လီဗာပူးလ္ကို အေရးနိမ့္ခဲ့ေပမယ့္ အသင္းေျခစြမ္းအတြက္ ဂုဏ္ယူေနတဲ့ လမ္းပတ္

‘Man United still need two or three players’ – Solskjaer

ဥေရာပစူပါဖလားျပိဳင္ပြဲမွာ လီဗာပူးလ္ကို အေရးနိမ့္ခဲ့ေပမယ့္ အသင္းရဲ႕ကစားပံုအတြက္ ဂုဏ္ယူမိတယ္လို႔ ခ်ယ္လ္ဆီးနည္းျပလမ္းပတ္က ေျပာဆိုလိုက္ပါတယ္။ ခ်ယ္လ္ဆီးဟာ လီဗာပူးလ္နဲ႔ ပြဲခ်ိန္အတြင္း တစ္ဖက္ႏွစ္ဂိုးစီ သေရကစားႏိုင္ခဲ့ေပမယ့္လည္း ပင္နယ္တီအဆံုးအျဖတ္မွာ ေအဘရာဟမ္ရဲ႕ ကန္သြင္းမႈကို အန္ဒရီယန္ကာကြယ္သြားႏိုင္ခဲ့လို႔ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

‘Inter and Napoli one step higher than the rest’ says Chiellini as Juventus get set to defend their Serie A title

အသင္းရဲ႕ စြမ္းေဆာင္ရည္အတြက္ လမ္းပတ္က ေက်နပ္ေနခဲ့ေပမယ့္လည္း ရံႈးနိမ့္ခဲ့တဲ့အတြက္ နာက်င္ရတယ္လုိ႔လည္း ၀န္ခံခဲ့ပါတယ္။ ဂီေရာ့ဒ္က ခ်ယ္လ္ဆီးအတြက္ ဦးေဆာင္ဂိုးသြင္းယူခဲ့ေပမယ့္လည္း မာေနးက ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးေတြကို ျပန္လည္သြင္းယူခဲ့ကာ ေဂ်ာ္ဂ်င္ဟိုက ပင္နယ္တီကတဆင့္ ခ်ယ္လ္ဆီးအတြက္ ျပန္ေခ်ပေပးခဲ့လို႔ ပင္နယ္တီနဲ႔ အဆံုးအျဖတ္ခံယူခဲ့ရတာျဖစ္ပါတယ္။

“ တနဂၤေႏြေန႔ပြဲအျပီးမွာ အသင္းရဲ႕စြမ္းေဆာင္ရည္က တိုးတက္လာခဲပါတယ္၊ ဒါေပမယ့္ အႏိုင္ရဖို႔အတြက္ ကၽြန္ေတာ္တို႔ ကံမေကာင္းခဲ့ပါဘူး၊ ႏိုင္ငံတကာပြဲေတြမလာခင္ ကၽြန္ေတာ္တို႔ (၃)ပြဲကစားသြားရဖို႔ ရွိေနျပီး ပြဲအားလံုးကို အႏိုင္ရေအာင္ ကၽြန္ေတာ္တို႔ ၾကိဳးစားသြားမွာပါ၊
ကၽြန္ေတာ့္ရဲ႕ ခံစားခ်က္ကေတာ့ အားလံုးထဲမွာမွ ဂုဏ္ယူမိတာတစ္ခုရွိပါတယ္”

“ ကၽြန္ေတာ္က ဆိုးရြားတဲ့ အရံႈးသမားတစ္ေယာက္ပါ၊ ဒါက ကမၻာေပၚမွာအဆိုး၀ါးဆံုးစကားလံုးလည္းျဖစ္ပါတယ္၊ ဒါေပမယ့္ အသင္းရဲ႕စြမ္းေဆာင္ရည္အတြက္ ကၽြန္ေတာ္ေပ်ာ္ရႊင္မိပါတယ္၊ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ ကံဆိုးခဲ့လို႔သာ ရံႈးခဲ့ရလို႔ပါ၊ အသင္းက အႏိုင္ရဖို႔အတြက္ အေကာင္းဆံုးစိတ္ဓာတ္၊ အေကာင္းဆံုးပံုစံနဲ႔ အားစိုက္ကစားခဲ့ပါတယ္” လို႔ လမ္းပတ္က ပြဲအျပီးမွာ ေျပာသြားခဲ့ပါတယ္။

Unicode Version

ဥရောပစူပါဖလားပြိုင်ပွဲမှာ လီဗာပူးလ်ကို အရေးနိမ့်ခဲ့ပေမယ့် အသင်းရဲ့ကစားပုံအတွက် ဂုဏ်ယူမိတယ်လို့ ချယ်လ်ဆီးနည်းပြလမ်းပတ်က ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးဟာ လီဗာပူးလ်နဲ့ ပွဲချိန်အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေကစားနိုင်ခဲ့ပေမယ့်လည်း ပင်နယ်တီအဆုံးအဖြတ်မှာ အေဘရာဟမ်ရဲ့ ကန်သွင်းမှုကို အန်ဒရီယန်ကာကွယ်သွားနိုင်ခဲ့လို့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

အသင်းရဲ့ စွမ်းဆောင်ရည်အတွက် လမ်းပတ်က ကျေနပ်နေခဲ့ပေမယ့်လည်း ရှုံးနိမ့်ခဲ့တဲ့အတွက် နာကျင်ရတယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ ဂီရော့ဒ်က ချယ်လ်ဆီးအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့်လည်း မာနေးက ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို ပြန်လည်သွင်းယူခဲ့ကာ ဂျော်ဂျင်ဟိုက ပင်နယ်တီကတဆင့် ချယ်လ်ဆီးအတွက် ပြန်ချေပပေးခဲ့လို့ ပင်နယ်တီနဲ့ အဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပါတယ်။

“ တနင်္ဂနွေနေ့ပွဲအပြီးမှာ အသင်းရဲ့စွမ်းဆောင်ရည်က တိုးတက်လာခဲပါတယ်၊ ဒါပေမယ့် အနိုင်ရဖို့အတွက် ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး၊ နိုင်ငံတကာပွဲတွေမလာခင် ကျွန်တော်တို့ (၃)ပွဲကစားသွားရဖို့ ရှိနေပြီး ပွဲအားလုံးကို အနိုင်ရအောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ၊
ကျွန်တော့်ရဲ့ ခံစားချက်ကတော့ အားလုံးထဲမှာမှ ဂုဏ်ယူမိတာတစ်ခုရှိပါတယ်”

“ ကျွန်တော်က ဆိုးရွားတဲ့ အရှုံးသမားတစ်ယောက်ပါ၊ ဒါက ကမ္ဘာပေါ်မှာအဆိုးဝါးဆုံးစကားလုံးလည်းဖြစ်ပါတယ်၊ ဒါပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်အတွက် ကျွန်တော်ပျော်ရွှင်မိပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကံဆိုးခဲ့လို့သာ ရှုံးခဲ့ရလို့ပါ၊ အသင်းက အနိုင်ရဖို့အတွက် အကောင်းဆုံးစိတ်ဓာတ်၊ အကောင်းဆုံးပုံစံနဲ့ အားစိုက်ကစားခဲ့ပါတယ်” လို့ လမ်းပတ်က ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။