ္အရြယ္ ေလာရင္ဘလန္႔ဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ (၂)ရာသီၾကာ ကစားခဲ့ဖူးသူျဖစ္ျပီး အဂၤလန္မွာ နည္းျပျပဳလုပ္ခြင့္ရမယ့္ အခြင့္အေရးကို ေစာင့္ဆိုင္းေနခဲ့သူလည္း ျဖစ္ပါတယ္။ ဘင္နီတက္ဇ္အေနနဲ႔လည္း တရုတ္ကို သြားေရာက္မလား၊ ဒါမွမဟုတ္ နည္းျပလက္မဲ့ျဖစ္ေနတဲ့ မာေဆးလ္၊ ရိုးမားတို႔လို အသင္းေတြကို ကိုင္တြယ္သြားမလားဆုိတာကိုေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

Unicode Version

မကြာခင်ရက်အနည်းငယ်အတွင်းမှာ နယူးကာဆယ်ကနေ နည်းပြဘင်နီတက်ဇ် ထွက်ခွာတော့မှာဖြစ်ပြီး လစ်လပ်တော့မယ့် နည်းပြရာထူးနေရာကို ပီအက်စ်ဂျီနည်းပြဟောင်း လောရင့်ဘလန်က စိတ်ဝင်စားနေပါတယ်။ စာချုပ်သစ်ကိစ္စအဆင်မပြေဖြစ်ပြီးတဲ့နောက်မှာ ဘင်နီတက်ဇ်က အသင်းကနေ ထွက်ခွာတော့မယ်လို ့နယူးကာဆယ်အသင်းက တရားဝင်အတည်ပြုထားပြီးလည်း ဖြစ်ပါတယ်။

လောရင့်ဘလန်ဟာ ပီအက်စ်ဂျီအသင်းကို ပြည်တွင်းဖလားတွေ ဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်ကစားသမားဟောင်းက နည်းပြလောကကို ပြန်လည်ဝင်ရောက်ဖို့ စိတ်အားထက်သန်နေပြီး ပရီးမီးယားလိဂ်ကလပ်အသင်းနဲ့ လက်တွဲကာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်နေပြီလည်း ဖြစ်ပါတယ်။

အသင်းပိုင်ရှင် မိုက်အက်ရှ်လေ နဲ့ ဘင်နီတက်ဇ်တို့ကြားမှာ အပြောင်းအရွှေ့အသုံးစရိတ်နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိခဲ့ကာ ဘင်နီတက်ဇ်ကို စာချုပ်သစ်ကမ်းလှမ်းမှုမရှိခဲ့ဘူးလို့ သိရပါတယ်။ တရုတ်စူပါလိဂ်အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ရရှိထားတဲ့ ဘင်နီတက်ဇ်က အသင်းမှာ ဆက်လက်ရှိနေချင်ခဲ့ပေမယ့် မိုက်အက်ရှ်လေနဲ့ အဆင်မပြေမှုတွေ ရှိခဲ့ပြီး စိန့်ဂျိမ်းပတ်ခ်ကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။

အသက် (၅၃)နှစ်အရွယ် လောရင်ဘလန့်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ (၂)ရာသီကြာ ကစားခဲ့ဖူးသူဖြစ်ပြီး အင်္ဂလန်မှာ နည်းပြပြုလုပ်ခွင့်ရမယ့် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သူလည်း ဖြစ်ပါတယ်။ ဘင်နီတက်ဇ်အနေနဲ့လည်း တရုတ်ကို သွားရောက်မလား၊ ဒါမှမဟုတ် နည်းပြလက်မဲ့ဖြစ်နေတဲ့ မာဆေးလ်၊ ရိုးမားတို့လို အသင်းတွေကို ကိုင်တွယ်သွားမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။