ယူႏိုက္တက္ကို စိုးရိမ္ထိတ္လန္႔မႈေတြ ေပးသြားႏိုင္မယ့္ ၀ုလ္ဗ္ကစားသမား (၃)ဦး

‘Son has been unbelievable in training’ Pochettino expects Heung-min back for Newcastle game

ျပီးခဲ့တဲ့ေဘာလံုးရာသီမွာ ၀ုလ္ဗာဟမ္တန္အသင္းက ယူႏိုက္တက္အတြက္ ခက္ခဲတဲ့ျပိဳင္ဘက္အသင္းျဖစ္ခဲ့ပါတယ္။ ယူႏိုက္တက္က သူတို႔နဲ႔ ေတြ႕ဆံုခဲ့မႈေတြမွာ ႏိုင္ပြဲလံုး၀မရခဲ့ပါဘူး။ အခုတစ္ပတ္ ပရီးမီးယားလိဂ္ပြဲစဥ္ (၂)မွာ ယူႏိုက္တက္က ၀ုလ္ကို အေ၀းကြင္းမွာ သြားကစားရေတာ့မွာပါ။ ျပီးခဲ့တဲ့ရာသီကဆိုရင္ သူတို႔က ၀ုလ္ကြင္းမွာ ၂ၾကိမ္အေရးနိမ့္ခဲ့ျပီး အက္ဖ္ေအဖလားရံႈးပြဲတစ္ပြဲပါ၀င္ခဲ့ပါတယ္။ ဒီအတြက္ ၀ုလ္နဲ႔ ေတြ႕တိုင္း အခက္ေတြ႕ေလ့ရွိတဲ့ ယူႏိုက္တက္အတြက္ ရုန္းကန္ရဖို႔လည္း ရွိလာမွာပါ။ ၀ုလ္က ထိပ္တန္းအသင္းေတြနဲ႔ ကစားခဲ့ရာမွာလည္း ရလဒ္ေတြေကာင္းခဲ့တ့ဲအသင္းျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔ပြဲမွာလည္း ၀ုလ္အသင္းမွာ ေစာင့္ၾကည့္သြားရမယ့္ ကစားသမားေတြရွိေနပါတယ္။ အဲဒီကစားသမားေတြကေတာ့…။

၁။ မတ္ဒိုဟာတီ

ျဖတ္တင္ေဘာေကာင္းတဲ့ ကစားသမားျဖစ္ပါတယ္။ ညာျခမ္းတစ္ေလွ်ာက္မွာ အတက္အဆင္းမွန္မွန္နဲ႔ ျမန္ျမန္ဆန္ဆန္ေျပးလႊားကစားႏိုင္သူျဖစ္ျပီး သူက ၀ုလ္ရဲ႕ အဓိကကစားသမားတစ္ဦးျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔ ေတြ႕တိုင္းမွာ အခက္ေတြ႕ေလ့ရွိေအာင္ဖန္တီးတတ္တဲ့
ကစားသမားျဖစ္ျပီး အသက္ (၂၇)ႏွစ္အရြယ္ဒိုဟာတီက ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးညာေနာက္ခံလူေတြထဲက တစ္ဦးအျဖစ္လည္း ရပ္တည္ႏိုင္ခဲ့ပါတယ္။ ျပီးခဲ့တဲ့ရာသီကဆုိရင္ သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ၾကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့ျပီး ဂ်ီမီနက္ဇ္၊ ဂ်ိဳတာတို႔လို တိုက္စစ္မွဴးေတြနဲ႔ ပူးေပါင္းကစားႏိုင္ခဲ့ပါတယ္။ လင္ဒီေလာ့ဖ္ နဲ႔ မက္ဂြိဳင္းယားတို႔က သူ႔ရဲ႕ျဖတ္တင္ေဘာေတြကို ရွင္းထုတ္ႏိုင္ဖို႔ အာရံုစိုက္ရမွာျဖစ္ျပီး ယူႏိုက္တက္ကို ရံႈးပြဲေတြ႕ေအာင္ စြမ္းေဆာင္ႏိုင္သူတစ္ဦးလို႔ သတ္မွတ္ႏိုင္ပါတယ္။

၂။ ရူဘန္နက္ဗက္စ္

ျပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ရဲ႕ နာမည္ေက်ာ္ကြင္းလယ္လူတခ်ိဳ႕ထက္ ပိုျပီးေတာက္ပခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ တည္ကန္ေဘာေတြ၊ ျပိဳင္ဘက္ရဲ႕ ေသကြင္းေသကြက္ကို တိတိက်က်ေရာက္ရွိေအာင္ ေပးပို႔ႏိုင္တဲ့ အရည္အေသြးေတြက နက္ဗက္စ္ကို လူသိမ်ားထင္ရွားေစခဲ့ပါတယ္။ ခံစစ္ဇုန္ကေနလည္း သူ႔ရဲ႕ ေပးပို႔မႈတစ္ခ်က္နဲ႔ တိုက္စစ္လမ္းေၾကာင္းကို ျပန္စတင္ႏိုင္ေစခဲ့ျပီး ပြဲအေနအထားကိုလည္း ေကာင္းေကာင္းသံုးသပ္ႏိုင္သူျဖစ္ပါတယ္။ Final Third ဇုန္အတြင္းမွာ ေဘာလံုးေပးပို႔မႈေကာင္းေကာင္းျပဳလုပ္ႏိုင္သူပါ။ ေပါ့ဂ္ဘာနဲ႔ ေတာမီေနးတို႔က နက္ဗက္စ္ဆီကေန ေဘာလံုးထြက္မလာေအာင္ တားဆီးသြာရမွာျဖစ္ျပီး ေပၚတူဂီကြင္းလယ္လူကို ကြင္းလယ္မွာ ေဘာလံုးကို လြတ္လြတ္လပ္လပ္ကိုင္ေဆာ့ႏိုင္ေအာင္ အခြင့္အေရးေပးခဲ့မယ္ဆိုရင္ ယူႏိုက္တက္အတြက္ ဆံုးရံႈးမႈၾကီးမားသြားပါလိမ့္မယ္။

၃။ ရာအူးဂ်ီမီနက္ဇ္

ဂ်ီမီနက္ဇ္ရဲ႕ ျပီးခဲ့တဲ့ရာသီက စြမ္းေဆာင္ရည္က သြင္းဂိုး ၁၇ ဂိုးနဲ႔ ဖန္တီးမႈ ၈ ၾကိမ္ပါ။ တိုက္စစ္မွဴးအတြက္ လံုေလာက္တဲ့ ပမာဏမ်ိဳးကို ဂ်ီမီနက္ဇ္က ရယူေပးႏိုင္ခဲ့ျပီး အက္ဖ္ေအဖလားကြာတားဖိုင္နယ္မွာလည္း သူ႔ရဲ႕သြင္းဂိုးနဲ႔ ယူႏိုက္တက္ကို ႏွိပ္ကြပ္ႏိုင္ခဲ့ပါတယ္။ နည္းစနစ္ပိုင္းေက်ညက္သူျဖစ္ျပီး ဒုိဟာတီ၊ ေမာ္တင္ဟိုတို႔နဲ႔ သူ႔ရဲ႕ပူးေပါင္းမႈက ထိတ္လန္႔စရာတိုက္စစ္ကို ျဖစ္ေပၚေစခဲ့ပါတယ္။ ျပိဳင္ဘက္ဧရိယာအတြင္းမွာ ေျမေခြးတစ္ေကာင္လို ပါးပါးနပ္နပ္နဲ႔ ကစားႏိုင္သူျဖစ္ျပီး ျဖတ္တင္ေဘာေတြကို အေကာင္းဆံုးအဆံုးသတ္ႏိုင္သူလည္း ျဖစ္ပါတယ္။ မက္ဂြိဳင္းယားကို အလုပ္မ်ားေစမယ့္ ကစားသမားျဖစ္ျပီး ကမၻာ့ေစ်းအၾကီးဆံုးေနာက္ခံလူကို ၾကီးမားတဲ့စမ္းသပ္မႈေတြနဲ႔ ၾကံဳေတြ႕ေစမယ့္ တိုက္စစ္မွဴးမ်ိဳးလည္းျဖစ္ပါတယ္။

Unicode Version

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဝုလ်ဗာဟမ်တန်အသင်းက ယူနိုက်တက်အတွက် ခက်ခဲတဲ့ပြိုင်ဘက်အသင်းဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်က သူတို့နဲ့ တွေ့ဆုံခဲ့မှုတွေမှာ နိုင်ပွဲလုံးဝမရခဲ့ပါဘူး။ အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် (၂)မှာ ယူနိုက်တက်က ဝုလ်ကို အဝေးကွင်းမှာ သွားကစားရတော့မှာပါ။ ပြီးခဲ့တဲ့ရာသီကဆိုရင် သူတို့က ဝုလ်ကွင်းမှာ ၂ကြိမ်အရေးနိမ့်ခဲ့ပြီး အက်ဖ်အေဖလားရှုံးပွဲတစ်ပွဲပါဝင်ခဲ့ပါတယ်။ ဒီအတွက် ဝုလ်နဲ့ တွေ့တိုင်း အခက်တွေ့လေ့ရှိတဲ့ ယူနိုက်တက်အတွက် ရုန်းကန်ရဖို့လည်း ရှိလာမှာပါ။ ဝုလ်က ထိပ်တန်းအသင်းတွေနဲ့ ကစားခဲ့ရာမှာလည်း ရလဒ်တွေကောင်းခဲ့တဲ့အသင်းဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ပွဲမှာလည်း ဝုလ်အသင်းမှာ စောင့်ကြည့်သွားရမယ့် ကစားသမားတွေရှိနေပါတယ်။ အဲဒီကစားသမားတွေကတော့…။

၁။ မတ်ဒိုဟာတီ

ဖြတ်တင်ဘောကောင်းတဲ့ ကစားသမားဖြစ်ပါတယ်။ ညာခြမ်းတစ်လျှောက်မှာ အတက်အဆင်းမှန်မှန်နဲ့ မြန်မြန်ဆန်ဆန်ပြေးလွှားကစားနိုင်သူဖြစ်ပြီး သူက ဝုလ်ရဲ့ အဓိကကစားသမားတစ်ဦးဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ တွေ့တိုင်းမှာ အခက်တွေ့လေ့ရှိအောင်ဖန်တီးတတ်တဲ့
ကစားသမားဖြစ်ပြီး အသက် (၂၇)နှစ်အရွယ်ဒိုဟာတီက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးညာနောက်ခံလူတွေထဲက တစ်ဦးအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကဆိုရင် သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ဝကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး ဂျီမီနက်ဇ်၊ ဂျိုတာတို့လို တိုက်စစ်မှူးတွေနဲ့ ပူးပေါင်းကစားနိုင်ခဲ့ပါတယ်။ လင်ဒီလော့ဖ် နဲ့ မက်ဂွိုင်းယားတို့က သူ့ရဲ့ဖြတ်တင်ဘောတွေကို ရှင်းထုတ်နိုင်ဖို့ အာရုံစိုက်ရမှာဖြစ်ပြီး ယူနိုက်တက်ကို ရှုံးပွဲတွေ့အောင် စွမ်းဆောင်နိုင်သူတစ်ဦးလို့ သတ်မှတ်နိုင်ပါတယ်။

၂။ ရူဘန်နက်ဗက်စ်

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်ကွင်းလယ်လူတချို့ထက် ပိုပြီးတောက်ပခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ တည်ကန်ဘောတွေ၊ ပြိုင်ဘက်ရဲ့ သေကွင်းသေကွက်ကို တိတိကျကျရောက်ရှိအောင် ပေးပို့နိုင်တဲ့ အရည်အသွေးတွေက နက်ဗက်စ်ကို လူသိများထင်ရှားစေခဲ့ပါတယ်။ ခံစစ်ဇုန်ကနေလည်း သူ့ရဲ့ ပေးပို့မှုတစ်ချက်နဲ့ တိုက်စစ်လမ်းကြောင်းကို ပြန်စတင်နိုင်စေခဲ့ပြီး ပွဲအနေအထားကိုလည်း ကောင်းကောင်းသုံးသပ်နိုင်သူဖြစ်ပါတယ်။ Final Third ဇုန်အတွင်းမှာ ဘောလုံးပေးပို့မှုကောင်းကောင်းပြုလုပ်နိုင်သူပါ။ ပေါ့ဂ်ဘာနဲ့ တောမီနေးတို့က နက်ဗက်စ်ဆီကနေ ဘောလုံးထွက်မလာအောင် တားဆီးသွာရမှာဖြစ်ပြီး ပေါ်တူဂီကွင်းလယ်လူကို ကွင်းလယ်မှာ ဘောလုံးကို လွတ်လွတ်လပ်လပ်ကိုင်ဆော့နိုင်အောင် အခွင့်အရေးပေးခဲ့မယ်ဆိုရင် ယူနိုက်တက်အတွက် ဆုံးရှုံးမှုကြီးမားသွားပါလိမ့်မယ်။

၃။ ရာအူးဂျီမီနက်ဇ်

ဂျီမီနက်ဇ်ရဲ့ ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်ရည်က သွင်းဂိုး ၁၇ ဂိုးနဲ့ ဖန်တီးမှု ၈ ကြိမ်ပါ။ တိုက်စစ်မှူးအတွက် လုံလောက်တဲ့ ပမာဏမျိုးကို ဂျီမီနက်ဇ်က ရယူပေးနိုင်ခဲ့ပြီး အက်ဖ်အေဖလားကွာတားဖိုင်နယ်မှာလည်း သူ့ရဲ့သွင်းဂိုးနဲ့ ယူနိုက်တက်ကို နှိပ်ကွပ်နိုင်ခဲ့ပါတယ်။ နည်းစနစ်ပိုင်းကျေညက်သူဖြစ်ပြီး ဒိုဟာတီ၊ မော်တင်ဟိုတို့နဲ့ သူ့ရဲ့ပူးပေါင်းမှုက ထိတ်လန့်စရာတိုက်စစ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ပြိုင်ဘက်ဧရိယာအတွင်းမှာ မြေခွေးတစ်ကောင်လို ပါးပါးနပ်နပ်နဲ့ ကစားနိုင်သူဖြစ်ပြီး ဖြတ်တင်ဘောတွေကို အကောင်းဆုံးအဆုံးသတ်နိုင်သူလည်း ဖြစ်ပါတယ်။ မက်ဂွိုင်းယားကို အလုပ်များစေမယ့် ကစားသမားဖြစ်ပြီး ကမ္ဘာ့စျေးအကြီးဆုံးနောက်ခံလူကို ကြီးမားတဲ့စမ်းသပ်မှုတွေနဲ့ ကြုံတွေ့စေမယ့် တိုက်စစ်မှူးမျိုးလည်းဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။