အသင္းေျပာင္းေရႊ႕ခြင့္မေပးလို႔ ေဒါသထြက္ေနတဲ့ ဟယ္ရီမက္ဂြိဳင္းယား

‘They dealt with it in the dressing room’ – Smith plays down Mings – El Ghazi headbutt

လက္စတာေနာက္ခံလူဟယ္ရီမက္ဂြိဳင္ယားက သူ႔အတြက္ ကမ္းလွမ္းမႈေတြျပဳလုပ္ခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းကို ေျပာင္းေရႊ႕ခြင့္မေပးတဲ့အေပၚမွာ လက္စတာအေပၚ ေဒါသထြက္ေနတယ္လုိ႔ သိရပါတယ္။ အဂၤလန္လက္ေရြးစင္ေနာက္ခံလူဟာ ဆိုးလ္ရွားရဲ႕ ထိပ္တန္းပစ္မွတ္အျဖစ္ရွိေနခဲ့ျပီး ယူႏိုက္တက္က ေပါင္သန္း (၇၀)နဲ႔ ကမ္းလွမ္းခဲ့တာ ျဖစ္ပါတယ္။

‘Mane’s evolution at Liverpool has been phenomenal’ – Senegal head coach Cisse

ဒါေပမယ့္လည္း လက္စတာက သူတို႔ကစားသမားအတြက္ ေျပာင္းေရႊ႕ေၾကးကို ပိုမိုအလိုရွိေနျပီး ေပါင္သန္း (၉၀)အထိ ေတာင္းဆိုထားပါတယ္။ ဒီအေပၚမွာ ကစားသမားက ေဒါသထြက္ေနခဲ့တာျဖစ္ျပီး အသင္းအေနနဲ႔ သူ႔ကိုေႏြရာသီေစ်းကြက္မွာ ထြက္ခြာခြင့္ျပဳသင့္တယ္လို႔လည္း ယူဆေနျပီး အသင္းကထြက္ခြာဖို႔အတြက္ ေတာင္းဆိုမႈေတြ ျပဳလုပ္သြားဖြယ္ရွိေနပါတယ္။

မက္ဂြိဳင္းယားနဲ႔ လက္စတာတို႔ဟာ (၅)ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္ကို ျပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလအတြင္းကမွ ခ်ဳပ္ဆိုထားၾကတာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပကစားႏိုင္ခဲ့ျပီးေနာက္ အသက္ (၂၆)ႏွစ္အရြယ္ မက္ဂြိဳင္းယားကို ယူႏုိက္တက္ နဲ႔ မန္စီးတီးတို႔က ေတာ္ေတာ္ေလးစိတ္၀င္စားလာခဲ့ျပီး ေခၚယူဖို႔ကမ္းလွမ္းမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

မက္ဂြိဳင္းယားကိုယ္တိုင္ကလည္း အသင္းေျပာင္းေရႊ႕ဖို႔ ဆႏၵရွိေနခဲ့ျပီး အသင္းဘက္က သူ႔ကိုအလြယ္တကူနဲ႔ ထြက္ခြာခြင့္ေပးဖို႔ ျငင္းဆန္ေနမႈနဲ႔ ရင္ဆုိင္ေနရတာလည္း ျဖစ္ပါတယ္။ ယူႏိုက္တက္ကေတာ့ မက္ဂြိဳင္းယားအတြက္ ေျပာင္းေရႊ႕ေၾကးတိုးျမွင့္ေပးေခ်ျပီး ကမ္းလွမ္းသြားဖို႔ စီစဥ္ေနတယ္လို႔လည္း သိရပါတယ္။

Unicode Version

လက်စတာနောက်ခံလူဟယ်ရီမက်ဂွိုင်ယားက သူ့အတွက် ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခွင့်မပေးတဲ့အပေါ်မှာ လက်စတာအပေါ် ဒေါသထွက်နေတယ်လို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟာ ဆိုးလ်ရှားရဲ့ ထိပ်တန်းပစ်မှတ်အဖြစ်ရှိနေခဲ့ပြီး ယူနိုက်တက်က ပေါင်သန်း (၇၀)နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်စတာက သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပိုမိုအလိုရှိနေပြီး ပေါင်သန်း (၉၀)အထိ တောင်းဆိုထားပါတယ်။ ဒီအပေါ်မှာ ကစားသမားက ဒေါသထွက်နေခဲ့တာဖြစ်ပြီး အသင်းအနေနဲ့ သူ့ကိုနွေရာသီစျေးကွက်မှာ ထွက်ခွာခွင့်ပြုသင့်တယ်လို့လည်း ယူဆနေပြီး အသင်းကထွက်ခွာဖို့အတွက် တောင်းဆိုမှုတွေ ပြုလုပ်သွားဖွယ်ရှိနေပါတယ်။

မက်ဂွိုင်းယားနဲ့ လက်စတာတို့ဟာ (၅)နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းကမှ ချုပ်ဆိုထားကြတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် အသက် (၂၆)နှစ်အရွယ် မက်ဂွိုင်းယားကို ယူနိုက်တက် နဲ့ မန်စီးတီးတို့က တော်တော်လေးစိတ်ဝင်စားလာခဲ့ပြီး ခေါ်ယူဖို့ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

မက်ဂွိုင်းယားကိုယ်တိုင်ကလည်း အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေခဲ့ပြီး အသင်းဘက်က သူ့ကိုအလွယ်တကူနဲ့ ထွက်ခွာခွင့်ပေးဖို့ ငြင်းဆန်နေမှုနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ မက်ဂွိုင်းယားအတွက် ပြောင်းရွှေ့ကြေးတိုးမြှင့်ပေးချေပြီး ကမ်းလှမ်းသွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

မွတ္ခ်က္မ်ား။