အသင္းေဖာ္ဖာမီႏိုေၾကာင့္ ကံေကာင္းခဲ့ရတယ္လို႔ ၀န္ခံလိုက္တဲ့ မာေနး

‘Man United still need two or three players’ – Solskjaer

လီဗာပူးလ္တိုက္စစ္မွဴးဆာဒီယုိမာေနးက အသင္းေဖာ္ဖာမီႏိုဟာ ဥေရာပစူပါဖလားကို ဆြတ္ခူးဖို႔ထိုက္တန္တဲ့ ကစားသမားလို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။ အစၥတန္ဘူလ္မွာ ကစားခဲ့တဲ့ ပြဲမွာ လီဗာပူးလ္က ခ်ယ္လ္ဆီးကို ပင္နယ္တီအဆံုးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့ျပီး ဆာဒီယိုမာေနးက အသင္းအတြက္ သြင္းဂိုး ၂ဂိုး သြင္းယူေပးႏိုင္ခဲ့ပါတယ္။

Highlights – Hertha BSC vs SV Werder Bremen

ဒါေပမယ့္လည္း အဆိုပါပြဲမွာ ဖာမီႏို ၀င္ေရာက္လာခဲ့ျပီး မာေနးအတြက္ သြင္းဂိုး ၂ဂိုးဖန္တီးေပးႏိုုင္ခဲ့တာလည္းျဖစ္ပါတယ္။ ဒီအတြက္ မာေနးက အသင္းေဖာ္ကို ခ်ီးက်ဴးစကားေျပာဆိုခဲ့ျပီးေတာ့ သူ႔အေနနဲ႔ ဖာမီႏိုေၾကာင့္ ကံေကာင္းခဲ့ရတယ္လို႔လည္း ၀န္ခံေျပာဆိုသြားခဲ့ပါတယ္။ မာေနးဟာ ဖာမီႏိုေၾကာင့္ ကစားရေခ်ာင္ခဲ့ျပီး ေနရာလြတ္ေတြရခဲ့ကာ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

“ ရိုးရိုးသားသားေျပာရရင္ ကၽြန္ေတာ္ကံေကာင္းခဲ့တယ္လို႔ ထင္ပါတယ္၊ ကၽြန္ေတာ္ဂိုးေတြသြင္းႏိုင္ခဲ့တဲ့အတြက္ အသင္းေဖာ္ေတြကို ေက်းဇူးတင္ပါတယ္၊ အထူးသျဖင့္ ဖာမီႏိုပါ၊ သူ ဂိုးသြင္းႏိုင္ခဲ့သင့္ေပမယ့္ ကၽြန္ေတာ့္ကို ဦးစားေပးခဲ့ပါတယ္၊ ဒါက ကၽြန္ေတာ္တို႔ လီဗာပူးလ္မွာ ဘယ္လိုေတြကစားခဲ့လဲဆိုတာပါပဲ”

“ ကၽြႏ္ေတာ္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ကူညီခဲ့ျပီး ဒီအတြက္လည္း အျမဲတမ္းေပ်ာ္ရႊင္ေနရပါတယ္၊ ဒါက အသင္းကိုလည္း ပိုျပီးေတာင့္တင္းေစတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္” လုိ႔ မာေနးက ေျပာသြားခဲ့ပါတယ္။ မာေနးကေတာ့ အားလပ္ရက္က ျပန္လာခဲ့ျပီး အသင္းအတြက္ ျပန္ကစားေပးရတဲ့ ပထမဆံုးပြဲမွာပဲ ဂိုးေတြသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

Unicode Version

လီဗာပူးလ်တိုက်စစ်မှူးဆာဒီယိုမာနေးက အသင်းဖော်ဖာမီနိုဟာ ဥရောပစူပါဖလားကို ဆွတ်ခူးဖို့ထိုက်တန်တဲ့ ကစားသမားလို့ ချီးကျူးသွားခဲ့ပါတယ်။ အစ္စတန်ဘူလ်မှာ ကစားခဲ့တဲ့ ပွဲမှာ လီဗာပူးလ်က ချယ်လ်ဆီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဆာဒီယိုမာနေးက အသင်းအတွက် သွင်းဂိုး ၂ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အဆိုပါပွဲမှာ ဖာမီနို ဝင်ရောက်လာခဲ့ပြီး မာနေးအတွက် သွင်းဂိုး ၂ဂိုးဖန်တီးပေးနိုုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီအတွက် မာနေးက အသင်းဖော်ကို ချီးကျူးစကားပြောဆိုခဲ့ပြီးတော့ သူ့အနေနဲ့ ဖာမီနိုကြောင့် ကံကောင်းခဲ့ရတယ်လို့လည်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ မာနေးဟာ ဖာမီနိုကြောင့် ကစားရချောင်ခဲ့ပြီး နေရာလွတ်တွေရခဲ့ကာ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

“ ရိုးရိုးသားသားပြောရရင် ကျွန်တော်ကံကောင်းခဲ့တယ်လို့ ထင်ပါတယ်၊ ကျွန်တော်ဂိုးတွေသွင်းနိုင်ခဲ့တဲ့အတွက် အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်၊ အထူးသဖြင့် ဖာမီနိုပါ၊ သူ ဂိုးသွင်းနိုင်ခဲ့သင့်ပေမယ့် ကျွန်တော့်ကို ဦးစားပေးခဲ့ပါတယ်၊ ဒါက ကျွန်တော်တို့ လီဗာပူးလ်မှာ ဘယ်လိုတွေကစားခဲ့လဲဆိုတာပါပဲ”

“ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကူညီခဲ့ပြီး ဒီအတွက်လည်း အမြဲတမ်းပျော်ရွှင်နေရပါတယ်၊ ဒါက အသင်းကိုလည်း ပိုပြီးတောင့်တင်းစေတယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ မာနေးက ပြောသွားခဲ့ပါတယ်။ မာနေးကတော့ အားလပ်ရက်က ပြန်လာခဲ့ပြီး အသင်းအတွက် ပြန်ကစားပေးရတဲ့ ပထမဆုံးပွဲမှာပဲ ဂိုးတွေသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။