ဘရူႏိုဖာနန္ဒက္စ္ကို ယူႏိုက္တက္မေခၚယူခဲ့တဲ့ အေၾကာင္းရင္းက ဘာလဲ?

‘I said Ole, today don’t complain about hands’ – Guardiola

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေပၚတူဂီကြင္းလယ္လူဘရူႏိုဖာနန္ဒက္စ္ကို ေခၚယူဖို႔အတြက္ ကင္းေထာက္ေတြေစလႊတ္ျပီး ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း မေခၚယူခဲ့ရတဲ့ အေၾကာင္းရင္းကေတာ့ နည္းျပဆိုးလ္ရွားရဲ ကစားကြက္မွာ အံ၀င္မွာမဟုတ္ဘူးလို႔
ယူဆခဲ့တာေၾကာင့္လို႔ Daily Mail က ေဖာ္ျပသြားခဲ့ပါတယ္။

‘Inter and Napoli one step higher than the rest’ says Chiellini as Juventus get set to defend their Serie A title

ဆိုးလ္ရွားက သူ႔အသင္းကြင္းလယ္ပိုင္းမွာ ေဘာလံုးကိုေကာင္းေကာင္းကိုင္ကစားႏိုင္တဲ့ ကစားသမားမ်ိဳးကို သေဘာက်ေနတာျဖစ္ျပီး ဖာနန္ဒက္စ္ရဲ႕ ဆံုးျဖတ္ခ်က္ေတြက အသင္းေနာက္တန္းကိုပါ အႏၱရာယ္ရွိလာႏိုင္ေစတယ္လို႔ ယူဆခဲ့ေၾကာင္းလည္း သိရပါတယ္။ အသက္ (၂၄)ႏွစ္အရြယ္ ကြင္းလယ္လူကို ေခၚယူဖို႔က အသင္းအတြက္လည္း စြန္႔စားမႈတစ္ခုျဖစ္လာလိမ့္မယ္လို႔ ယူႏိုက္တက္တာ၀န္ရွိသူေတြက ယူဆခဲ့ၾကပါတယ္။

ဖာနန္ဒက္စ္အေနနဲ႔ ျပီးခဲ့တဲ့ရာသီမွာ ေဘာလံုးေပးပို႔မႈေအာင္ျမင္တာက ၇၅%သာ ရွိခဲ့ျပီး ဒီစြမ္းေဆာင္ရည္က အသင္းအတြက္ ၾကိးမားတဲ့အက်ိဳးေက်းဇူးကို ျဖစ္ေစမွာမဟုတ္ဘူးလို႔လည္း ယူႏိုက္တက္ဘက္က ဆံုးျဖတ္ခဲ့တယ္လုိ႔ ဆုိပါတယ္။ ျပီးခဲ့တဲ့ရာသီမွာ ေပါ့ဂ္ဘာက ၈၂.၈%ရွိေနျပီးေတာ့ ဆိုးလ္ရွားအေနနဲ႔ ကြင္းလယ္ပိုင္းမွာ ဖာနန္ဒက္စ္ထက္ စြမ္းေဆာင္ရည္သာလြန္တဲ့ ကစားသမားမ်ိဳးကိုသာ ေခၚယူခ်င္ခဲ့တယ္လို႔ သိရပါတယ္။

ယူႏိုက္တက္အေနနဲ႔ ျပီးခဲ့တဲ့ အေျပာင္းအေရႊ႕ေစ်းကြက္မွာ ကြင္းလယ္ကစားသမားေခၚယူမႈမျပဳလုပ္ႏုိင္ခဲ့လို႔ လာမယ့္ေစ်းကြက္ေတြအတြင္းမွာ ေခၚယူသြားဖို႔ ရွိတယ္လို႔ သိရပါတယ္။ မာတစ္က အသက္အရြယ္ေၾကာင့္ ေျခစြမ္းက်လာခဲ့ျပီး ေတာ္မီေနးနဲ႔ ပါရဲရားတို႔က အေတြ႕အၾကံဳနည္းေသးတာေၾကာင့္ ကြင္းလယ္လူတစ္ဦးကို မျဖစ္မေန ေခၚယူသြားဖို႔ ဆိုးလ္ရွားက ေတာင္းဆိုထားတယ္လို႔လည္း သိရပါတယ္။

Unicode Verison

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ်တူဂီကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့အတွက် ကင်းထောက်တွေစေလွှတ်ပြီး စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း မခေါ်ယူခဲ့ရတဲ့ အကြောင်းရင်းကတော့ နည်းပြဆိုးလ်ရှားရဲ ကစားကွက်မှာ အံဝင်မှာမဟုတ်ဘူးလို့
ယူဆခဲ့တာကြောင့်လို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။

ဆိုးလ်ရှားက သူ့အသင်းကွင်းလယ်ပိုင်းမှာ ဘောလုံးကိုကောင်းကောင်းကိုင်ကစားနိုင်တဲ့ ကစားသမားမျိုးကို သဘောကျနေတာဖြစ်ပြီး ဖာနန်ဒက်စ်ရဲ့ ဆုံးဖြတ်ချက်တွေက အသင်းနောက်တန်းကိုပါ အန္တရာယ်ရှိလာနိုင်စေတယ်လို့ ယူဆခဲ့ကြောင်းလည်း သိရပါတယ်။ အသက် (၂၄)နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူဖို့က အသင်းအတွက်လည်း စွန့်စားမှုတစ်ခုဖြစ်လာလိမ့်မယ်လို့ ယူနိုက်တက်တာဝန်ရှိသူတွေက ယူဆခဲ့ကြပါတယ်။

ဖာနန်ဒက်စ်အနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ ဘောလုံးပေးပို့မှုအောင်မြင်တာက ၇၅%သာ ရှိခဲ့ပြီး ဒီစွမ်းဆောင်ရည်က အသင်းအတွက် ကြိးမားတဲ့အကျိုးကျေးဇူးကို ဖြစ်စေမှာမဟုတ်ဘူးလို့လည်း ယူနိုက်တက်ဘက်က ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ပေါ့ဂ်ဘာက ၈၂.၈%ရှိနေပြီးတော့ ဆိုးလ်ရှားအနေနဲ့ ကွင်းလယ်ပိုင်းမှာ ဖာနန်ဒက်စ်ထက် စွမ်းဆောင်ရည်သာလွန်တဲ့ ကစားသမားမျိုးကိုသာ ခေါ်ယူချင်ခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့စျေးကွက်မှာ ကွင်းလယ်ကစားသမားခေါ်ယူမှုမပြုလုပ်နိုင်ခဲ့လို့ လာမယ့်စျေးကွက်တွေအတွင်းမှာ ခေါ်ယူသွားဖို့ ရှိတယ်လို့ သိရပါတယ်။ မာတစ်က အသက်အရွယ်ကြောင့် ခြေစွမ်းကျလာခဲ့ပြီး တော်မီနေးနဲ့ ပါရဲရားတို့က အတွေ့အကြုံနည်းသေးတာကြောင့် ကွင်းလယ်လူတစ်ဦးကို မဖြစ်မနေ ခေါ်ယူသွားဖို့ ဆိုးလ်ရှားက တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

မွတ္ခ်က္မ်ား။