အယ္ဗာတန္ကို ေခၚယူဖို႔အတြက္ ၾကိဳးစားေနျပန္တဲ့ အာဆင္နယ္

‘Big shock’ and ‘shame’ to see Pochettino go – Spurs’ Ben Davies

အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါရိုက္တာအျဖစ္ ခန္႔အပ္ခံခဲ့ရတဲ့ ဘရာဇီးလ္ကစားသမားေဟာင္းအီဒူးက ဂရီမီယိုတိုက္စစ္မွဴးအယ္ဗာတန္ကို အာဆင္နယ္အတြက္ ေခၚယူေပးဖို႔ ၾကိဳးစားေနတယ္လို႔ သိရပါတယ္။ တနလၤာေန႔မွာ အီဒူး နဲ႔ ကစားသမားရဲ႕ေအးဂ်င့္တို႔ ေတြ႕ဆံု
ေဆြးေႏြးမႈေတြျပဳလုပ္သြားၾကမယ္လို႔ သိရပါတယ္။

Neymar “ almost 100 percent fit” as he plays in the final of his five-a-side tournament

ကိုပါအေမရိကဖလားျပိဳင္ပြဲမွာ ဘရာဇီးလ္အတြက္ ေျခစြမ္းျပခဲ့ျပီး ဂိုးသြင္းအမ်ားဆံုးကစားသမားဆုကိုပါ ရရွိခဲ့တဲ့ အယ္ဗာတန္ကို ေပါင္သန္း (၃၀)နဲ႔ ေခၚယူႏိုင္ဖို႔ အီဒူးက ၾကိဳးစားေနတာလည္းျဖစ္ပါတယ္။ အသက္ (၂၄)ႏွစ္အရြယ္ အယ္ဗာတန္က ဂရီမီယိုအတြက္လည္း ေျခစြမ္းျပေနခဲ့သူျဖစ္ျပီး ပြဲေပါင္း (၁၀၀)ေက်ာ္ကစားေပးျပီး (၃၈)ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။

လက္ရွိမွာ အာဆင္နယ္က တရား၀င္ကမ္းလွမ္းမႈေတြျပဳလုပ္သြားဖို႔လည္း စီစဥ္ေနျပီး အယ္ဗာတန္ကို ေခၚယူႏိုင္ဖို႔အတြက္ အက္သလက္တီကိုမက္ဒရစ္နဲ႔ေတာ့ အျပိဳင္ၾကိဳးစားရမွာျဖစ္ပါတယ္။ အက္သလက္တီကိုမက္ဒရစ္က အယ္ဗာတန္ကို ေခၚယူဖို႔အတြက္ ေပါင္ (၃၅)သန္းအထိ အသံုးျပဳဖို႔ အဆင္သင့္ျဖစ္ေနျပီး အာဆင္နယ္အတြက္ေတာ့ အတားအဆီးတစ္ခုျဖစ္လာဖြယ္ရွိေနပါတယ္။

အယ္ဗာတန္ကလည္း ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ဖို႔အတြက္ စိတ္အားထက္သန္ေနသူျဖစ္ျပီး ယူႏုိက္တက္နဲ႔ သူ႔ကစားပံုက သင့္ေတာ္တယ္လုိ႔ ဖြင့္ေျပာခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္လည္း ယူႏိုက္တက္ဘက္က အယ္ဗာတန္အတြက္ တစ္စံုတစ္ရာဆက္သြယ္မႈေတြ မရွိခဲ့ပဲ ကစားသမား အေနနဲ႔ အျခားအသင္းတစ္သင္းကိုပဲ ေျပာင္းေရႊ႕ႏိုင္ဖို႔ ၾကိဳးစားရမွာျဖစ္ပါတယ္။

Unicode Version

အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဘရာဇီးလ်ကစားသမားဟောင်းအီဒူးက ဂရီမီယိုတိုက်စစ်မှူးအယ်ဗာတန်ကို အာဆင်နယ်အတွက် ခေါ်ယူပေးဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ တနင်္လာနေ့မှာ အီဒူး နဲ့ ကစားသမားရဲ့အေးဂျင့်တို့ တွေ့ဆုံ
ဆွေးနွေးမှုတွေပြုလုပ်သွားကြမယ်လို့ သိရပါတယ်။

ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အတွက် ခြေစွမ်းပြခဲ့ပြီး ဂိုးသွင်းအများဆုံးကစားသမားဆုကိုပါ ရရှိခဲ့တဲ့ အယ်ဗာတန်ကို ပေါင်သန်း (၃၀)နဲ့ ခေါ်ယူနိုင်ဖို့ အီဒူးက ကြိုးစားနေတာလည်းဖြစ်ပါတယ်။ အသက် (၂၄)နှစ်အရွယ် အယ်ဗာတန်က ဂရီမီယိုအတွက်လည်း ခြေစွမ်းပြနေခဲ့သူဖြစ်ပြီး ပွဲပေါင်း (၁၀၀)ကျော်ကစားပေးပြီး (၃၈)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

လက်ရှိမှာ အာဆင်နယ်က တရားဝင်ကမ်းလှမ်းမှုတွေပြုလုပ်သွားဖို့လည်း စီစဉ်နေပြီး အယ်ဗာတန်ကို ခေါ်ယူနိုင်ဖို့အတွက် အက်သလက်တီကိုမက်ဒရစ်နဲ့တော့ အပြိုင်ကြိုးစားရမှာဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်က အယ်ဗာတန်ကို ခေါ်ယူဖို့အတွက် ပေါင် (၃၅)သန်းအထိ အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပြီး အာဆင်နယ်အတွက်တော့ အတားအဆီးတစ်ခုဖြစ်လာဖွယ်ရှိနေပါတယ်။

အယ်ဗာတန်ကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့အတွက် စိတ်အားထက်သန်နေသူဖြစ်ပြီး ယူနိုက်တက်နဲ့ သူ့ကစားပုံက သင့်တော်တယ်လို့ ဖွင့်ပြောခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဘက်က အယ်ဗာတန်အတွက် တစ်စုံတစ်ရာဆက်သွယ်မှုတွေ မရှိခဲ့ပဲ ကစားသမား အနေနဲ့ အခြားအသင်းတစ်သင်းကိုပဲ ပြောင်းရွှေ့နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။