ေပါ့ဂ္ဘာအတြက္ ေနာက္ဆုတ္သြားခဲ့ျပီျဖစ္တဲ့ ဂ်ဴဗင္တပ္စ္

‘It’s not fair to judge young boys’ – Klopp

ယူႏိုက္တက္ကြင္းလယ္ကစားသမား ေပါ့ဂ္ဘာအေပၚ စိတ္၀င္စားေနမႈကို ဂ်ဴဗင္တပ္စ္က အဆံုးသတ္သြားခဲ့ျပီလို႔ သိရပါတယ္။ ကစားသမားေဟာင္းေပါ့ဂ္ဘာကို ေခၚယူဖို႔ သတင္းေတြက်ယ္က်ယ္ျပန္႔ျပန္႔ထြက္ခဲ့ေပမယ့္ အဆံုးသတ္မွာ ဂ်ဴဗင္တပ္စ္ဘက္က လက္ေလွ်ာ့သြားခဲ့ျပီး ရီးရဲလ္အေနနဲ႔ ျပိဳင္ဘက္မရွိေခၚယူႏိုင္ခြင့္ ရွိလာခဲ့ျပီျဖစ္ပါတယ္။

England captain Morgan on WC final after Australia win

ေပါင္သန္း (၁၅၀)တန္ေၾကးရွိတယ္လို႔ ယူႏိုက္တက္က သတ္မွတ္ထားတဲ့ ကြင္းလယ္ကစားသမားကို ဂ်ဴဗီက ေပါင္သန္း (၁၂၀)နဲ႔ ေခၚယူဖို႔စီစဥ္ခဲ့ေပမယ့္လည္း သူတို႔ရဲ႕ ခ်ဥ္းကပ္မႈေတြကို ယူႏိုက္တက္ဘက္က ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒီအတြက္ ဂ်ဴဗီက အျခားေသာ ပစ္မွတ္ကစားသမားေတြကို ေခၚယူဖို႔ပဲ ေရြးခ်ယ္ခဲ့ပါတယ္။

ဂ်ဴဗီက ေပါ့ဂ္ဘာကို ရီးရဲလ္နဲ႔အျပိဳင္ စိတ္၀င္စားေနခဲ့တာျဖစ္ျပီး သူတို႔ဘက္ကလက္ေလွ်ာ့ခဲ့လို႔ ရီးရဲလ္အေနနဲ႔ ေပါ့ဂ္ဘာကို ေအးေအးေဆးေဆးၾကိဳးစားခြင့္ရရွိေတာ့မွာလည္းျဖစ္ပါတယ္။ ေပါ့ဂ္ဘာကိုယ္တိုင္ကလည္း အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာခ်င္ေနတယ္လုိ႔ ေအးဂ်င့္ကပါ အတည္ျပဳခဲ့ျပီးေနာက္မွာ ရီးရဲလ္ဘက္က ပိုမိုလႈပ္ရွားမႈေတြျပဳလုပ္ခဲ့ပါတယ္။

ဇီဒန္းက ေပါ့ဂ္ဘာကို ေခၚယူႏိုင္ဖို႔ သူ႔ရဲ႕ကစားသမားေတြကိုေရာင္းခ်ျပီး ေျပာင္းေရႊ႕ေၾကးရွာေဖြဖို႔ ျပင္ဆင္ေနခဲ့ပါတယ္။ လက္ရွိအခ်ိန္ထိေတာ့ ရီးရဲလ္ဘက္က စိတ္၀င္စားေနဆဲအဆင့္မွာသာရွိေနေသးျပီး ကစားသမားအတြက္ တရား၀င္ကမ္းလွမ္းမႈမ်ိဳး မျပဳလုပ္ရေသးဘူးလို႔လည္း Daily Mail ကေဖာ္ျပခဲ့ျပီး ဂ်ဴဗီကေတာ့ လက္ေလွ်ာ့ခဲ့တယ္လို႔ ေရးသားသြားခဲ့ပါတယ္။

Unicode Version

ယူနိုက်တက်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာအပေါ် စိတ်ဝင်စားနေမှုကို ဂျူဗင်တပ်စ်က အဆုံးသတ်သွားခဲ့ပြီလို့ သိရပါတယ်။ ကစားသမားဟောင်းပေါ့ဂ်ဘာကို ခေါ်ယူဖို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့ပေမယ့် အဆုံးသတ်မှာ ဂျူဗင်တပ်စ်ဘက်က လက်လျှော့သွားခဲ့ပြီး ရီးရဲလ်အနေနဲ့ ပြိုင်ဘက်မရှိခေါ်ယူနိုင်ခွင့် ရှိလာခဲ့ပြီဖြစ်ပါတယ်။

ပေါင်သန်း (၁၅၀)တန်ကြေးရှိတယ်လို့ ယူနိုက်တက်က သတ်မှတ်ထားတဲ့ ကွင်းလယ်ကစားသမားကို ဂျူဗီက ပေါင်သန်း (၁၂၀)နဲ့ ခေါ်ယူဖို့စီစဉ်ခဲ့ပေမယ့်လည်း သူတို့ရဲ့ ချဉ်းကပ်မှုတွေကို ယူနိုက်တက်ဘက်က ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ ဒီအတွက် ဂျူဗီက အခြားသော ပစ်မှတ်ကစားသမားတွေကို ခေါ်ယူဖို့ပဲ ရွေးချယ်ခဲ့ပါတယ်။

ဂျူဗီက ပေါ့ဂ်ဘာကို ရီးရဲလ်နဲ့အပြိုင် စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး သူတို့ဘက်ကလက်လျှော့ခဲ့လို့ ရီးရဲလ်အနေနဲ့ ပေါ့ဂ်ဘာကို အေးအေးဆေးဆေးကြိုးစားခွင့်ရရှိတော့မှာလည်းဖြစ်ပါတယ်။ ပေါ့ဂ်ဘာကိုယ်တိုင်ကလည်း အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်နေတယ်လို့ အေးဂျင့်ကပါ အတည်ပြုခဲ့ပြီးနောက်မှာ ရီးရဲလ်ဘက်က ပိုမိုလှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်။

ဇီဒန်းက ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ဖို့ သူ့ရဲ့ကစားသမားတွေကိုရောင်းချပြီး ပြောင်းရွှေ့ကြေးရှာဖွေဖို့ ပြင်ဆင်နေခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ ရီးရဲလ်ဘက်က စိတ်ဝင်စားနေဆဲအဆင့်မှာသာရှိနေသေးပြီး ကစားသမားအတွက် တရားဝင်ကမ်းလှမ်းမှုမျိုး မပြုလုပ်ရသေးဘူးလို့လည်း Daily Mail ကဖော်ပြခဲ့ပြီး ဂျူဗီကတော့ လက်လျှော့ခဲ့တယ်လို့ ရေးသားသွားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။