ပရီးမီးယားလိဂ္ကို ေရာက္ဖို႔ အနီးစပ္ဆံုးျဖစ္ခဲ့ျပီးမွ ေရာက္မလာခဲ့တဲ့ နာမည္ေက်ာ္ (၃)ဦး

‘I said Ole, today don’t complain about hands’ – Guardiola

ပရီးမီးယားလိဂ္ရဲ႕ အေျပာင္းအေရႊ႕ေစ်းကြက္က ၾသဂုတ္လ (၈)ရက္ေန႔မွာ ပိတ္သိမ္းခဲ့ျပီး ရာသီအဖြင့္ပြဲကိုေတာင္ ကစားျပီးပါျပီ။ ေစ်းကြက္ပိတ္သိမ္းျပီးခ်ိန္မွာ ပရီးမီးယားလိဂ္ကို ေရာက္ရွိလာဖို႔ နာမည္ေက်ာ္ခဲ့တဲ့ ကစားသမားအမ်ားအျပားကေတာ့ ေသာင္မတင္ေရမက်အေနအထားနဲ႔ ရွိေနခဲ့ျပီး သတင္းေတြထြက္ခဲ့သလို ေရာက္မလာခဲ့ပါဘူး။ ဒါက ပရီးမီးယားလိဂ္ရဲ႕ အေျပာင္းအေရႊ႕ရာသီတိုင္းမွာ ျဖစ္ေနက်ျဖစ္ျပီး ယခင္ကလည္း ျဖစ္ခဲ့ဖူးပါတယ္။ အဲဒီထဲကမွ ေရာက္ရွိဖို႔ နာမည္ေက်ာ္ခဲ့ျပီး ေရာက္မလာခဲ့တဲ့ နာမည္ေက်ာ္ကစားသမာေးတြကို ေဖာ္ျပေပးခ်င္ပါတယ္။

TOP 5: Outstanding performers from the AFC Champions League Ro16 west zone

လီအန္ဒရိုဒါမီယာအို (ေတာ့တင္ဟမ္သို႔)

ဒီကစားသမားကို မွတ္မိၾကဦးမယ္ထင္ပါတယ္။ လြန္ခဲ့တဲ့ (၃)ႏွစ္တုန္းက နာမည္ေက်ာ္ခဲ့တဲ့ ဘရာဇီးလ္ကစားသမား ဒါမီယာအိုဟာ ဟယ္ရီရက္နပ္ နဲ႔ အန္ဒီရိုဗီလာစ္ဘိုအက္စ္တို႔ လက္ထက္မွာ ေတာ့တင္ဟမ္ကို ေရာက္ရွိဖို႔ နာမည္ၾကီးခဲ့သူပါ။ အသက္ (၂၁)ႏွစ္အရြယ္မွာပဲ ဘရာဇီးလ္အသင္းၾကီးအတြက္ ကစားေပးခဲ့ရတဲ့ ဒါမီယာအိုက ပရီးမီးယားလိဂ္ကို ေျခခ်ဖို႔ အနီးစပ္ဆံုးျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒါမီယာအိုက အင္တာေနစီယြန္နယ္အသင္းကေန ဆန္းတို႔စ္၊ အဲဒီေနာက္ ခရူဇီယုိ၊ ဘက္တစ္ နဲ႔ ဖလာမင္ဂိုတို႔မွာသာ ကစားခဲ့ျပီး သူ႔ရဲ႕ကစားသမားဘ၀က မထင္မရွားသာျဖစ္ခဲ့ရပါတယ္။ လက္ရွိမွာ သူက ေဂ်လိဂ္ကလပ္ ကာ၀ါဆာကီဖရန္ေတးအသင္းမွာ ကစားေနျပီး အသက္ (၃၀)အရြယ္ ရွိေနျပီျဖစ္ပါတယ္။

၀က္စေလရွႏိုက္ဒါ (မန္ခ်က္စတာယူႏို္က္တက္သို႔)

ယူႏိုက္တက္က ရွႏိုက္ဒါအတြက္ အေလးထားခ်ိတ္ဆက္မႈေတြက အမွန္တကယ္ရွိခဲ့ပါတယ္။ ၂၀၁၀ ခုႏွစ္မွာ အင္တာမီလန္ နဲ႔ နယ္သာလန္တို႔အတြက္ အေကာင္းဆံုးေျခစြမ္းျပခဲ့တဲ့ ရွႏိုက္ဒါဟာ ၂၀၁၃ မွာေတာ့ ဂါလာတာစာေရးအသင္းကိုသာ ေျပာင္းေရႊ႕သြားခဲ့ရပါတယ္။ အခုေတာ့ အသက္ (၃၅)ႏွစ္အရြယ္မွာ ကစားသမားဘ၀က အနားယူသြားခဲ့ျပီး ကာတာကလပ္အယ္လ္ဂါရာဖာအသင္းမွာ အဆံုးသတ္ခဲ့တာျဖစ္ပါတယ္။ ဒတ္ခ်္နာမည္ေက်ာ္ကြင္းလယ္လူကို ယူႏိုက္တက္ပရိသတ္ေတြကပါ အလြန္အမင္းေမွ်ာ္လင့္ခဲ့ၾကေပလည္း အသင္းကို ေရာက္မလာခဲ့ပါဘူး။ လီဗာပူးလ္က ေခၚယူဖို႔ ၾကိဳးစားခဲ့ခ်ိန္မွာလည္း ရွႏိုက္ဒါက “ ကၽြန္ေတာ္က ေအာင္ႏိုင္သူတစ္ဦးပါ၊ ဆုဖလားေတြအတြက္ပဲ ကၽြန္ေတာ္ကစားခ်င္ပါတယ္” လို႔ ရွႏိုက္ဒါက ေျပာဆိုျပီး လီဗာပူးလ္ကို ျငင္းဆန္ခဲ့လို႔ သူ႔ရဲ႕ကစားသမားဘ၀က ပရီးမီးယားလိဂ္မွာ ထင္က်န္မေနခဲ့တာျဖစ္ပါတယ္။

ရီကြယ္လ္မီး (ယူႏိုက္တက္ နဲ႔ အဲဗာတန္သို႔)

အာဂ်င္တီးနားနာမည္ေက်ာ္ကြင္းလယ္လူေဟာင္း ရီကြယ္မီးလ္ကလည္း ပရီးမီးယားလိဂ္ကို ေရာက္ရွိဖို႔ အနီးစပ္ဆံုးျဖစ္ခဲ့သူပါ။ အဲဗာတန္အသင္းကဆိုရင္ အသင္းရဲ႕တရား၀င္၀က္ဘ္ဆိုက္ကတဆင့္ကို ရီကြယ္လ္မီးကို ေခၚယူႏိုင္ခဲ့ျပီလို႔ ေၾကညာခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း အဆိုပါ အေျပာင္းအေရႊ႕ဟာ ပ်က္ျပယ္သြားခဲ့ျပီး အဲဗာတန္ကလည္း အဲဒီသတင္းကို ျပန္လည္ပယ္ဖ်က္သြားခဲ့ရပါတယ္။ ယူႏိုက္တက္ကလည္း ရီကြယ္လ္မီးကို စိတ္၀င္စားခဲ့ပါေသးတယ္။ ဒါေပမယ့္ ကစားသမားက စပိန္မွာပဲ ဆက္လက္ကစားသြားဖို႔ ဆံုးျဖတ္ခဲ့ျပီးေတာ့ ၂၀၀၆ မွာ ဖာဂူဆန္ရဲ႕ ၾကိဳးပမ္းခဲ့မႈက အရာမထင္ခဲ့ပါဘူး။ ဒါက ရီကြယ္လ္မီးအတြက္ အခုခ်ိန္မွာ ျပန္ေတြးရင္ေတာ့ ေနာင္တရစရာျဖစ္ေနေလာက္ပါတယ္။ ယူႏိုက္တက္က အဲဒီကာလမွာ ေအာင္ျမင္မႈေတြအမ်ားၾကီး ဆြတ္ခူးႏိုင္ခဲ့လို႔ပါ။

Unicode Version

ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့စျေးကွက်က သြဂုတ်လ (၈)ရက်နေ့မှာ ပိတ်သိမ်းခဲ့ပြီး ရာသီအဖွင့်ပွဲကိုတောင် ကစားပြီးပါပြီ။ စျေးကွက်ပိတ်သိမ်းပြီးချိန်မှာ ပရီးမီးယားလိဂ်ကို ရောက်ရှိလာဖို့ နာမည်ကျော်ခဲ့တဲ့ ကစားသမားအများအပြားကတော့ သောင်မတင်ရေမကျအနေအထားနဲ့ ရှိနေခဲ့ပြီး သတင်းတွေထွက်ခဲ့သလို ရောက်မလာခဲ့ပါဘူး။ ဒါက ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ရာသီတိုင်းမှာ ဖြစ်နေကျဖြစ်ပြီး ယခင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီထဲကမှ ရောက်ရှိဖို့ နာမည်ကျော်ခဲ့ပြီး ရောက်မလာခဲ့တဲ့ နာမည်ကျော်ကစားသမာေးတွကို ဖော်ပြပေးချင်ပါတယ်။

လီအန်ဒရိုဒါမီယာအို (တော့တင်ဟမ်သို့)

ဒီကစားသမားကို မှတ်မိကြဦးမယ်ထင်ပါတယ်။ လွန်ခဲ့တဲ့ (၃)နှစ်တုန်းက နာမည်ကျော်ခဲ့တဲ့ ဘရာဇီးလ်ကစားသမား ဒါမီယာအိုဟာ ဟယ်ရီရက်နပ် နဲ့ အန်ဒီရိုဗီလာစ်ဘိုအက်စ်တို့ လက်ထက်မှာ တော့တင်ဟမ်ကို ရောက်ရှိဖို့ နာမည်ကြီးခဲ့သူပါ။ အသက် (၂၁)နှစ်အရွယ်မှာပဲ ဘရာဇီးလ်အသင်းကြီးအတွက် ကစားပေးခဲ့ရတဲ့ ဒါမီယာအိုက ပရီးမီးယားလိဂ်ကို ခြေချဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒါမီယာအိုက အင်တာနေစီယွန်နယ်အသင်းကနေ ဆန်းတို့စ်၊ အဲဒီနောက် ခရူဇီယို၊ ဘက်တစ် နဲ့ ဖလာမင်ဂိုတို့မှာသာ ကစားခဲ့ပြီး သူ့ရဲ့ကစားသမားဘဝက မထင်မရှားသာဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာ သူက ဂျေလိဂ်ကလပ် ကာဝါဆာကီဖရန်တေးအသင်းမှာ ကစားနေပြီး အသက် (၃၀)အရွယ် ရှိနေပြီဖြစ်ပါတယ်။

ဝက်စလေရှနိုက်ဒါ (မန်ချက်စတာယူနို်က်တက်သို့)

ယူနိုက်တက်က ရှနိုက်ဒါအတွက် အလေးထားချိတ်ဆက်မှုတွေက အမှန်တကယ်ရှိခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အင်တာမီလန် နဲ့ နယ်သာလန်တို့အတွက် အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ရှနိုက်ဒါဟာ ၂၀၁၃ မှာတော့ ဂါလာတာစာရေးအသင်းကိုသာ ပြောင်းရွှေ့သွားခဲ့ရပါတယ်။ အခုတော့ အသက် (၃၅)နှစ်အရွယ်မှာ ကစားသမားဘဝက အနားယူသွားခဲ့ပြီး ကာတာကလပ်အယ်လ်ဂါရာဖာအသင်းမှာ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဒတ်ချ်နာမည်ကျော်ကွင်းလယ်လူကို ယူနိုက်တက်ပရိသတ်တွေကပါ အလွန်အမင်းမျှော်လင့်ခဲ့ကြပေလည်း အသင်းကို ရောက်မလာခဲ့ပါဘူး။ လီဗာပူးလ်က ခေါ်ယူဖို့ ကြိုးစားခဲ့ချိန်မှာလည်း ရှနိုက်ဒါက “ ကျွန်တော်က အောင်နိုင်သူတစ်ဦးပါ၊ ဆုဖလားတွေအတွက်ပဲ ကျွန်တော်ကစားချင်ပါတယ်” လို့ ရှနိုက်ဒါက ပြောဆိုပြီး လီဗာပူးလ်ကို ငြင်းဆန်ခဲ့လို့ သူ့ရဲ့ကစားသမားဘဝက ပရီးမီးယားလိဂ်မှာ ထင်ကျန်မနေခဲ့တာဖြစ်ပါတယ်။

ရီကွယ်လ်မီး (ယူနိုက်တက် နဲ့ အဲဗာတန်သို့)

အာဂျင်တီးနားနာမည်ကျော်ကွင်းလယ်လူဟောင်း ရီကွယ်မီးလ်ကလည်း ပရီးမီးယားလိဂ်ကို ရောက်ရှိဖို့ အနီးစပ်ဆုံးဖြစ်ခဲ့သူပါ။ အဲဗာတန်အသင်းကဆိုရင် အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက်ကတဆင့်ကို ရီကွယ်လ်မီးကို ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အဆိုပါ အပြောင်းအရွှေ့ဟာ ပျက်ပြယ်သွားခဲ့ပြီး အဲဗာတန်ကလည်း အဲဒီသတင်းကို ပြန်လည်ပယ်ဖျက်သွားခဲ့ရပါတယ်။ ယူနိုက်တက်ကလည်း ရီကွယ်လ်မီးကို စိတ်ဝင်စားခဲ့ပါသေးတယ်။ ဒါပေမယ့် ကစားသမားက စပိန်မှာပဲ ဆက်လက်ကစားသွားဖို့ ဆုံးဖြတ်ခဲ့ပြီးတော့ ၂၀၀၆ မှာ ဖာဂူဆန်ရဲ့ ကြိုးပမ်းခဲ့မှုက အရာမထင်ခဲ့ပါဘူး။ ဒါက ရီကွယ်လ်မီးအတွက် အခုချိန်မှာ ပြန်တွေးရင်တော့ နောင်တရစရာဖြစ်နေလောက်ပါတယ်။ ယူနိုက်တက်က အဲဒီကာလမှာ အောင်မြင်မှုတွေအများကြီး ဆွတ်ခူးနိုင်ခဲ့လို့ပါ။

မွတ္ခ်က္မ်ား။