မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမားေဟာင္းအို၀င္ဟားဂေရ႕ဗ္က ေႏြရာသီမွာ ယူႏိုက္တက္၀ယ္ယူခဲ့တဲ့ ကစားသမားသစ္ (၃)ဦးရဲ႕ ပြဲဦးထြက္ေျခစြမ္းေတြကို ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။ ခ်ယ္လ္ဆီးနဲ႔ပြဲမွာ ခံစစ္ပိုင္းကို အေကာင္းဆံုးကစားသြားျပခဲ့တဲ့ ၀မ္ဘစ္စ္ကာနဲ႔ မက္ဂြိဳင္းယားတို႔ရဲ႕ ေျခစြမ္းကို ဟားဂေရ႕ဗ္က သေဘာက်ေနခဲ့ပါတယ္။
Virgil van Dijk talks after Liverpool Super Cup win
ဒ့ါအျပင္ အသင္းအတြက္ အႏိုင္ဂိုးတစ္ဂိုးကို လူစား၀င္လာျပီး သြင္းယူေပးခဲ့တဲ့ ဒန္နီရယ္ဂ်ိမ္းစ္ရဲ႕ လ်င္ျမန္မႈက သူ႔ကို အံ့ၾသမင္သက္ေစခဲ့တယ္လို႔လည္း ဟားဂေရ႕ဗ္က ဆိုခဲ့ပါတယ္။ ဂ်ိမ္းစ္ဟာ အသင္းအတြက္ ပြဲဦးထြက္ကစားေပးခဲ့ရတဲ့ ပြဲမွာ မိနစ္အနည္းငယ္သာ ကစားခြင့္
ရခဲ့ေပမယ့္ ပြဲသိမ္းဂိုးကို ညာေျခနဲ႔ ကန္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။
“ လူငယ္ကစားသမားတစ္ေယာက္အေနနဲ႔ ေတာ္ေတာ္ေလးကို ေကာင္းမြန္တဲ့ အခိုက္အတန္႔ပါပဲ၊ သူ႔ရဲ႕ ေအာင္ပြဲခံမႈက ယူႏိုက္တက္ဟာ မိသားစုဆန္တယ္ဆိုတာကို ခင္ဗ်ားတို႔ ေတြ႕ခဲ့ရမွာပါ၊ သူ အရမ္းစိတ္လႈပ္ရွားေနခဲ့ပါတယ္၊ ဒါေပမယ့္လည္း သူ႔အတြက္ ဒါက ၾကီးမားတဲ့
အခိုက္အတန္႔ကာလပါပဲ၊ အရန္ခံုကထလာခဲ့ျပီးေနာက္ သူ႔ရဲ႕ ျမန္ဆန္မႈက တကယ္ကို ထိတ္လန္႔စရာပါပဲ”
“ ဟယ္ရီမက္ဂြိဳင္းယား နဲ႔ အာရြန္၀မ္ဘစ္စ္ကာတို႔ကလည္း အေကာင္းဆံုးကစားသမားႏွစ္ဦးျဖစ္ခဲ့ပါတယ္၊ ေပးဂိုးမရွိခဲ့ဘူး၊ သူတို႔ေတြ ဒီလိုမ်ိဳးရလဒ္ကို ျပီးခဲ့တ့ဲႏွစ္က မ်ားမ်ားစားစားမရခဲ့ပါဘူး၊ ပရိသတ္ေတြအတြက္ အစေကာင္းခဲ့ျပီး ေမွ်ာ္လင့္ခ်င္စရာလည္းျဖစ္လာခဲ့ပါတယ္” လို႔ အို၀င္ဟားဂေရ႕ဗ္က ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။
Unicode Version
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းအိုဝင်ဟားဂရေ့ဗ်က နွေရာသီမှာ ယူနိုက်တက်ဝယ်ယူခဲ့တဲ့ ကစားသမားသစ် (၃)ဦးရဲ့ ပွဲဦးထွက်ခြေစွမ်းတွေကို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ပွဲမှာ ခံစစ်ပိုင်းကို အကောင်းဆုံးကစားသွားပြခဲ့တဲ့ ဝမ်ဘစ်စ်ကာနဲ့ မက်ဂွိုင်းယားတို့ရဲ့ ခြေစွမ်းကို ဟားဂရေ့ဗ်က သဘောကျနေခဲ့ပါတယ်။
ဒ့ါအပြင် အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို လူစားဝင်လာပြီး သွင်းယူပေးခဲ့တဲ့ ဒန်နီရယ်ဂျိမ်းစ်ရဲ့ လျင်မြန်မှုက သူ့ကို အံ့သြမင်သက်စေခဲ့တယ်လို့လည်း ဟားဂရေ့ဗ်က ဆိုခဲ့ပါတယ်။ ဂျိမ်းစ်ဟာ အသင်းအတွက် ပွဲဦးထွက်ကစားပေးခဲ့ရတဲ့ ပွဲမှာ မိနစ်အနည်းငယ်သာ ကစားခွင့်
ရခဲ့ပေမယ့် ပွဲသိမ်းဂိုးကို ညာခြေနဲ့ ကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
“ လူငယ်ကစားသမားတစ်ယောက်အနေနဲ့ တော်တော်လေးကို ကောင်းမွန်တဲ့ အခိုက်အတန့်ပါပဲ၊ သူ့ရဲ့ အောင်ပွဲခံမှုက ယူနိုက်တက်ဟာ မိသားစုဆန်တယ်ဆိုတာကို ခင်ဗျားတို့ တွေ့ခဲ့ရမှာပါ၊ သူ အရမ်းစိတ်လှုပ်ရှားနေခဲ့ပါတယ်၊ ဒါပေမယ့်လည်း သူ့အတွက် ဒါက ကြီးမားတဲ့
အခိုက်အတန့်ကာလပါပဲ၊ အရန်ခုံကထလာခဲ့ပြီးနောက် သူ့ရဲ့ မြန်ဆန်မှုက တကယ်ကို ထိတ်လန့်စရာပါပဲ”
“ ဟယ်ရီမက်ဂွိုင်းယား နဲ့ အာရွန်ဝမ်ဘစ်စ်ကာတို့ကလည်း အကောင်းဆုံးကစားသမားနှစ်ဦးဖြစ်ခဲ့ပါတယ်၊ ပေးဂိုးမရှိခဲ့ဘူး၊ သူတို့တွေ ဒီလိုမျိုးရလဒ်ကို ပြီးခဲ့တဲ့နှစ်က များများစားစားမရခဲ့ပါဘူး၊ ပရိသတ်တွေအတွက် အစကောင်းခဲ့ပြီး မျှော်လင့်ချင်စရာလည်းဖြစ်လာခဲ့ပါတယ်” လို့ အိုဝင်ဟားဂရေ့ဗ်က ချီးကျူးပြောဆိုသွားခဲ့ပါတယ်။