ပရီးမီးယားလိဂ္ျပိဳင္ဘက္အသင္းဆီ ေျပာင္းေရႊ႕ေတာ့မယ့္ ေဖဘီယန္ဒဲလ္

‘Big shock’ and ‘shame’ to see Pochettino go – Spurs’ Ben Davies

မန္စီးတီးကစားသမား ေဖဘီယန္ဒဲ့လ္ကို ေခၚယူႏိုင္ဖို႔ အဲဗာတန္အသင္းက အနီးစပ္ဆံုးအဆင့္ကို ေရာက္ရွိေနျပီျဖစ္ပါတယ္။ ေနာက္တန္းဘယ္အစြန္လူအျဖစ္ေရာ၊ ကြင္းလယ္မွာပါ ကစားႏိုင္တဲ့ အဂၤလန္လက္ေရြးစင္ကစားသမားကို အဲဗာတန္က ေပါင္ (၈)သန္းကေန ေပါင္ (၁၀)သန္းၾကားရွိ တန္ဖိုးတစ္ခုနဲ႔ ေခၚယူႏိုင္ဖို႔ နီးစပ္ေနတာလည္းျဖစ္ပါတယ္။

England captain Morgan on WC final after Australia win

မန္စီးတီးနဲ႔ ဒဲ့လ္တို႔ဟာ စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာ က်န္ရွိေတာ့တာျဖစ္ျပီး ဒဲ့လ္အေနနဲ႔ မန္စီးတီးမွာ ပံုမွန္ေနရာရရွိဖို႔ ခက္ခဲလာျပီျဖစ္တာမို႔ အသင္းေျပာင္းေရႊ႕ဖို႔ ပစ္မွတ္ထားလာတာျဖစ္ပါတယ္။ ျပီးခဲ့တဲ့ရာသီမွာ မန္စီးတီးအတြက္ အဓိကက်တဲ့ပြဲေတြအပါအ၀င္ ပြဲေပါင္းေတာ္ေတာ္မ်ားမ်ားကို ဒဲ့လ္က ပါ၀င္ကစားခြင့္ရရွိခဲ့ပါတယ္။

အသက္ (၃၀)အရြယ္ကစားသမားဟာ ဒဏ္ရာျပသနာမၾကာခဏ ရရွိတတ္သူျဖစ္ျပီး ဂြာဒီယိုလာက ဒဲ့လ္ကို ျပန္လည္ေရာင္းခ်ဖို႔ ဆံုးျဖတ္ခဲ့တာလို႔လည္း သိရပါတယ္။ Telegraph ရဲ႕ ေဖာ္ျပခ်က္အရ အဲဗာတန္က ကစားသမားရဲ႕ အေတြ႕အၾကံဳနဲ႔ ေနရာစံုမွာ ကစားႏိုင္စြမ္းရွိတဲ့အျပင္ ေျပာင္းေရႊ႕ေၾကးနည္းပါးစြာနဲ႔ ေခၚယူႏိုင္မွာျဖစ္လုိ႔ ကမ္းလွမ္းမႈေတြျပဳလုပ္ခဲ့တာလို႔ သိရပါတယ္။

လာမယ့္ရာသီမွာ ဥေရာပအဆင့္၀င္ခြင့္ရရွိေရးအတြက္ ေမွ်ာ္လင့္ထားတဲ့ အဲဗာတန္နည္းျပမားကို႔စ္ေဆးဗားက သူ႔အသင္းကို အေတာင့္တင္းဆံုးျဖစ္ေအာင္ ကစားသမားသစ္ေတြနဲ႔ ျဖည့္ဆည္းေနတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ျပီးခဲ့တဲ့ရာသီက အသင္းမွာအငွားနဲ႔လာကစားခဲ့တဲ့ အန္ဒရီဂိုမက္စ္ကို ဘာစီလုိနာကေန အျပီးသတ္ေခၚယူထားျပီးလည္းျဖစ္ပါတယ္။

Unicode Version

မန်စီးတီးကစားသမား ဖေဘီယန်ဒဲ့လ်ကို ခေါ်ယူနိုင်ဖို့ အဲဗာတန်အသင်းက အနီးစပ်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ နောက်တန်းဘယ်အစွန်လူအဖြစ်ရော၊ ကွင်းလယ်မှာပါ ကစားနိုင်တဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားကို အဲဗာတန်က ပေါင် (၈)သန်းကနေ ပေါင် (၁၀)သန်းကြားရှိ တန်ဖိုးတစ်ခုနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတာလည်းဖြစ်ပါတယ်။

မန်စီးတီးနဲ့ ဒဲ့လ်တို့ဟာ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး ဒဲ့လ်အနေနဲ့ မန်စီးတီးမှာ ပုံမှန်နေရာရရှိဖို့ ခက်ခဲလာပြီဖြစ်တာမို့ အသင်းပြောင်းရွှေ့ဖို့ ပစ်မှတ်ထားလာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအတွက် အဓိကကျတဲ့ပွဲတွေအပါအဝင် ပွဲပေါင်းတော်တော်များများကို ဒဲ့လ်က ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။

အသက် (၃၀)အရွယ်ကစားသမားဟာ ဒဏ်ရာပြသနာမကြာခဏ ရရှိတတ်သူဖြစ်ပြီး ဂွာဒီယိုလာက ဒဲ့လ်ကို ပြန်လည်ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း သိရပါတယ်။ Telegraph ရဲ့ ဖော်ပြချက်အရ အဲဗာတန်က ကစားသမားရဲ့ အတွေ့အကြုံနဲ့ နေရာစုံမှာ ကစားနိုင်စွမ်းရှိတဲ့အပြင် ပြောင်းရွှေ့ကြေးနည်းပါးစွာနဲ့ ခေါ်ယူနိုင်မှာဖြစ်လို့ ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တာလို့ သိရပါတယ်။

လာမယ့်ရာသီမှာ ဥရောပအဆင့်ဝင်ခွင့်ရရှိရေးအတွက် မျှော်လင့်ထားတဲ့ အဲဗာတန်နည်းပြမားကို့စ်ဆေးဗားက သူ့အသင်းကို အတောင့်တင်းဆုံးဖြစ်အောင် ကစားသမားသစ်တွေနဲ့ ဖြည့်ဆည်းနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြီးခဲ့တဲ့ရာသီက အသင်းမှာအငှားနဲ့လာကစားခဲ့တဲ့ အန်ဒရီဂိုမက်စ်ကို ဘာစီလိုနာကနေ အပြီးသတ်ခေါ်ယူထားပြီးလည်းဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။