ဆိုးလ္ရွားရဲ႕ ျမန္ႏႈန္းျမင့္ေကာင္တာတိုက္စစ္ ( Quick Counter Attack)

‘Son has been unbelievable in training’ Pochettino expects Heung-min back for Newcastle game

တနဂၤေႏြေန႔ကပြဲမွာ ခ်ယ္လ္ဆီးက ယူႏုိက္တက္ထက္ ေဘာလံုးပိုင္ဆိုင္မႈပိုမ်ားခဲ့ပါတယ္။ ၅၄-၄၆ ဆိုတဲ့အေနအထားနဲ႔ပါ။ ဒါေပမယ့္ ပြဲရလဒ္အတြက္ အဆံုးအျဖတ္ျဖစ္တဲ့ သြင္းဂိုးမွာေတာ့ သူတို႔အရံႈးၾကီးရံႈးခဲ့ပါတယ္။ ဆိုးလ္ရွားက ေဘာလံုးပိုင္ဆိုင္မႈဆံုးရံႈးခဲ့ေပမယ့္ သြင္းဂိုးမွာေတာ့ အျပတ္အသတ္သာခဲ့ျပီး ၄-၀ ဆိုတဲ့ ရလဒ္ထြက္ေပၚခဲ့ျပီး ပြဲျပီးခဲ့ပါတယ္။ ဒီပြဲအျပီးမွာ ဆိုးလ္ရွားအသံုးျပဳခဲ့တဲ့ တန္ျပန္တိုက္စစ္ကစားဟန္က ပရိသတ္ေတြ သတိထားေစမိခဲ့တဲ့အထိ အစြမ္းထက္ခဲ့တာကို ျပန္စျမံဳ႕ျပန္ေျပာသူေတြ ဒုနဲ႔ေဒးပါပဲ။

TOP 5: Outstanding performers from the AFC Champions League Ro16 west zone

ဆိုးလ္ရွားလက္ထက္မွာ ယူႏုိက္တက္က ေဘာလံုးပိုင္ဆိုင္မႈနည္းျပီးေတာ့ ႏိုင္ပြဲရခဲ့တာေတြက အမ်ားၾကီးပါ။ ျပီးခဲ့တဲ့ရာသီကို ျပန္လည္ၾကည့္ရင္ သူတို႔က ေတာ့တင္ဟမ္နဲ႔ပြဲမွာ ေဘာလံုးပိုင္ဆိုင္မႈ ၃၉ရာခိုင္ႏႈန္းပဲ ရွိျပီး ရက္ရွ္ဖို႔ဒ္ရဲ႕ ဂိုးနဲ႔ အႏိုင္ယူခဲ့ပါတယ္။ ခ်ယ္လ္ဆီးကို ၃၃ ရာခိုင္ႏႈန္းသာရွိတဲ့ ေဘာလံုးပိုင္ဆိုင္မႈ၊ ပီအက္စ္ဂ်ီနဲ႔ပြဲမွာဆို ၂၈ရာခိုင္ႏႈန္းသာ ေဘာလံုးပိုင္ဆိုင္ခဲ့ျပီး အႏိုင္ယူခဲ့တဲ့ပြဲေတြ ရွိခဲ့ပါတယ္။ ဆိုးလ္ရွားလက္ထက္မွာ သူတို႔က ထိပ္သီးအသင္း (၆)သင္းအပါအ၀င္ ခ်န္ပီယံလိဂ္မွာ အသင္းၾကီးေတြနဲ႔ ေတြ႕ခဲ့မႈ စုစုေပါင္း (၁၂)ပြဲအထိ ရွိခဲ့ပါတယ္။ အဲဒီပြဲေတြမွာ ေဘာလံုးပိုင္ဆိုင္မႈက ၂ပြဲသာရွိခဲ့ျပီးေတာ့ အာဆင္နယ္ကို ၂-၀ နဲ႔ အေရးနိမ့္ခဲ့ပြဲမွာ ၅၄ရာခိုင္ႏႈန္းပိုင္ဆိုင္ခဲ့ပါတယ္။

ဆိုးလ္ရွားက သူ႔အသင္းကို တန္ျပန္တိုက္စစ္နဲ႔ ပံုေဖာ္ေနတာက လွ်ိဳ႕၀ွက္ခ်က္တစ္ခုေတာ့ မဟုတ္ေတာ့ပါဘူး။ ဒီအတြက္လည္း သူက လူကာကူကို ေရာင္းျပီး ဒန္နီရယ္ဂ်ိမ္းစ္ကို ၀ယ္ယူခဲ့တာပါ။ ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔လို ျမန္ဆန္တဲ့ ကစားသမားေတြနဲ႔ တန္ျပန္တုိက္စစ္ကို တည္ေဆာက္ဖို႔ သူက ရည္ရြယ္ခဲ့ျပီး သူ႔အသင္းက ဗန္ဂါးလ္လက္ထက္ယူႏိုက္တက္နဲ႔ သိသိသာသာကြဲျပားသြားျပီး ပိုအရွိန္ျမွင့္ကစားႏိုင္တယ္၊ စိတ္လႈပ္ရွားမႈေပးႏိုင္ျပီး သြင္းဂိုးေတြကိုလည္း ျမင္ေတြ႕ေစခဲ့ရပါတယ္။ ဒါက လက္ရွိနာမည္ေက်ာ္နည္းျပေတြျဖစ္တဲ့ ဂြာဒီယိုလာ၊ ကေလာ့ပ္ နဲ႔ ပိုခ်က္တီႏိုတို႔လို နည္းျပေတြရဲ႕ နည္းစနစ္နဲ႔ ဆန္႔က်င့္ေနပါတယ္။ သူတို႔က ေဘာလံုးပိုင္ဆိုင္မႈကို အသားေပးျပီး ျပိဳင္ဘက္ကို ဂိုးသြင္းႏိုင္ဖို႔ ဖိအားေပးကစားတာမ်ိဳးပါ။ ဒီအတြက္လည္း အဲဒီအသင္းေတြနဲ႔ ရင္ဆိုင္ခ်ိန္မွာ ဆိုးလ္ရွားအသင္းက ေဘာလံုးပိုင္ဆိုင္မႈနည္းပါးေနခ့ဲတာျဖစ္ပါတယ္။

မန္စီးတီးကြင္းလယ္က ရိုဒရီနဲ႔ ဒီဘရိုင္းတို႔က အဖြင့္ပြဲမွာ ေဘာလံုးေပးပို႔မႈေအာင္ျမင္ႏႈန္း ၆၅ ၾကိမ္နဲ႔ ၃၈ၾကိမ္စီ အသီးသီးရွိခဲ့ခ်ိန္မွာ ယူႏိုက္တက္ကြင္းလယ္က ေတာ္မီေနး နဲ႔ အန္ဒရိစ္ပါရဲရားတုိ႔က ၃၉ ၾကိမ္ နဲ႔ ၁၁ၾကိမ္စီသာ ရွိခဲ့ပါတယ္။ ဒါကိုၾကည့္ရင္ သူတို႔ႏွစ္သင္းၾကားမွာ ကြဲျပားျခားနားတဲ့ ကစားဟန္ရွိတာကို အထင္းသားသိေစမွာပါ။ ေပါ့ဂ္ဘာက အံ့အားသင့္ဖြယ္ေကာင္းတဲ့ အေ၀းေဘာေပးပို႔မႈကို ရက္ရွ္ဖို႔ဒ္ဆီ ေပးခဲ့ျပီး ဂိုးဖန္တီးေပးခဲ့ပါတယ္။ ဆိုးလ္ရွားရဲ႕ တန္ျပန္တိုက္စစ္ကစားဟန္မွာ ဟန္ခ်က္ညီ၊ အံ၀င္ခဲ့တဲ့ ပံုရိပ္ျဖစ္ခဲ့ျပီး သူ႔နည္းစနစ္က ေအာင္ျမင္ခဲ့တယ္လို႔ ဆိုရပါမယ္။

ခ်ယ္လ္ဆီးနဲ႔ပြဲမွာဆို ဆိုးလ္ရွားက တန္ျပန္တိုက္စစ္နဲ႔ ျပိဳင္ဘက္ကုိ ရပ္တန္႔ပစ္ခဲ့ပါတယ္။ လမ္းပတ္ရဲ႕ ေနာက္ခံကစားသမားေတြက ျမန္ႏႈန္းျမင့္ကစားဟန္နဲ႔ကစားခဲ့တဲ့ ယူႏိုက္တက္တိုက္စစ္ပိုင္းက မာရွယ္ နဲ႔ ရက္ဖို႔ဒ္တို႔ကို ခက္ခက္ခဲခဲထိန္းသိမ္းခဲ့ရျပီးေတာ့ တန္ျပန္တိုက္စစ္ေတြကေနပဲ ဂိုးေတြ ေပးခဲ့ရတာပါ။ ပထမပိုင္းမွာ ခ်ယ္လ္ဆီးက ပိုေကာင္းခဲ့ေပမယ့္ ဂိုးမရခဲ့ပါဘူး။ ဒုတိယပိုင္းမွာ ယူႏိုက္တက္က ပိုေကာင္းခဲ့ျပီး ဆိုးလ္ရွားရဲ႕ ကစားဟန္ကေနပဲ ဂိုးေတြသြင္းႏိုင္ခဲ့ပါတယ္။ ေဘာလံုးပိုင္ဆိုင္မႈနည္းပါးေပမယ့္ ဆိုးလ္ရွားက ကြင္းလယ္နဲ႔ တိုက္စစ္ကို တိုက္ရိုက္ခ်ိတ္ဆက္ေစခဲ့ျပီး ဂိုးေတြရေအာင္ ယူသြားခဲ့တာျဖစ္ပါတယ္။

ေမာ္ဒန္ေဘာလံုးေလာကမွာ ေဘာလံုးအသင္းတစ္သင္းက ပ်မ္းမွ်ေဘာလံုးပိုင္ဆိုင္မႈ ၆၀ ရာခိုင္ႏႈန္းေလာက္ရရွိေအာင္ အားထုတ္ပါတယ္။ ေဘာလံုးေျခထဲမွာရွိေလ ဂိုးသြင္းဖို႔ပိုမိုလြယ္ကူေလလို႔လည္း ယံုၾကည္ၾကပါတယ္။ ဒါေပမယ့္ ဆိုးလ္ရွားက ဒါကို လ်စ္လ်ဴရႈျပီး ေမာ္ရင္ဟို၊ ဆီျမြန္နီတို႔နဲ႔ နီးစပ္တဲ့ ကစားဟန္ကို ပံုေဖာ္ေနပါတယ္။ သူက ျပိဳင္ဘက္ကို ေဘာလံုးေပးကစားထားျပီး အခြင့္အေရးရခ်ိန္မွာ လွ်င္ျမန္တဲ့တန္ျပန္တိုက္စစ္ ( Quick Counter Attack) နဲ႔ ဂုိးရဖို႔ ေဖာ္ေဆာင္ေနတာလည္းျဖစ္ပါတယ္။ သူ႔ရဲ႕ တန္ျပန္တိုက္စစ္ရီေဗာ္လူးရွင္းက ပထမဆံုးပြဲမွာေတာ့ ေအာင္ျမင္ခဲ့ပါတယ္။ လာမယ့္ပြဲေတြမွာလည္း အလုပ္ျဖစ္ဦးမလားဆိုတာကိုေတာ့ ထပ္ျပီးေလ့လာေစာင့္ၾကည့္ရဦးမွာပါ။

Unicode Version

တနင်္ဂနွေနေ့ကပွဲမှာ ချယ်လ်ဆီးက ယူနိုက်တက်ထက် ဘောလုံးပိုင်ဆိုင်မှုပိုများခဲ့ပါတယ်။ ၅၄-၄၆ ဆိုတဲ့အနေအထားနဲ့ပါ။ ဒါပေမယ့် ပွဲရလဒ်အတွက် အဆုံးအဖြတ်ဖြစ်တဲ့ သွင်းဂိုးမှာတော့ သူတို့အရှုံးကြီးရှုံးခဲ့ပါတယ်။ ဆိုးလ်ရှားက ဘောလုံးပိုင်ဆိုင်မှုဆုံးရှုံးခဲ့ပေမယ့် သွင်းဂိုးမှာတော့ အပြတ်အသတ်သာခဲ့ပြီး ၄-၀ ဆိုတဲ့ ရလဒ်ထွက်ပေါ်ခဲ့ပြီး ပွဲပြီးခဲ့ပါတယ်။ ဒီပွဲအပြီးမှာ ဆိုးလ်ရှားအသုံးပြုခဲ့တဲ့ တန်ပြန်တိုက်စစ်ကစားဟန်က ပရိသတ်တွေ သတိထားစေမိခဲ့တဲ့အထိ အစွမ်းထက်ခဲ့တာကို ပြန်စမြုံ့ပြန်ပြောသူတွေ ဒုနဲ့ဒေးပါပဲ။

ဆိုးလ်ရှားလက်ထက်မှာ ယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှုနည်းပြီးတော့ နိုင်ပွဲရခဲ့တာတွေက အများကြီးပါ။ ပြီးခဲ့တဲ့ရာသီကို ပြန်လည်ကြည့်ရင် သူတို့က တော့တင်ဟမ်နဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၃၉ရာခိုင်နှုန်းပဲ ရှိပြီး ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ ချယ်လ်ဆီးကို ၃၃ ရာခိုင်နှုန်းသာရှိတဲ့ ဘောလုံးပိုင်ဆိုင်မှု၊ ပီအက်စ်ဂျီနဲ့ပွဲမှာဆို ၂၈ရာခိုင်နှုန်းသာ ဘောလုံးပိုင်ဆိုင်ခဲ့ပြီး အနိုင်ယူခဲ့တဲ့ပွဲတွေ ရှိခဲ့ပါတယ်။ ဆိုးလ်ရှားလက်ထက်မှာ သူတို့က ထိပ်သီးအသင်း (၆)သင်းအပါအဝင် ချန်ပီယံလိဂ်မှာ အသင်းကြီးတွေနဲ့ တွေ့ခဲ့မှု စုစုပေါင်း (၁၂)ပွဲအထိ ရှိခဲ့ပါတယ်။ အဲဒီပွဲတွေမှာ ဘောလုံးပိုင်ဆိုင်မှုက ၂ပွဲသာရှိခဲ့ပြီးတော့ အာဆင်နယ်ကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ပွဲမှာ ၅၄ရာခိုင်နှုန်းပိုင်ဆိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားက သူ့အသင်းကို တန်ပြန်တိုက်စစ်နဲ့ ပုံဖော်နေတာက လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်တော့ပါဘူး။ ဒီအတွက်လည်း သူက လူကာကူကို ရောင်းပြီး ဒန်နီရယ်ဂျိမ်းစ်ကို ဝယ်ယူခဲ့တာပါ။ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့လို မြန်ဆန်တဲ့ ကစားသမားတွေနဲ့ တန်ပြန်တိုက်စစ်ကို တည်ဆောက်ဖို့ သူက ရည်ရွယ်ခဲ့ပြီး သူ့အသင်းက ဗန်ဂါးလ်လက်ထက်ယူနိုက်တက်နဲ့ သိသိသာသာကွဲပြားသွားပြီး ပိုအရှိန်မြှင့်ကစားနိုင်တယ်၊ စိတ်လှုပ်ရှားမှုပေးနိုင်ပြီး သွင်းဂိုးတွေကိုလည်း မြင်တွေ့စေခဲ့ရပါတယ်။ ဒါက လက်ရှိနာမည်ကျော်နည်းပြတွေဖြစ်တဲ့ ဂွာဒီယိုလာ၊ ကလော့ပ် နဲ့ ပိုချက်တီနိုတို့လို နည်းပြတွေရဲ့ နည်းစနစ်နဲ့ ဆန့်ကျင့်နေပါတယ်။ သူတို့က ဘောလုံးပိုင်ဆိုင်မှုကို အသားပေးပြီး ပြိုင်ဘက်ကို ဂိုးသွင်းနိုင်ဖို့ ဖိအားပေးကစားတာမျိုးပါ။ ဒီအတွက်လည်း အဲဒီအသင်းတွေနဲ့ ရင်ဆိုင်ချိန်မှာ ဆိုးလ်ရှားအသင်းက ဘောလုံးပိုင်ဆိုင်မှုနည်းပါးနေခဲ့တာဖြစ်ပါတယ်။

မန်စီးတီးကွင်းလယ်က ရိုဒရီနဲ့ ဒီဘရိုင်းတို့က အဖွင့်ပွဲမှာ ဘောလုံးပေးပို့မှုအောင်မြင်နှုန်း ၆၅ ကြိမ်နဲ့ ၃၈ကြိမ်စီ အသီးသီးရှိခဲ့ချိန်မှာ ယူနိုက်တက်ကွင်းလယ်က တော်မီနေး နဲ့ အန်ဒရိစ်ပါရဲရားတို့က ၃၉ ကြိမ် နဲ့ ၁၁ကြိမ်စီသာ ရှိခဲ့ပါတယ်။ ဒါကိုကြည့်ရင် သူတို့နှစ်သင်းကြားမှာ ကွဲပြားခြားနားတဲ့ ကစားဟန်ရှိတာကို အထင်းသားသိစေမှာပါ။ ပေါ့ဂ်ဘာက အံ့အားသင့်ဖွယ်ကောင်းတဲ့ အဝေးဘောပေးပို့မှုကို ရက်ရှ်ဖို့ဒ်ဆီ ပေးခဲ့ပြီး ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ တန်ပြန်တိုက်စစ်ကစားဟန်မှာ ဟန်ချက်ညီ၊ အံဝင်ခဲ့တဲ့ ပုံရိပ်ဖြစ်ခဲ့ပြီး သူ့နည်းစနစ်က အောင်မြင်ခဲ့တယ်လို့ ဆိုရပါမယ်။

ချယ်လ်ဆီးနဲ့ပွဲမှာဆို ဆိုးလ်ရှားက တန်ပြန်တိုက်စစ်နဲ့ ပြိုင်ဘက်ကို ရပ်တန့်ပစ်ခဲ့ပါတယ်။ လမ်းပတ်ရဲ့ နောက်ခံကစားသမားတွေက မြန်နှုန်းမြင့်ကစားဟန်နဲ့ကစားခဲ့တဲ့ ယူနိုက်တက်တိုက်စစ်ပိုင်းက မာရှယ် နဲ့ ရက်ဖို့ဒ်တို့ကို ခက်ခက်ခဲခဲထိန်းသိမ်းခဲ့ရပြီးတော့ တန်ပြန်တိုက်စစ်တွေကနေပဲ ဂိုးတွေ ပေးခဲ့ရတာပါ။ ပထမပိုင်းမှာ ချယ်လ်ဆီးက ပိုကောင်းခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ယူနိုက်တက်က ပိုကောင်းခဲ့ပြီး ဆိုးလ်ရှားရဲ့ ကစားဟန်ကနေပဲ ဂိုးတွေသွင်းနိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုနည်းပါးပေမယ့် ဆိုးလ်ရှားက ကွင်းလယ်နဲ့ တိုက်စစ်ကို တိုက်ရိုက်ချိတ်ဆက်စေခဲ့ပြီး ဂိုးတွေရအောင် ယူသွားခဲ့တာဖြစ်ပါတယ်။

မော်ဒန်ဘောလုံးလောကမှာ ဘောလုံးအသင်းတစ်သင်းက ပျမ်းမျှဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းလောက်ရရှိအောင် အားထုတ်ပါတယ်။ ဘောလုံးခြေထဲမှာရှိလေ ဂိုးသွင်းဖို့ပိုမိုလွယ်ကူလေလို့လည်း ယုံကြည်ကြပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားက ဒါကို လျစ်လျူရှုပြီး မော်ရင်ဟို၊ ဆီမြွန်နီတို့နဲ့ နီးစပ်တဲ့ ကစားဟန်ကို ပုံဖော်နေပါတယ်။ သူက ပြိုင်ဘက်ကို ဘောလုံးပေးကစားထားပြီး အခွင့်အရေးရချိန်မှာ လျှင်မြန်တဲ့တန်ပြန်တိုက်စစ် ( Quick Counter Attack) နဲ့ ဂိုးရဖို့ ဖော်ဆောင်နေတာလည်းဖြစ်ပါတယ်။ သူ့ရဲ့ တန်ပြန်တိုက်စစ်ရီဗော်လူးရှင်းက ပထမဆုံးပွဲမှာတော့ အောင်မြင်ခဲ့ပါတယ်။ လာမယ့်ပွဲတွေမှာလည်း အလုပ်ဖြစ်ဦးမလားဆိုတာကိုတော့ ထပ်ပြီးလေ့လာစောင့်ကြည့်ရဦးမှာပါ။

မွတ္ခ်က္မ်ား။