ပရီးမီးယားလိဂ္မွာ ပြဲအမ်ားဆံုးကစားထားတဲ့ လက္ရွိကစားေနဆဲ ကစားသမား (၅)ဦး

‘I said Ole, today don’t complain about hands’ – Guardiola

၂၀၁၇ ခုႏွစ္မွာ ဂါရတ္ဘယ္ရီက ရြိဳင္ယန္ဂစ္ရဲ႕ ပရီးမီးယားလိဂ္ပြဲအမ်ားဆံုးကစားခဲ့တဲ့ စံခ်ိန္ကို ေက်ာ္ျဖတ္ျပႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း မန္စီးတီးနဲ႔ အက္စတြန္ဗီလာကစားသမားေဟာင္းဟာ အခုဆိုရင္ ထိပ္တန္းအဆင့္ျပိဳင္ပြဲေတြကို ၀င္ေရာက္ကစားေပးႏိုင္ျခင္းမရွိေတာ့ပါဘူး။ မ်ိဳးဆက္သစ္ကစားသမားေတြ ေပၚထြက္လာခဲ့ေနျပီလည္း ျဖစ္ပါတယ္။ အခု ေဖာ္ျပေပးခ်င္တာက လက္ရွိပရီးမီးယားလိဂ္မွာ ကစားေနတဲ့ ကစားသမားေတြထဲက ပြဲအမ်ားဆံုးကစားသမားေပးထားသူေတြျဖစ္ပါတယ္။

Losing his head! Player sees red for punch in Champions League Round of 16 second leg

၅။ အက္ရွ္ေလယန္း

ယူႏိုက္တက္၀ါရင္ကစားသမားက အသင္းေခါင္းေဆာင္အျဖစ္္နဲ႔ အိုးထရက္ဖို႔ဒ္မွာ ဆက္လက္ရွိေနဆဲျဖစ္ပါတယ္။ ယူႏိုက္တက္မွာ ေျခစြမ္းမျပႏိုင္လို႔ ေ၀ဖန္မႈေတြ ခံေနခဲ့ရတဲ့ ယန္းက အက္စတြန္ဗီလာအသင္း နဲ႔ ယူႏိုက္တက္တို႔အတြက္ ပရီးမီးယားလိဂ္ပြဲေပါင္း ၃၅၇ ပြဲအထိ
ကစားေပးထားျပီးျဖစ္ပါတယ္။ ဒီရာသီမွာလည္း သူ ပါ၀င္ကစားေပးႏိုင္ဖြယ္ရွိေနေသးလို႔ သူ႔ရဲ႕ပြဲအေရအတြက္က တိုးလာဦးမွာျဖစ္ပါတယ္။

၄။ ဂ်ာဂ်ီရယ္ကာ

အဲဗာတန္အသင္းရဲ႕ ၀ါရင့္ေနာက္ခံလူဟာ ရာသီသစ္မခင္မွာပဲ ၁၂ႏွစ္ၾကာ ကစားခဲ့ရတဲ့ အသင္းကို စြန္႔ခြာခဲ့ရျပီျဖစ္ပါတယ္။ အဲဗာတန္အတြက္ ၃၂၂ ပြဲအထိ ကစားေပးခဲ့တဲ့ အဂၤလန္ေနာက္ခံလူက အခုေတာ့ သူ႔ရဲ႕ လူငယ္ကစားသမားဘ၀ကလပ္ ရွက္ဖီးအသင္းမွာ ကစားေနျပီး အသင္းရဲ႕ အေရးၾကီးတဲ့ ကစားသမားတစ္ဦးအျဖစ္ ပါ၀င္ေနပါတယ္။ ရွက္ဖီးနဲ႔အတူ ပရီးမီးယားလိဂ္မွာ ဆက္လက္က်င္လည္ေနရလို႔ သူ႔ရဲ႕ ပြဲေပါင္း ၃၆၀ ဆိုတဲ့ အေရအတြက္ကလည္း တုိးပြားလာဦးမွာပါ။

၃။ အာရြန္လန္ႏြန္

အသက္ ၃၂ႏွစ္အရြယ္ အဂၤလန္ နဲ႔ ေတာ့တင္ဟမ္ကစားသမားေဟာင္းက ပရိသတ္ေတြေရွ႕က ေပ်ာက္ေနတာ ေတာ္ေတာ္ၾကာပါျပီ။ သူ႔ရဲ႕ ပရီးမီးယားလိဂ္ပြဲအမ်ားစုကို ေတာ့တင္ဟမ္မွာ ကစားေပးခဲ့တာျဖစ္ျပီး လက္ရွိမွာေတာ့ သူက ဘန္ေလမွာ ကစားေနပါတယ္။ အဲဗာတန္မွာလည္း ကစားခဲ့တဲ့ လန္ႏြန္ဟာ ပရီးမီးယားလိဂ္ပြဲေပါင္း ၃၇၃ ပြဲကစားထားပါတယ္။

၂။ ေလတန္ဘိန္းစ္

ေလတန္ဘိန္းစ္က အဲဗာတန္အတြက္ ပရီးမီးယားလိဂ္ပြဲေပါင္း ၃၄၀အထိ ကစားေပးခဲ့ကာ သြင္းဂိုး ၂၉ ဂိုး ရယူေပးခဲ့တဲ့ ေနာက္ခံလူျဖစ္ပါတယ္။ ၀ီဂန္နဲ႔အတူ သူက ပရီးမီးယားလိဂ္ပြဲ ၁၄၅ပြဲကစားေပးထားလို႔ သူ႔ရဲ႕ စုစုေပါင္းပြဲအေရအတြက္က ၄၁၂ ပြဲအထိ ရွိေနပါတယ္။ အခုေတာ့ သူက အဲဗာတန္မွာ အရန္ကစားသမားဘ၀နဲ႔ ရွိေနျပီး ဒစ္ဂ္နီရဲ႕ ေျခစြမ္းျပသမႈက သူ႔ကို အရန္ခံုမွာသာ ရွိေနေစတာျဖစ္ပါတယ္။

၁။ ဂ်ိမ္းစ္မီလ္နာ

ဂ်ိမ္းစ္မီလ္နာကေတာ့ အက္စတြန္ဗီလာ၊ မန္စီးတီး နဲ႔ လီဗာပူးလ္တို႔အတြက္ စုစုေပါင္း ၅၁၇ ပြဲအထိ ကစားေပးထားသူျဖစ္ပါတယ္။ လက္ရွိပရီးမီးယားလိဂ္ကစားသမားေတြထဲမွာ ပြဲအမ်ားဆံုးကစားေပးထားသူျဖစ္ျပီးေတာ့ သူ႔အသက္အရြယ္နဲ႔မလိုက္ဖက္တဲ့ ၾကံ့ခိုင္မႈျပည့္၀ေနမႈက သူ႔ကို ထိပ္တန္းအဆင့္လိဂ္မွာ ေကာင္းေကာင္းကစားႏိုင္ေစဆဲျဖစ္ပါတယ္။ အဂၤလန္ကစားသမားက ပြဲတုိင္းပါ၀င္ႏိုင္ျခင္းမရွိေတာ့ေပမယ့္လည္း အေကာင္းဆံုးပံုစံနဲ႔ေတာ့ ကစားႏိုင္တုန္းျဖစ္ပါတယ္။

Unicode Version

၂၀၁၇ ခုနှစ်မှာ ဂါရတ်ဘယ်ရီက ရွိုင်ယန်ဂစ်ရဲ့ ပရီးမီးယားလိဂ်ပွဲအများဆုံးကစားခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးနဲ့ အက်စတွန်ဗီလာကစားသမားဟောင်းဟာ အခုဆိုရင် ထိပ်တန်းအဆင့်ပြိုင်ပွဲတွေကို ဝင်ရောက်ကစားပေးနိုင်ခြင်းမရှိတော့ပါဘူး။ မျိုးဆက်သစ်ကစားသမားတွေ ပေါ်ထွက်လာခဲ့နေပြီလည်း ဖြစ်ပါတယ်။ အခု ဖော်ပြပေးချင်တာက လက်ရှိပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကစားသမားတွေထဲက ပွဲအများဆုံးကစားသမားပေးထားသူတွေဖြစ်ပါတယ်။

၅။ အက်ရှ်လေယန်း

ယူနိုက်တက်ဝါရင်ကစားသမားက အသင်းခေါင်းဆောင်အဖြစ််နဲ့ အိုးထရက်ဖို့ဒ်မှာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ ယူနိုက်တက်မှာ ခြေစွမ်းမပြနိုင်လို့ ဝေဖန်မှုတွေ ခံနေခဲ့ရတဲ့ ယန်းက အက်စတွန်ဗီလာအသင်း နဲ့ ယူနိုက်တက်တို့အတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၃၅၇ ပွဲအထိ
ကစားပေးထားပြီးဖြစ်ပါတယ်။ ဒီရာသီမှာလည်း သူ ပါဝင်ကစားပေးနိုင်ဖွယ်ရှိနေသေးလို့ သူ့ရဲ့ပွဲအရေအတွက်က တိုးလာဦးမှာဖြစ်ပါတယ်။

၄။ ဂျာဂျီရယ်ကာ

အဲဗာတန်အသင်းရဲ့ ၀ါရင့်နောက်ခံလူဟာ ရာသီသစ်မခင်မှာပဲ ၁၂နှစ်ကြာ ကစားခဲ့ရတဲ့ အသင်းကို စွန့်ခွာခဲ့ရပြီဖြစ်ပါတယ်။ အဲဗာတန်အတွက် ၃၂၂ ပွဲအထိ ကစားပေးခဲ့တဲ့ အင်္ဂလန်နောက်ခံလူက အခုတော့ သူ့ရဲ့ လူငယ်ကစားသမားဘဝကလပ် ရှက်ဖီးအသင်းမှာ ကစားနေပြီး အသင်းရဲ့ အရေးကြီးတဲ့ ကစားသမားတစ်ဦးအဖြစ် ပါဝင်နေပါတယ်။ ရှက်ဖီးနဲ့အတူ ပရီးမီးယားလိဂ်မှာ ဆက်လက်ကျင်လည်နေရလို့ သူ့ရဲ့ ပွဲပေါင်း ၃၆၀ ဆိုတဲ့ အရေအတွက်ကလည်း တိုးပွားလာဦးမှာပါ။

၃။ အာရွန်လန်နွန်

အသက် ၃၂နှစ်အရွယ် အင်္ဂလန် နဲ့ တော့တင်ဟမ်ကစားသမားဟောင်းက ပရိသတ်တွေရှေ့က ပျောက်နေတာ တော်တော်ကြာပါပြီ။ သူ့ရဲ့ ပရီးမီးယားလိဂ်ပွဲအများစုကို တော့တင်ဟမ်မှာ ကစားပေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူက ဘန်လေမှာ ကစားနေပါတယ်။ အဲဗာတန်မှာလည်း ကစားခဲ့တဲ့ လန်နွန်ဟာ ပရီးမီးယားလိဂ်ပွဲပေါင်း ၃၇၃ ပွဲကစားထားပါတယ်။

၂။ လေတန်ဘိန်းစ်

လေတန်ဘိန်းစ်က အဲဗာတန်အတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၃၄ဝအထိ ကစားပေးခဲ့ကာ သွင်းဂိုး ၂၉ ဂိုး ရယူပေးခဲ့တဲ့ နောက်ခံလူဖြစ်ပါတယ်။ ဝီဂန်နဲ့အတူ သူက ပရီးမီးယားလိဂ်ပွဲ ၁၄၅ပွဲကစားပေးထားလို့ သူ့ရဲ့ စုစုပေါင်းပွဲအရေအတွက်က ၄၁၂ ပွဲအထိ ရှိနေပါတယ်။ အခုတော့ သူက အဲဗာတန်မှာ အရန်ကစားသမားဘဝနဲ့ ရှိနေပြီး ဒစ်ဂ်နီရဲ့ ခြေစွမ်းပြသမှုက သူ့ကို အရန်ခုံမှာသာ ရှိနေစေတာဖြစ်ပါတယ်။

၁။ ဂျိမ်းစ်မီလ်နာ

ဂျိမ်းစ်မီလ်နာကတော့ အက်စတွန်ဗီလာ၊ မန်စီးတီး နဲ့ လီဗာပူးလ်တို့အတွက် စုစုပေါင်း ၅၁၇ ပွဲအထိ ကစားပေးထားသူဖြစ်ပါတယ်။ လက်ရှိပရီးမီးယားလိဂ်ကစားသမားတွေထဲမှာ ပွဲအများဆုံးကစားပေးထားသူဖြစ်ပြီးတော့ သူ့အသက်အရွယ်နဲ့မလိုက်ဖက်တဲ့ ကြံ့ခိုင်မှုပြည့်ဝနေမှုက သူ့ကို ထိပ်တန်းအဆင့်လိဂ်မှာ ကောင်းကောင်းကစားနိုင်စေဆဲဖြစ်ပါတယ်။ အင်္ဂလန်ကစားသမားက ပွဲတိုင်းပါဝင်နိုင်ခြင်းမရှိတော့ပေမယ့်လည်း အကောင်းဆုံးပုံစံနဲ့တော့ ကစားနိုင်တုန်းဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။