လင္ဒီေလာ့ဖ္ကို လစာႏွစ္ဆေပးျပီး စာခ်ဳပ္သစ္ကမ္းလွမ္းသြားမယ့္ ယူႏိုက္တက္

‘Son has been unbelievable in training’ Pochettino expects Heung-min back for Newcastle game

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဗဟိုေနာက္ခံကစားသမားလင္ဒီေလာ့ဖ္ကို အသင္းမွာ ဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔အတြက္ လစာ (၂)ဆတိုးျမွင့္ေပးေခ်ျပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားဖို႔ စီစဥ္ေနျပီလို႔ သိရပါတယ္။ လင္ဒီေလာ့ဖ္အေနနဲ႔ စာခ်ဳပ္သစ္မွာ စုစုေပါင္း ေပါင္ ၄၆.၈သန္းအထိ ခံစားခြင့္ရရွိမယ္လို႔လည္း သိရပါတယ္။

Virgil van Dijk talks after Liverpool Super Cup win

ဆြီဒင္လက္ေရြးစင္ေနာက္ခံလူကို ေခၚယူဖို႔ ဘာစီလိုနာအသင္းက ၾကိဳးစားေနလို႔ ယူႏိုက္တက္ဘက္က အခုလို စာခ်ဳပ္သစ္ျပင္ဆင္လာတာျဖစ္ပါတယ္။ လက္ရွိမွာ လင္ဒီေလာ့ဖ္က တစ္ပတ္လုပ္ခေပါင္ (၇၅၀၀၀)သာ ရရွိေနတာျဖစ္ျပီး စာခ်ဳပ္သစ္မွာေတာ့ တစ္ပတ္လုပ္ခေပါင္တစ္သိန္းခြဲအထိ ရရွိမွာျဖစ္တယ္လို႔လည္း Mirror က ေဖာ္ျပခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ၂၀၁၇ ခုႏွစ္မွာ ဘင္ဖီကာကေန ေပါင္ ၃၁သန္းနဲ႔ လင္ဒီေလာ့ဖ္ကို ေခးယူခဲ့တာျဖစ္ပါတယ္။ ျပီးခဲ့တဲ့ရာသီမွာ လင္ဒီေလာ့ဖ္က အသင္းအတြက္ ၃၁ပြဲအထိ ကစားေပးခဲ့ျပီး ၁ ဂိုးသြင္းယူေပးထားခဲ့ပါတယ္။ အသက္ ၂၅ႏွစ္အရြယ္ ေနာက္ခံလူဟာ ယူႏိုက္တက္ေနာက္တန္းမွာ အဓိကကစားသမားတစ္ဦးျဖစ္ျပီး မက္ဂြိဳင္းယားနဲ႔ တြဲဖက္ျပီး ပြဲထြက္ေနရတာျဖစ္ပါတယ္။

ဆိုးလ္ရွားကလည္း လင္ဒီေလာ့ဖ္ကို အသင္းမွာဆက္လက္ထိန္းသိမ္းထားဖို႔ ဆႏၵရွိေနျပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ တြန္းအားေပးေနတယ္လို႔ သိရပါတယ္။ အိုးထရက္ဖို႔ဒ္မွာ လင္ဒီေလာ့ဖ္ကို ကာလရွည္ျမင္ေတြ႕ရဦးမွာျဖစ္ျပီး ကစားသမားရဲ႕ ေအးဂ်င့္ကလည္း စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးေနတယ္လုိ႔ အတည္ျပဳသြားခဲ့ပါတယ္။

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗဟိုနောက်ခံကစားသမားလင်ဒီလော့ဖ်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် လစာ (၂)ဆတိုးမြှင့်ပေးချေပြီး စာချုပ်သစ်ချုပ်ဆိုသွားဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ လင်ဒီလော့ဖ်အနေနဲ့ စာချုပ်သစ်မှာ စုစုပေါင်း ပေါင် ၄၆.၈သန်းအထိ ခံစားခွင့်ရရှိမယ်လို့လည်း သိရပါတယ်။

ဆွီဒင်လက်ရွေးစင်နောက်ခံလူကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းက ကြိုးစားနေလို့ ယူနိုက်တက်ဘက်က အခုလို စာချုပ်သစ်ပြင်ဆင်လာတာဖြစ်ပါတယ်။ လက်ရှိမှာ လင်ဒီလော့ဖ်က တစ်ပတ်လုပ်ခပေါင် (၇၅၀၀၀)သာ ရရှိနေတာဖြစ်ပြီး စာချုပ်သစ်မှာတော့ တစ်ပတ်လုပ်ခပေါင်တစ်သိန်းခွဲအထိ ရရှိမှာဖြစ်တယ်လို့လည်း Mirror က ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၇ ခုနှစ်မှာ ဘင်ဖီကာကနေ ပေါင် ၃၁သန်းနဲ့ လင်ဒီလော့ဖ်ကို ခေးယူခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ လင်ဒီလော့ဖ်က အသင်းအတွက် ၃၁ပွဲအထိ ကစားပေးခဲ့ပြီး ၁ ဂိုးသွင်းယူပေးထားခဲ့ပါတယ်။ အသက် ၂၅နှစ်အရွယ် နောက်ခံလူဟာ ယူနိုက်တက်နောက်တန်းမှာ အဓိကကစားသမားတစ်ဦးဖြစ်ပြီး မက်ဂွိုင်းယားနဲ့ တွဲဖက်ပြီး ပွဲထွက်နေရတာဖြစ်ပါတယ်။

ဆိုးလ်ရှားကလည်း လင်ဒီလော့ဖ်ကို အသင်းမှာဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေပြီး စာချုပ်သစ်ချုပ်ဆိုဖို့ တွန်းအားပေးနေတယ်လို့ သိရပါတယ်။ အိုးထရက်ဖို့ဒ်မှာ လင်ဒီလော့ဖ်ကို ကာလရှည်မြင်တွေ့ရဦးမှာဖြစ်ပြီး ကစားသမားရဲ့ အေးဂျင့်ကလည်း စာချုပ်သစ်အတွက် ဆွေးနွေးနေတယ်လို့ အတည်ပြုသွားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။