ရာသီၾကိဳေျခစမ္းပြဲပထမဆံုးပြဲအျပီးမွာ ကစားသမား (၆)ဦးကို ခ်ီးက်ဴးခဲ့တဲ့ ဆိုးလ္ရွား

‘It’s not fair to judge young boys’ – Klopp

Perth Glory အသင္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္အျပီးမွာ ယူႏိုက္တက္နည္းျပဆိုးလ္ရွားက ကစားသမား (၆)ေယာက္ရဲ႕ ေျခစြမ္းအေပၚ ခ်ီးက်ဴးမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္၊ ဂါနာတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ျပိဳင္ဘက္ကို အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဆိုးလ္ရွားက ပထမပိုင္းမွာတစ္သင္း၊ ဒုတိယပိုင္းမွာ တစ္သင္းဆိုတဲ့ ပံုစံနဲ႔ ကစားသြားခဲ့ပါတယ္။

Neymar “ almost 100 percent fit” as he plays in the final of his five-a-side tournament

ယူႏိုက္တက္အကယ္ဒမီက ကစာသမား (၄)ဦးက ပြဲထြက္ပါ၀င္ခြင့္ရရွိခဲ့ျပီး အသစ္ေခၚယူထားတဲ့ ေနာက္ခံလူဘစ္စ္ကာနဲ႔ ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္တို႔လည္း ပါ၀င္ေပးခဲ့ၾကပါတယ္။ ပြဲအျပီးမွာ ဆိုးလ္ရွားက လူငယ္ကစားသမားေတြရဲ႕ ေျခစြမ္းကို အသိအမွတ္ျပဳ ခ်ီးက်ဴးသြားခဲ့ျပီး ယူႏိုက္တက္ကစားသမားေတြပီသစြာ ကစားႏိုင္ခဲ့တယ္လို႔ ဆိုခဲ့ပါတယ္။

“ ဘစ္စ္ကာေရာ၊ ဒန္နီေရာဂ်ိမ္းစ္ပါ ေကာင္းေကာင္းကစားႏိုင္ခဲ့ပါတယ္၊ ဂရင္း၀ုဒ္၊ အိန္ဂ်ယ္ဂိုမက္စ္၊ တာဟစ္ေခ်ာင္နဲ႔ ဂါနာတို႔ကလည္း ယူႏိုက္တက္ကစားသမားေတြ ျဖစ္လာႏိုင္တဲ့ အရည္အေသြးကို ျပသခဲ့ပါတယ္၊ သူတို႔တစ္ဦးခ်င္းစီက ပိုျပီးေတာ ့အေတြ႕အၾကံဳေတြရလာဖို႔လိုအပ္ပါတယ္၊ ဘာလို႔လဲဆိုေတာ့ ကစားသမားတိုင္းက (၄၅)မိနစ္စီသာ ကစားခြင့္ရခဲ့လို႔ပါ” လို႔ ဆိုးလ္ရွားက ေျပာသြားခဲ့ပါတယ္။

ယူႏိုက္တက္ကေတာ့ ၾသစေၾတးလ်မွာ ေနာက္ထပ္ေျခစမ္းပြဲအျဖစ္ လိဒ္ယူႏိုက္တက္နဲ႔ ကစားသြားရမွာျဖစ္ပါတယ္။ ဗုဒၶဟူးေန႔မွာ ကစားသြားမွာျဖစ္ျပီး အဆိုပါပြဲစဥ္အျပီးမွာ ႏိုင္ငံတကာခ်န္ပီယံဖလားျပိဳင္ပြဲအျဖစ္ အင္တာမီလန္နဲ႔ ကစားဖို႔ စင္ကာပူကို သြားေရာက္မွာျဖစ္ျပီး
ဇူလိုင္လ (၂၀)ရက္ေန႔မွာ ကစားသြားမွာျဖစ္ပါတယ္။

Unicode Version

Perth Glory အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်အပြီးမှာ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ကစားသမား (၆)ယောက်ရဲ့ ခြေစွမ်းအပေါ် ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်၊ ဂါနာတို့ရဲ့ သွင်းဂိုးတွေနဲ့ ပြိုင်ဘက်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဆိုးလ်ရှားက ပထမပိုင်းမှာတစ်သင်း၊ ဒုတိယပိုင်းမှာ တစ်သင်းဆိုတဲ့ ပုံစံနဲ့ ကစားသွားခဲ့ပါတယ်။

ယူနိုက်တက်အကယ်ဒမီက ကစာသမား (၄)ဦးက ပွဲထွက်ပါဝင်ခွင့်ရရှိခဲ့ပြီး အသစ်ခေါ်ယူထားတဲ့ နောက်ခံလူဘစ်စ်ကာနဲ့ တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်တို့လည်း ပါဝင်ပေးခဲ့ကြပါတယ်။ ပွဲအပြီးမှာ ဆိုးလ်ရှားက လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းကို အသိအမှတ်ပြု ချီးကျူးသွားခဲ့ပြီး ယူနိုက်တက်ကစားသမားတွေပီသစွာ ကစားနိုင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

“ ဘစ်စ်ကာရော၊ ဒန်နီရောဂျိမ်းစ်ပါ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်၊ ဂရင်းဝုဒ်၊ အိန်ဂျယ်ဂိုမက်စ်၊ တာဟစ်ချောင်နဲ့ ဂါနာတို့ကလည်း ယူနိုက်တက်ကစားသမားတွေ ဖြစ်လာနိုင်တဲ့ အရည်အသွေးကို ပြသခဲ့ပါတယ်၊ သူတို့တစ်ဦးချင်းစီက ပိုပြီးတော ့အတွေ့အကြုံတွေရလာဖို့လိုအပ်ပါတယ်၊ ဘာလို့လဲဆိုတော့ ကစားသမားတိုင်းက (၄၅)မိနစ်စီသာ ကစားခွင့်ရခဲ့လို့ပါ” လို့ ဆိုးလ်ရှားက ပြောသွားခဲ့ပါတယ်။

ယူနိုက်တက်ကတော့ သြစတြေးလျမှာ နောက်ထပ်ခြေစမ်းပွဲအဖြစ် လိဒ်ယူနိုက်တက်နဲ့ ကစားသွားရမှာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ကစားသွားမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာ နိုင်ငံတကာချန်ပီယံဖလားပြိုင်ပွဲအဖြစ် အင်တာမီလန်နဲ့ ကစားဖို့ စင်ကာပူကို သွားရောက်မှာဖြစ်ပြီးဇူလိုင်လ (၂၀)ရက်နေ့မှာ ကစားသွားမှာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။