အေျပာင္းအေရႊ႕ေစ်းကြက္မွာ နည္းဗ်ဴဟာပိုင္းေျပာင္းလဲလာတဲ့ မန္စီးတီး

‘Someone should buy me and Jurgen a bottle of wine’ – Guardiola after defeat to Liverpool

ဘ႑ာေရးမွ်တစြာကစားေရးစည္းမ်ဥ္းရဲ႕ အက်ိဳးသက္ေရာက္မႈနဲ႔အတူ အေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာ မန္စီးတီးရဲ႕ လႈပ္ရွားမႈေတြက စည္းစနစ္က်လာပါတယ္။ တားျမစ္ထားမႈနဲ႔ ျငိစြန္းလာႏိုင္မယ့္ အေနအထားမ်ိဳးေတြကို ေရွာင္ေသြျပီးေတာ့ သူတုိ႔က ေစ်းကြက္ထဲမွာ လႈပ္ရွားေနျပီး အရင္လိုလက္လြတ္စပယ္ေငြေၾကးသံုးစြဲမႈ ေတာ္ေတာ္ေလးေလ်ာ့နည္းလာခဲ့ပါတယ္။ လက္ရွိမွာလည္း အသင္းရဲ႕ ကစားသမားေတြကို ျပန္လည္ေရာင္းခ်ဖို႔ ဦးစားေပးၾကိဳးစားေနျပီး ေဒါက္ဂလပ္လူး၀စ္ဇ္နဲ႔ ေဖဘီယန္ဒဲလ္တို႔က အသင္းေျပာင္းေရႊ႕ၾကေတာ့မွာပါ။

ဒီကစားသမားႏွစ္ဦးအတြက္ ေပါင္ (၂၅)သန္းအထိ ရရွိမွာျဖစ္ျပီး အက္သလက္တီကိုမက္ဒရစ္က ေခၚယူခဲ့တဲ့ ကြင္းလယ္လူရိုဒရီရဲ႕တန္ဖိုးကို ထက္၀က္နီးပါးခန္႔ ျပန္လည္ကာမိေစမွာလည္းျဖစ္ပါတယ္။ ဒါက မန္စီးတီးရဲ႕ ေျပာင္းလဲလာတဲ့အေျပာင္းအေရႊ႕ေပၚလစီျဖစ္ပါတယ္။ သူတို႕က လူး၀စ္ဇ္အတြက္ အက်ိဳးအျမတ္အမ်ားၾကီးရခဲ့ျပီး ဒဲလ္အတြက္လည္း ဗီလာကေန ေခၚယူခဲ့စဥ္က ေပးေခ်ခဲ့၇တဲ့ တန္ဖိုးကို အရမ္းၾကီးမကြာဟေစပဲ ေရာင္းခ်ႏိုင္မွာျဖစ္ပါတယ္။ အရံႈးခံျပီး ေရာင္းခ်ရတာမ်ိဳးမဟုတ္တာနဲ႔တင္ ေတာ္ေတာ္ေလးေက်နပ္စရာပါပဲ။

ဒီေႏြရာသီမွာ ကစာသမားေတြကို ျပန္လည္ေရာင္းခ်ဖို႔အတြက္ ပရီးမီးယားလိဂ္ကလပ္ေတြ အခက္ေတြ႕ေနၾကရတာပါ။ ဒါေပမယ့္ မန္စီးတီးကေတာ့ ကစားသမားေတြျပန္ေရာင္းခ်ျပီး ေငြေၾကးစုေဆာင္းေနပါတယ္။ ဒဲလ္က ဂြာဒီယိုလာလက္ေအာက္မွာ တိုးတက္္မႈေတြရွိလာခဲ့လို႔ အသက္ (၂၉)ႏွစ္အရြယ္ကစားသမားအတြက္ ေပါင္ (၁၀)သန္းနီးပါး မန္စီးတီးက ျပန္ရယူႏိုင္ခဲ့တာပါ။ FFP စည္းမ်ဥ္းနဲ႔ ျငိစြန္းမွာကို စိုးရိမ္ေနရတဲ့အခ်ိန္မွာ မန္စီးတီးက တစ္ဦး၀ယ္ျပီး ႏွစ္ဦးေရာင္းတဲ့ စနစ္နဲ႔ ေရွ႕ဆက္ေနပါတယ္။ သူတို႔လိုခ်င္တဲ့ကစားသမားကို ၾကိဳက္ေစ်းေပးေခၚခဲ့ျပီး ရွိရင္းကစားသမားေတြ ျပန္ေရာင္းခ်မႈနဲ႔ ျပန္လည္ဖာေထးေနခဲ့တာပါ။

ျပီးခဲ့တဲ့ရာသီက မာရက္ဇ္ကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေပးေခ်ျပီး ၀ယ္ယူခဲ့ပါတယ္။ ဒါေပမယ့္ ကစားသမားေရာင္းခ်ရမႈေတြကေန ျပန္လည္ျပီးေတာ့ ေထမိခဲ့ပါတယ္။ ဘရာဟမ္ဒီယက္ဇ္နဲ႔ မာတြန္ဒိုတို႔က အသင္းမွာဆက္ေနမယ္လို႔ ဂြာဒီယိုလာက ယူဆခဲ့ေပမယ့္ သူတို႔က ရီးရဲလ္နဲ႔ ေရွာ္လ္ေကးတို႔ကို ေျပာင္းေရႊ႕သြားခဲ့ၾကပါတယ္ ဒါေပမယ့္ သူတို႔အတြက္ျပန္ရခဲ့တဲ့ေငြေၾကးေတြနဲ႔ ဂန္း၊ မာဖီယို၊ ဒီေနယာတို႔လို လူငယ္ေတြလည္း ထြက္ခြာခဲ့လို႔ မာရက္ဇ္ရဲ႕ ေျပာင္းေရႊ႕ေၾကးက ခုသာခံသာျဖစ္ခဲ့ပါတယ္။ ၂၀၁၇ မွာ ဂြာဒီယိုလာက ေပါင္သန္း (၂၅၀)အထိသံုးစြဲခဲ့ပါတယ္။

အသင္းအတြက္မလိုအပ္တဲ့ ကစားသမားေတြျဖစ္တဲ့ အီဟီယာနာခ်ိဳ၊ အူနယ္လ္၊ ဘိုနီတို႔အတြက္ ေပါင္သန္း (၃၀)၊ အာရြန္မြိဳင္း၊ ႏိုလီတို၊ ဖာနန္ဒို၊ ကိုလာေရာ့ဗ္နဲ႔ နာဆရီတို႔အတြက္ ေပါင္ (၂၇)သန္းအထိ ျပန္လည္ရရွိခဲ့ပါတယ္။ အဲဒီေနာက္မွာ မန္စီးတီးက အေျပာင္းအေရႊ႕မွာ မာရက္ဇ္၊ ရိုဒရီတို႔ကို ေခၚယူခဲ့သလို ကစားသမားတစ္ဦးတည္းအတြက္ ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးကို အသံုးျပဳျပီး အသင္းကို က်စ္က်စ္လစ္လစ္နဲ႔ တည္ေဆာက္ေနခဲ့တာပါ။ ဒီတစ္ပတ္ထဲမွာ ကစားသမား (၂)ဦး ေရာင္းခ်မႈကေန ေပါင္ (၂၅)သန္း မန္စီးတီးက ရရွိမွာပါ။
ရိုဒရီအတြက္ ေပးေခ်ခဲ့ရတာနဲ႔ ေခ်ဖ်က္ၾကည့္မယ္ဆိုရင္ မန္စီးတီးရဲ႕ အသံုးစရိတ္က ေပါင္သန္း (၄၀)ေအာက္မွာသာ ရွိေနပါတယ္။ မန္စီးတီးရဲ႕ အေျပာင္းအေရႊ႕လႈပ္ရွားမႈကို အသြင္ကုူးေျပာင္းလာခဲ့ပံုက တကယ္ကို ႏွစ္သက္သေဘာက်ဖို႔ေကာင္းေနတာေတာ့ အမွန္ပါပဲ။

Unicode Version

ဘဏ္ဍာရေးမျှတစွာကစားရေးစည်းမျဉ်းရဲ့ အကျိုးသက်ရောက်မှုနဲ့အတူ အပြောင်းအရွှေ့စျေးကွက်ထဲမှာ မန်စီးတီးရဲ့ လှုပ်ရှားမှုတွေက စည်းစနစ်ကျလာပါတယ်။ တားမြစ်ထားမှုနဲ့ ငြိစွန်းလာနိုင်မယ့် အနေအထားမျိုးတွေကို ရှောင်သွေပြီးတော့ သူတို့က စျေးကွက်ထဲမှာ လှုပ်ရှားနေပြီး အရင်လိုလက်လွတ်စပယ်ငွေကြေးသုံးစွဲမှု တော်တော်လေးလျော့နည်းလာခဲ့ပါတယ်။ လက်ရှိမှာလည်း အသင်းရဲ့ ကစားသမားတွေကို ပြန်လည်ရောင်းချဖို့ ဦးစားပေးကြိုးစားနေပြီး ဒေါက်ဂလပ်လူးဝစ်ဇ်နဲ့ ဖေဘီယန်ဒဲလ်တို့က အသင်းပြောင်းရွှေ့ကြတော့မှာပါ။

ဒီကစားသမားနှစ်ဦးအတွက် ပေါင် (၂၅)သန်းအထိ ရရှိမှာဖြစ်ပြီး အက်သလက်တီကိုမက်ဒရစ်က ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူရိုဒရီရဲ့တန်ဖိုးကို ထက်ဝက်နီးပါးခန့် ပြန်လည်ကာမိစေမှာလည်းဖြစ်ပါတယ်။ ဒါက မန်စီးတီးရဲ့ ပြောင်းလဲလာတဲ့အပြောင်းအရွှေ့ပေါ်လစီဖြစ်ပါတယ်။ သူတို့က လူးဝစ်ဇ်အတွက် အကျိုးအမြတ်အများကြီးရခဲ့ပြီး ဒဲလ်အတွက်လည်း ဗီလာကနေ ခေါ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့ တန်ဖိုးကို အရမ်းကြီးမကွာဟစေပဲ ရောင်းချနိုင်မှာဖြစ်ပါတယ်။ အရှုံးခံပြီး ရောင်းချရတာမျိုးမဟုတ်တာနဲ့တင် တော်တော်လေးကျေနပ်စရာပါပဲ။

ဒီနွေရာသီမှာ ကစာသမားတွေကို ပြန်လည်ရောင်းချဖို့အတွက် ပရီးမီးယားလိဂ်ကလပ်တွေ အခက်တွေ့နေကြရတာပါ။ ဒါပေမယ့် မန်စီးတီးကတော့ ကစားသမားတွေပြန်ရောင်းချပြီး ငွေကြေးစုဆောင်းနေပါတယ်။ ဒဲလ်က ဂွာဒီယိုလာလက်အောက်မှာ တိုးတက််မှုတွေရှိလာခဲ့လို့ အသက် (၂၉)နှစ်အရွယ်ကစားသမားအတွက် ပေါင် (၁၀)သန်းနီးပါး မန်စီးတီးက ပြန်ရယူနိုင်ခဲ့တာပါ။ FFP စည်းမျဉ်းနဲ့ ငြိစွန်းမှာကို စိုးရိမ်နေရတဲ့အချိန်မှာ မန်စီးတီးက တစ်ဦးဝယ်ပြီး နှစ်ဦးရောင်းတဲ့ စနစ်နဲ့ ရှေ့ဆက်နေပါတယ်။ သူတို့လိုချင်တဲ့ကစားသမားကို ကြိုက်စျေးပေးခေါ်ခဲ့ပြီး ရှိရင်းကစားသမားတွေ ပြန်ရောင်းချမှုနဲ့ ပြန်လည်ဖာထေးနေခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီက မာရက်ဇ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေးချေပြီး ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားရောင်းချရမှုတွေကနေ ပြန်လည်ပြီးတော့ ထေမိခဲ့ပါတယ်။ ဘရာဟမ်ဒီယက်ဇ်နဲ့ မာတွန်ဒိုတို့က အသင်းမှာဆက်နေမယ်လို့ ဂွာဒီယိုလာက ယူဆခဲ့ပေမယ့် သူတို့က ရီးရဲလ်နဲ့ ရှော်လ်ကေးတို့ကို ပြောင်းရွှေ့သွားခဲ့ကြပါတယ် ဒါပေမယ့် သူတို့အတွက်ပြန်ရခဲ့တဲ့ငွေကြေးတွေနဲ့ ဂန်း၊ မာဖီယို၊ ဒီနေယာတို့လို လူငယ်တွေလည်း ထွက်ခွာခဲ့လို့ မာရက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးက ခုသာခံသာဖြစ်ခဲ့ပါတယ်။ ၂၀၁၇ မှာ ဂွာဒီယိုလာက ပေါင်သန်း (၂၅၀)အထိသုံးစွဲခဲ့ပါတယ်။

အသင်းအတွက်မလိုအပ်တဲ့ ကစားသမားတွေဖြစ်တဲ့ အီဟီယာနာချို၊ အူနယ်လ်၊ ဘိုနီတို့အတွက် ပေါင်သန်း (၃၀)၊ အာရွန်မွိုင်း၊ နိုလီတို၊ ဖာနန်ဒို၊ ကိုလာရော့ဗ်နဲ့ နာဆရီတို့အတွက် ပေါင် (၂၇)သန်းအထိ ပြန်လည်ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာ မန်စီးတီးက အပြောင်းအရွှေ့မှာ မာရက်ဇ်၊ ရိုဒရီတို့ကို ခေါ်ယူခဲ့သလို ကစားသမားတစ်ဦးတည်းအတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးကို အသုံးပြုပြီး အသင်းကို ကျစ်ကျစ်လစ်လစ်နဲ့ တည်ဆောက်နေခဲ့တာပါ။ ဒီတစ်ပတ်ထဲမှာ ကစားသမား (၂)ဦး ရောင်းချမှုကနေ ပေါင် (၂၅)သန်း မန်စီးတီးက ရရှိမှာပါ။
ရိုဒရီအတွက် ပေးချေခဲ့ရတာနဲ့ ချေဖျက်ကြည့်မယ်ဆိုရင် မန်စီးတီးရဲ့ အသုံးစရိတ်က ပေါင်သန်း (၄၀)အောက်မှာသာ ရှိနေပါတယ်။ မန်စီးတီးရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုကို အသွင်ကုူးပြောင်းလာခဲ့ပုံက တကယ်ကို နှစ်သက်သဘောကျဖို့ကောင်းနေတာတော့ အမှန်ပါပဲ။

မွတ္ခ်က္မ်ား။