အဲဗာတန္ကို ေျပာင္းေရႊ႕ခဲ့ရတဲ့ အေၾကာင္းရင္းကို ေျပာျပခဲ့တဲ့ အီ၀ိုဘီ

‘Man United still need two or three players’ – Solskjaer

ျပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ အာဆင္နယ္ကေန အဲဗာတန္ကို ေျပာင္းေရႊ႕ခဲ့တဲ့ ေတာင္ပံကစားသမားအီ၀ုိဘီက မာေဆးဆိုက္အသင္းကို ဘာလုိ႔ေျပာင္းေရႊ႕ခဲ့ရတာလဲ ရွင္းျပသြားခဲ့ပါတယ္။ အဲဗာတန္ဟာ အေျပာင္းအေရႊ႕ေနာက္ဆံုးေန႔မွာ အီ၀ိုဘီကုိ ေပါင္ (၃၄)သန္းနဲ႔ ေခၚယူသြားခဲ့တာျဖစ္ျပီး အားလံုးကို အံ့အားသင့္ေစခဲ့ပါတယ္။

TOP 5: Outstanding performers from the AFC Champions League Ro16 west zone

အသက္ ၂၃ႏွစ္အရြယ္ ကစာသမားဟာ အာစင္၀င္းဂါးလက္ထက္မွာကတည္းက ကစားခဲ့သူျဖစ္ျပီး အသက္ (၁၅)ႏွစ္မွာပဲ အသင္းအတြက္ လိဂ္ဖလားပြဲစဥ္ကို ပါ၀င္ကစားေပးႏိုင္ခဲ့ပါတယ္။ အာဆင္နယ္အသင္းၾကီးအတြက္ ျပိဳင္ပြဲစံု ၁၄၉ ပြဲအထိ အီ၀ိုဘီက ကစားေပးခဲ့ျပီး သြင္းဂိုး ၁၅ဂိုးရယူေပးခဲ့ကာ ၁၇ၾကိမ္ဖန္တီးေပးခဲ့ပါတယ္။

အဲဗာတန္တီဗီြကတဆင့္ အီ၀ိုဘီက ေျပာဆိုခဲ့ရာမွာေတာ့ – “ မားကို႔စ္ေဆးဗားနဲ႔ စကားေျပာဆိုအျပီးမွာ သူက ကၽြန္ေတာ့္ကို ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္၊ သူတို႔ရဲ႕ကမ္းလွမ္းမႈက တကယ္ဆြဲေဆာင္မႈရွိခဲ့ျပီး သူတို႔က ကၽြန္ေတာ့္ကို အေကာင္းဆံုးျဖစ္ေအာင္ ဖန္တီးေပးမယ္လို႔ ဆိုခဲ့ပါတယ္၊ ကၽြန္ေတာ့္နာမည္ကို ပရီးမီးယားလိဂ္မွာ ေရးထိုးခ်င္သလို အဲဗာတန္နဲ႔လည္းသမိုင္းေၾကာင္းတစ္ခုကို ဖန္တီးသြားခ်င္ပါတယ္” လို႔ အီ၀ုိဘီက ေျပာခဲ့ပါတယ္။

အီ၀ိုဘီကေတာ့ ခရစၥတယ္ပဲေလ့နဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲစဥ္မွာ အသင္းအတြက္ ပါ၀င္ကစားေပးရျခင္းမရွိခဲ့ပဲ စေနေန႔မွာ ကစားရမယ့္ ၀က္ဖို႔ဒ္နဲ႔ပြဲကိုေတာ့ ပါ၀င္လာဖြယ္ရွိေနပါတယ္။ ႏိုင္ဂ်ီးရီးယားလက္ေရြးစင္ကစားသမားဟာ အေတြ႕အၾကံဳမ်ားျပားေနျပီျဖစ္ျပီး ျပီးခဲ့တဲ့ရာသီမွာ အာဆင္နယ္အတြက္ အဓိကကစားသမားတစ္ဦးအျဖစ္လည္း ရွိခဲ့ပါတယ္။

Unicode Version

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်ကနေ အဲဗာတန်ကို ပြောင်းရွှေ့ခဲ့တဲ့ တောင်ပံကစားသမားအီဝိုဘီက မာဆေးဆိုက်အသင်းကို ဘာလို့ပြောင်းရွှေ့ခဲ့ရတာလဲ ရှင်းပြသွားခဲ့ပါတယ်။ အဲဗာတန်ဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အီဝိုဘီကို ပေါင် (၃၄)သန်းနဲ့ ခေါ်ယူသွားခဲ့တာဖြစ်ပြီး အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

အသက် ၂၃နှစ်အရွယ် ကစာသမားဟာ အာစင်ဝင်းဂါးလက်ထက်မှာကတည်းက ကစားခဲ့သူဖြစ်ပြီး အသက် (၁၅)နှစ်မှာပဲ အသင်းအတွက် လိဂ်ဖလားပွဲစဉ်ကို ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းကြီးအတွက် ပြိုင်ပွဲစုံ ၁၄၉ ပွဲအထိ အီဝိုဘီက ကစားပေးခဲ့ပြီး သွင်းဂိုး ၁၅ဂိုးရယူပေးခဲ့ကာ ၁ရကြိမ်ဖန်တီးပေးခဲ့ပါတယ်။

အဲဗာတန်တီဗွီကတဆင့် အီဝိုဘီက ပြောဆိုခဲ့ရာမှာတော့ – “ မားကို့စ်ဆေးဗားနဲ့ စကားပြောဆိုအပြီးမှာ သူက ကျွန်တော့်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်၊ သူတို့ရဲ့ကမ်းလှမ်းမှုက တကယ်ဆွဲဆောင်မှုရှိခဲ့ပြီး သူတို့က ကျွန်တော့်ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးမယ်လို့ ဆိုခဲ့ပါတယ်၊ ကျွန်တော့်နာမည်ကို ပရီးမီးယားလိဂ်မှာ ရေးထိုးချင်သလို အဲဗာတန်နဲ့လည်းသမိုင်းကြောင်းတစ်ခုကို ဖန်တီးသွားချင်ပါတယ်” လို့ အီဝိုဘီက ပြောခဲ့ပါတယ်။

အီဝိုဘီကတော့ ခရစ္စတယ်ပဲလေ့နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ပါဝင်ကစားပေးရခြင်းမရှိခဲ့ပဲ စနေနေ့မှာ ကစားရမယ့် ဝက်ဖို့ဒ်နဲ့ပွဲကိုတော့ ပါဝင်လာဖွယ်ရှိနေပါတယ်။ နိုင်ဂျီးရီးယားလက်ရွေးစင်ကစားသမားဟာ အတွေ့အကြုံများပြားနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အတွက် အဓိကကစားသမားတစ်ဦးအဖြစ်လည်း ရှိခဲ့ပါတယ်။

မွတ္ခ်က္မ်ား။