လာမယ့္ရာသီမွာ ေပါ့ဂ္ဘာက အသင္းေခါင္းေဆာင္ျဖစ္သင့္တယ္လို္႔ေျပာခဲ့တဲ့ ဆိုးလ္ရွား

Part 2 – The best Jose Mourinho quotes from his time in England

အသင္းနဲ႔အနာဂတ္မေရမရာျဖစ္ေနတဲ့ ကြင္းလယ္လူေပါ့ဂ္ဘာက လာမယ့္ရာသီအတြက္ အသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ယူသင့္တယ္လုိ႔ နည္းျပဆိုးလ္ရွားက ေျပာဆိုလိုက္ပါတယ္။ Perth Glory အသင္းနဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲအျပီးမွာ ဆိုးလ္ရွားက ေျပာဆိုသြားခဲ့တာျဖစ္ျပီး ေပါ့ဂ္ဘာကို သူ႔ရဲ႕အသင္းကို ဦးေဆာင္ေစသင့္တယ္လို႔ ယံုၾကည္ေနတာျဖစ္ပါတယ္။

‘4 years hard work’ – Morgan prepares for WC final vs England

ေပ့ါဂ္ဘာက အသင္းေခါင္းေဆာင္အျဖစ္နဲ႔ ေရြးခ်ယ္ခ်င္စရာရွိလားဆိုတဲ့ ေမးခြန္းကို ဆိုးလ္ရွားက “ ရွိတယ္” လို႔ ျပန္လည္ေျဖဆိုသြားခဲ့ပါတယ္။ “ ဘာလို႔ဒီလိုမ်ိဳး ယူဆရတာလဲဆိုတာကို ရွင္းျပဖို႔ လိုမယ္လို႔ ကၽြန္ေတာ္ေတာ့မထင္ပါဘူး၊ ေနာက္က်မွ ဒါကိုေဆြးေႏြးတာေပါ့” လို႔
ဆိုးလ္ရွားက ျပန္လည္ေျပာၾကားခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္၊ ဂါနာတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ယူႏိုက္တက္က ၾသစေၾတးလ်ကလပ္ကို အႏိုင္ရရွိခဲ့ျပီး ရာသီၾကိဳေျခစမ္းပြဲခရီးစဥ္ကို ႏိုင္ပြဲနဲ႔ စတင္ႏိုင္ခဲ့ပါတယ္။ ေနာက္ထပ္ေျခစမ္းပြဲအျဖစ္ ယူႏိုက္တက္ဟာ လိဒ္ယူႏိုက္တက္နဲ႔ ကစားသြားမွာျဖစ္ပါတယ္။ အသင္းအတြက္ အဖြင့္ဂိုးသြင္းယူေပးခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ကို ေက်းဇူးတင္တယ္လို႔လည္း ဆိုးလ္ရွားက ေျပာခဲ့ပါတယ္။

“ သူ ဂိုးသြင္းႏိုင္ခဲ့လို႔ ကၽြန္ေတာ္၀မ္းေျမာက္မိပါတယ္၊ ဒါက လွပတဲ့သြင္းဂိုးမဟုတ္ေပမယ့္ ဂိုးတစ္ဂိုးပါပဲ၊ သူ ဒီလိုမ်ိဳးေတြ ခဏခဏျပဳလုပ္ျပႏိုင္ဖို႔ လိုတယ္လို႔ ကၽြန္ေတာ္ေျပာခဲ့ပါတယ္” လို႔ ဆိုးလ္ရွားက ထပ္မံေျပာခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ပထမပို္င္းနဲ႔ ဒုတိယပိုင္းမွာ မတူညီတဲ့ လူစာရင္းကို အသံုးျပဳခဲ့ျပီး ကစားသမားအားလံုးကို ပြဲကစားေစခြင့္လည္း ေပးခဲ့ပါတယ္။

Unicode Version

အသင်းနဲ့အနာဂတ်မရေမရာဖြစ်နေတဲ့ ကွင်းလယ်လူပေါ့ဂ်ဘာက လာမယ့်ရာသီအတွက် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသင့်တယ်လို့ နည်းပြဆိုးလ်ရှားက ပြောဆိုလိုက်ပါတယ်။ Perth Glory အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲအပြီးမှာ ဆိုးလ်ရှားက ပြောဆိုသွားခဲ့တာဖြစ်ပြီး ပေါ့ဂ်ဘာကို သူ့ရဲ့အသင်းကို ဦးဆောင်စေသင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ပေ့ါဂ်ဘာက အသင်းခေါင်းဆောင်အဖြစ်နဲ့ ရွေးချယ်ချင်စရာရှိလားဆိုတဲ့ မေးခွန်းကို ဆိုးလ်ရှားက “ ရှိတယ်” လို့ ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။ “ ဘာလို့ဒီလိုမျိုး ယူဆရတာလဲဆိုတာကို ရှင်းပြဖို့ လိုမယ်လို့ ကျွန်တော်တော့မထင်ပါဘူး၊ နောက်ကျမှ ဒါကိုဆွေးနွေးတာပေါ့” လို့
ဆိုးလ်ရှားက ပြန်လည်ပြောကြားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်၊ ဂါနာတို့ရဲ့ သွင်းဂိုးတွေနဲ့ ယူနိုက်တက်က သြစတြေးလျကလပ်ကို အနိုင်ရရှိခဲ့ပြီး ရာသီကြိုခြေစမ်းပွဲခရီးစဉ်ကို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့ပါတယ်။ နောက်ထပ်ခြေစမ်းပွဲအဖြစ် ယူနိုက်တက်ဟာ လိဒ်ယူနိုက်တက်နဲ့ ကစားသွားမှာဖြစ်ပါတယ်။ အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို ကျေးဇူးတင်တယ်လို့လည်း ဆိုးလ်ရှားက ပြောခဲ့ပါတယ်။

“ သူ ဂိုးသွင်းနိုင်ခဲ့လို့ ကျွန်တော်ဝမ်းမြောက်မိပါတယ်၊ ဒါက လှပတဲ့သွင်းဂိုးမဟုတ်ပေမယ့် ဂိုးတစ်ဂိုးပါပဲ၊ သူ ဒီလိုမျိုးတွေ ခဏခဏပြုလုပ်ပြနိုင်ဖို့ လိုတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်” လို့ ဆိုးလ်ရှားက ထပ်မံပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပထမပို်င်းနဲ့ ဒုတိယပိုင်းမှာ မတူညီတဲ့ လူစာရင်းကို အသုံးပြုခဲ့ပြီး ကစားသမားအားလုံးကို ပွဲကစားစေခွင့်လည်း ပေးခဲ့ပါတယ်။

မွတ္ခ်က္မ်ား။